Main menu

မအူပင်မြို့နယ် အမှတ် ၁ရပ်ကွက် ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

             မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ စားသုံးသူများ မိမိအခွင့်အရေးအပြည့်အဝရရှိနိုင်စေရန်အတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း၊ မြေပြင်ကွင်းဆင်းစစ် ဆေးခြင်းလုပ်ငန်းများ တို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ  မအူပင်မြို့ အမှတ်(၁) ရပ်ကွက်၌ မအူပင်ခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။

                 ဟောပြောဆွေးနွေးပွဲတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး  ဦး‌အောင်ဇော်ဦး က တက်ရောက်လာသည့် ရပ်ကွက်သူ/ရပ်ကွက်သားများအား စားသုံးသူ ကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူ များနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ် များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြား နိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါ ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ရပ်ကွက်သူ/ ရပ်ကွက်သားများ စုစုပေါင်း(၁၅)ဦး တက်ရောက် ခဲ့ကြပြီး တက်‌ရောက်လာသော ရပ်ကွက်သူ/ရပ်ကွက်သားများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)