
ကမ္ဘောဒီးယားနိုင်ငံ၏ ဒီဇယ်လောင်စာ၊ ဓာတ်ဆီနှင့် သဘာဝဓာတ်ငွေ့ စုစုပေါင်းတင်သွင်းမှုသည် ၂၀၂၅ ခုနှစ်၊ ပထမ ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၂.၀၂ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၁၁.၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကာလအတွင်း ဒီဇယ်လောင်စာတင်သွင်းမှုအတွက် ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁.၀၇ ဘီလီယံ သုံးစွဲခဲ့ပြီး ယခင်နှစ်ထက် ၁၁ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ ဓာတ်ဆီအတွက် အမေရိကန်ဒေါ်လာ ၆၇၅ သန်း ၁၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းနှင့် သဘာဝဓာတ်ငွေ့အတွက် အမေရိကန်ဒေါ်လာ ၂၇၅ သန်း ၀.၃၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)
