
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက် ပါကုန်အညွှန်း အမှတ်အသားပြည့်စုံစွာထည့်သွင်း ဖော်ပြလာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ဈေးကွက် များပိုမို ရရှိစေရန်ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာပေးလျက်ရှိပါသည်။
ပခုက္ကူခရိုင်အနေဖြင့် အောက်တိုဘာလအတွင်း ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့ အမှတ်(၃/၁၁/၁၅)ရပ်ကွက်ရှိ မြေပဲဆုံဆီလုပ်ငန်း၊ အမှတ်(၁၁)ရပ်ကွက်ရှိ လက်ဖက်လုပ်ငန်း၊ အမှတ်(၃)ရပ်ကွက်ရှိ ငါးမုန့်ခြောက်၊ တို့ဟူးခြောက်၊ ဆန်ခွေစိမ်းလုပ်ငန်းရှင်များထံသို့ တွေ့ဆုံမှု(၇)ကြိမ်၊ ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် စည်ပင်သာယာရပ်ကွက်ရှိ စိုက်ပျိုးရေးဆေးပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံသို့ တွေ့ဆုံမှု (၁)ကြိမ်၊ စုစုပေါင်းလုပ်ငန်းရှင် တွေ့ဆုံမှု (၈)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)
