Main menu

တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်များသည် နိုဝင်ဘာလတွင် ၈.၄ ရာခိုင်နှုန်း မြင့်တက်

Powered by Drupal

           တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်များသည် semiconductor နှင့် မော်တော်ယာဉ်တင်ပို့မှုများကြောင့် ပို့ကုန်များသည် နိုဝင်ဘာလတွင် ၆ လ ဆက်တိုက်မြင့်တက်ခဲ့ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်သောအစိုးရ အချက်အလက်များအရ သိရှိရပါသည်။

        ကုန်သွယ်ရေး၊ စက်မှုနှင့် သယံဇာတ ဝန်ကြီးဌာန၏ အဆိုအရ ပို့ကုန်များသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက နိုဝင်ဘာလတွင် ၈.၄ ရာခိုင်နှုန်း မြင့်တက်ကာ အမေရိကန်  ဒေါ်လာ ၆၁.၀၄ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ဇွန်လမှစ၍ ဆက်တိုက်တိုးတက်နေခဲ့ပါသည်။

          နေ့စဉ်ပျှမ်းမျှပို့ကုန်သည် ၁၃.၃ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၂.၇၁ ဘီလီယံ အထိရောက် ရှိခဲ့ပြီး နိုဝင်ဘာလတွင် တိုးတက်မှုအမြင့်ဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ပါသည်။ နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ ၅၁.၃ ဘီလီယံ ၁.၂ ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။

    ညဏ်ရည်တုနည်းပညာများတိုးတက်လာမှုကြောင့် နိုဝင်ဘာလတွင် တစ်နှစ်တာအတွင်း semiconductor တင်ပို့မှုသည် ၃၈.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စံချိန်တင် အမေရိကန်ဒေါ်လာ ၁၇.၂၆ ဘီလီယံအထိ ရောက်ရှိခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု၏ ခိုင်မာသော ဝယ်လိုအား ကြောင့် မော်တော်ကားတင်ပို့မှုသည် ၁၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆.၄၁ ဘီလီယံ အထိ ရောက်ရှိခဲ့ပါသည်။

      အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် လက်တင်အမေရိကသို့ တင်ပို့မှုများ ကျဆင်းခဲ့သော်လည်း Asian နှင့် အ‌ရှေ့အလယ်ပိုင်းသို့ တင်ပို့မှုများတိုလာခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)