Main menu

ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု) သွားရောက်စစ်ဆေးခြင်း

Powered by Drupal

      ၂၉-၁၀-၂၀၂၅ ရက်နေ့၊ နံနက်၁၀:၀၀နာရီအချိန်၌  စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေး‌ရေးအရာရှိ ဦးနေဝေယံဦး (လက်ထောက်ညွှန်ကြား‌‌ရေး မှူး)ဦးဆောင်၍ ဝန်ထမ်း(၄)ဦးတို့သည် ယောက်သွားအင်းရပ်ကွက်၊ ပျဉ်းမနား- တောင်ညိုလမ်း၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ATOM ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)လုပ်ငန်း သို့ သွားရောက်၍ ဦးစားပေးစောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ကို အထူးဈေးကွက် စောင့်ကြည့်စစ်ဆေးရန် ညွှန်ကြားထားမှုနှင့် ပတ်သက်၍ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက် ဝန်ဆောင်မှု)ကဏ္ဍကို အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

       ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ကဏ္ဍနှင့်စပ်လျဉ်း၍ စစ်ဆေးခဲ့ရာတွင် နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့်ဆက်သွယ်ရေးကဏ္ဍအားလုံး အတွက် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရန်၊ အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်မှုအပေါ် စားသုံးသူစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်မှုရှိ/ မရှိနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာ များသို့ ညွှန်ကြားထားသည့်အချက်များအား လိုက်နာမှုရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူနစ်နာ မှုမရှိစေရေးအတွက် သိသင့်သိထိုက်သည်များအား အသိပညာပေးခဲ့ပါကြောင်း သတင်းရရှိခဲ့ပါ သည်။

DOCA(ပြည်ထောင်စုနယ်မြေ)