
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ဦးစီးမှူး၏ လမ်းညွန်မှုဖြင့် ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး နှင့်ဝန်ထမ်းများသည် (၃၀.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန ၏ Consumer Call Center နှင့်စပ်လျဉ်း၍ သိရှိလိုသူ ပြည်သူ ၄ဦးအား အသိပညာပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန်၊ တိုင်ကြားနိုင်ရန်နှင့် သိရှိလိုသည်များကို Consumer Call Center (1535) သို့ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်းမှာ ခေါ်ဆိုမေးမြန်းနိုင်ကြောင်းဆွေးနွေးပြောကြားခဲ့ရာ စားသုံးသူပြည်သူ ဒေါ်ခြူးရွှေဇင်က အွန်လိုင်းဝန်ဆောင်မှုများနှင့်စပ်လျဉ်းသည့်အကြောင်းအရာများကိုလည်းကောင်း၊ ဒေါ်ရီရီဝင်းက စီးပွားရေးလုပ်ငန်းရှင် လုပ်ငန်းစဉ်နှင့် လိုက်နာရမည့် အကြောင်းအရာများကိုလည်းကောင်း၊ ဒေါ်မေသူကျော် က တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒေါ်အေးမြမြသင်း က စားသုံးသူအခွင့်အရေးနှင့်စပ်လျဉ်း၍ သိလိုသည်များ မေးမြန်းရန် Consumer Call Center (1535) ခေါ်ဆိုပုံများကို လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆို၍ မေးမြန်းခဲ့ပါသည်။ အဆိုပါ ဖုန်းခေါ်ဆိုမှုအပေါ် စားသုံးသူရေးရာဦးစီးဌာန၊ Consumer Call Center မှ တာဝန်ရှိသူ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
