
စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင် (ဦးစီးမှူး)သည် ၂၃-၁၀-၂၀၂၅ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၌ “စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများ၊ ကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချရာတွင် ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ၊ Online မှတ်ပုံတင် ဆောင်ရွက်ခြင်းများ အကြောင်း” (Talk Show) ဆွေးနွေးပြောကြားခဲ့ပါသည်။
စားသုံးသူကာကွယ်ရေးအကြောင်း ဆွေးနွေးပြောကြားရာတွင် စားသုံးသူကာကွယ်ရေးအတွက် အဓိကကျသော စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင် အဓိပ္ပါယ်သတ်မှတ်ချက် စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်တို့အကြား ကော်မတီနှင့်ကော်မရှင် အဆင့်ဆင့်တို့မှ ချမှတ်ပေးသော မျှတမှုရှိသော လုပ်ငန်းစဥ်အကြောင်း စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးလျှင် သိရှိလိုက် နာရမည့် ကုန်အညွှန်းအမှတ်အသားအတွက် ဦးစီးဌာနမှ ပြဌာန်းထားသည့် အခန်း(၁၈)၊ ပုဒ်မ (၄၁)၊ ဥပဒေများအကြောင်းနှင့် Online မှကုန်ပစ္စည်းများ ရောင်းချလျှင် Online မှတ်ပုံတင် ဆောင်ရွက်ရမည့် အကြောင်း (Talk Show) ဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)
