
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၃၀.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၀: ၀၀) ဘိုကလေးမြို့နယ်ရှိ “ဟိန်းသူရ” ဆန်ဆိုင် သို့ ဆန်လက်ကျန်စာရင်း ကွင်းဆင်းကောက်ယူခဲ့ပါသည်။
မြို့နယ်တာဝန်ခံက Myro တွင် စပါး တင်း(၂၅၀၀) ၊ဆန်အိတ်(၅၀၀) နှင့်အထက်သိုလှောင်ထားရှိပါက မှတ်ပုံတင်ထားရှိရမည်ဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ဆန်/စပါးလက်ကျန်များအား စာရင်းကောက်ယူ၍ စိစစ်တင်ပြရကြောင်း၊ My ro တွင် ဖြည့်သွင်းထားရှိသည့် စာရင်းနှင့် မြေပြင်လက်ကျန်အမှန်တို့ကို စာရင်းသွင်းကောက်ယူ ကွင်းဆင်းစိစစ်လျက်ရှိကြောင်း ဆွေးနွေးပြောဆိုခဲ့မှုအပေါ်သတင်းရရှိပါသည်။
(Doca ဧရာဝတီ)
