
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒုဦးစီးမှူး) နှင့်ဝန်ထမ်းများသည် (၆-၁၁-၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ် (NEWDAY) စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ယနေ့ရောင်းဈေးတစ်လီတာလျှင်(92-၂၇၀၅ကျပ်)၊ (95-၂၈၀၀ကျပ်)၊ (HSD-၂၄၅၅ကျပ်)၊ (PHSD-၂၉၉၀ကျပ်)တို့ဖြင့် စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများ အားစစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
