Main menu

ဆန်တန်ချိန် ၁၀၀၀၀၀ ခန့်ဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကမ်းလှမ်းမှုရရှိခဲ့သည့် ပါကစ္စတန်နိုင်ငံ

Powered by Drupal

          ပါကစ္စတန်နိုင်ငံကုန်သွယ်ရေးကော်ပိုးရေးရှင်း (TCP) သည် ဆန်တန်ချိန် ၁၀၀၀၀၀ မက်ထရစ်တန်ခန့်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝယ်ယူနိုင်ရန် ကမ်းလှမ်းမှုလက်ခံရရှိခဲ့ကြောင်း သိရပါသည်။ ဆန်အနိမ့်ဆုံးဈေးအား ကုမ္ပဏီများမှ ချမှတ်မည်ဖြစ်ကြောင်း သိရပါသည်။ TCP ၏ တင်ဒါတွင် အဖွဲ့ဝင် ၁၁ ဦးပါဝင်မည်ဖြစ်ပြီး ဆန်တန်ချိန် ၁ တန်လျှင် အမေရိကန်‌ဒေါ်လာ ၃၉၇.၂၅ မှ ၄၂၄.၈၀ ခန့် ကျသင့်မည်ဖြစ်ကြောင်း သိရပါသည်။ အရောင်းအဝယ်အေးနေသော ပြည်တွင်း ဈေးနှုန်းများအကြားတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တင်သွင်းမှုတင်ဒါများ ပြုလုပ်လျက် ရှိကြောင်း သိရပါသည်။ TCP သည် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အသွယ်ဆန်များ တင်ပို့ရန် စီစဉ်လျက် ရှိကြောင်းနှင့် ဆန်ဈေးနှုန်းများကို တင်သွင်းလွှာအတည်ပြုမှုအပြီး ၂၁ ရက်အတွင်း တရားဝင် ချမှတ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ဆန်တင်ပို့မှုများကို စာချုပ်ချုပ်ဆိုအပြီး ၄၅ ရက်အတွင်း တင်ပို့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ကုန်သည်များက အဆိုပါတင်ဒါခေါ်ယူခြင်းသည် ပါကစ္စတန်နိုင်ငံမှ ဆန်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဈေးကွက်အတွင်း ဝင်ရောက်နိုင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Dawn                                                                           

DOCA (ရန်ကုန်)