
ကမ္ဘောဒီးယားနိုင်ငံနှင့် ကနေဒါနိုင်ငံတို့မှ နှစ်နိုင်ငံအကြီးတန်းအရာရှိများသည် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန်၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပိုမိုခိုင်မာသော ထိတွေ့ဆက်ဆံမှုနှင့် ပိုမိုကျယ်ပြန့်သော စီးပွားရေးထိတွေ့ဆက်ဆံမှုအတွက် 21-9-2025 ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး စီးပွားရေးမိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ CDC တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲသည် နှစ်နိုင်ငံစီးပွားရေးအခွင့်အလမ်းများ တိုးချဲ့ခြင်းနှင့် ကမ္ဘောဒီးယား၏ အလျင်အမြန် ပြောင်းလဲနေသော ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဝင်ရောက်လိုသော ကနေဒါရင်းနှီးမြှုပ်နှံသူများအတွက် လမ်းကြောင်းများကို ခိုင်မာစေရန် အဓိကထား ဆွေးနွေးခဲ့ကြသည်။ တွေဆုံစဉ်အတွင်း CDC ၏ ဒုတိယဥက္ကဋ္ဌ Sun Chanthol က ကနေဒါနိုင်ငံတွင် မကြာသေးမီက ပြုလုပ်ခဲ့သော ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှုလမ်းပြပွဲ၏ အပြုသဘော ဆောင်သောရလဒ်များကို ပြောကြားခဲ့ပြီး ကနေဒါစီးပွားရေးလုပ်ငန်းများအကြား ကမ္ဘောဒီးယား၏ ရင်းနှီးမြှုပ်နှံမှုအလားအလာကို သိသိသာသာ ပိုမိုကျယ်ပြန့်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး DesRoches က ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိပြုပြင်ပြောင်းလဲမှုများအပေါ် စိတ်ဝင်စားမှုကို ပြောကြားခဲ့ပြီး နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်အပေါ် ပိုမိုတိကျပြီး အပြုသဘောဆောင်သော အမြင်ကို မြှင့်တင်ရန် ကတိကဝတ်ပြုခဲ့သည်။ DesRoches က ကနေဒါအစိုးရသည် ကမ္ဘောဒီးယားနိုင်ငံနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကိုတိုးချဲ့ရန် ယခင်ကထက် ပိုမိုနီးကပ်စွာ လုပ်ဆောင်နေကြောင်း ထပ်လောင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)
