Main menu

ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်း နိုဝင်ဘာလတွင် အနည်းငယ်တိုးတက်လာ

Powered by Drupal

       ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် အခြေအနေများ ငြိမ်သက်နေသော်လည်း ပို့ကုန်အမှာစာအသစ်များ ကျဆင်းနေရာမှ အမှာစာအသစ်များ စံချိန်တင်နှုန်းဖြင့် ပြန်လည်မြင့်တက်လာသောကြောင့် နိုဝင်ဘာလတွင် ဆက်လက်တိုးချဲ့ခဲ့ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သော အချက်အလက်များအရ သိရှိရပါသည်။

      S&P Global ၏ အဆိုအရ ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်မှုအညွှန်းကိန်း (PMI) သည် ပြီးခဲ့သည့်လက ၅၆.၈ သို့ ရောက်ရှိခဲ့ပြီး အောက်တိုဘာလမှ ရှိခဲ့သော ၅၆.၆ မှ အနည်းငယ် တက်လာခဲ့ကာ လုပ်ငန်းလည်ပတ်မှုအခြေအနေများ ခုနစ်လဆက်တိုက် တိုးတက်မှုနှင့် နှစ်နှစ်ခွဲအတွင်း အပြင်းထန်ဆုံးနှုန်းကို ပြသခဲ့သည်။

       PMI အညွှန်းကိန်း ၅၀ အထက်ရှိခြင်းက ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးချဲ့လာသည်ကို ဖော်ပြပြီး ၅၀ အောက်ရှိခြင်းက ကျုံ့သွားသည်ကို ဖော်ပြသည်။

         ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ စစ်တမ်းစတင်ခဲ့ချိန်မှစ၍ အလျင်မြန်ဆုံးနှုန်းဖြင့် တိုးလာသော စီးပွားရေးလုပ်ငန်းအသစ်များ ဝင်ရောက်လာမှုကြောင့် ထုတ်လုပ်မှုတွင် မြင့်တက်မှုကို ဖြစ်စေခဲ့ကြောင်း S&P Global မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

         ကုန်ထုတ်လုပ်ထားသော ပစ္စည်းများအတွက် လိုအပ်ချက် တိုးလာသည်နှင့်အမျှ ထုတ်လုပ်သူများသည် လုပ်ငန်းပမာဏများပြားလာခြင်းကို ထိန်းထားနိုင်ရန်နှင့် ဝယ်ယူမှုလုပ်ငန်းများ တိုးချဲ့နိုင်ရန် အပိုဝန်ထမ်းများ ခန့်ထားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)