Main menu

နေပြည်တော်စားသုံးသူရေးရာကော်မတီ၏ (၄/ ၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Powered by Drupal

        (၁၄.၁၀.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး၌ နေပြည်တော်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းဦးဆောင်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှု များအတည်ပြုခြင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစည်များ ဆွေးနွေးခြင်း၊ လမ်းညွှန်ခြင်းနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးတို့အတွက် နေပြည်တော်စားသုံးသူရေးရာ ကော်မတီ၏(၄/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများဖြင့်  ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)