Main menu

ရွာသစ်ကုန်း မူလတန်းကျောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတ‌နော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများသည် (၃၀.၁၀.၂၀၂၅)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ပန်းတနော်မြို့နယ် ရွာသစ်ကုန်း ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းမုန့်ဈေးရောင်းချသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပါသည်။
            အဆိုပါအသိပညာပေး ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်ကျော်သက်(မြို့နယ်တာဝန်ခံ)က စားသုံးသူကာကွယ်ဥပဒေ ပြဌာန်း ပေါ်ပေါက်လာပုံအကြောင်း၊ ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ အသိပညာပေးဟောပြောပွဲ များဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် များအား ဟောပြောဆွေးနွေးခြင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံး မှုများဖြစ်ပေါ် လာပါက အရေးဆိုတိုင်ကြားနိုင်သည့် အခြေအနေများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံး စွဲရာတွင် သေချာစွာစိစစ်ကြည့်ရှု့ဝယ်ယူရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကိုသာ စားသုံးကြရန်၊ အစားအစာများ၊ အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူစား သောက်သုံးစွဲရာ တွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါသော၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်လို အပ်ပါကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ် လာလျှင် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ နေရာများနှင့် ဌာန၏ Call Center No.1535 သို့လည်း လက်တွေ့ခေါ်ဆိုစေ၍ အသိပညာဟောပြောဆွေးနွေးခဲ့ပါသည်။
ဟောပြောပွဲသို့ ဆရာ/ဆရာမ(၅)နှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)