
ကာဇက်စတန်နိုင်ငံသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလကုန်အထိ သီးနှံသစ် တန်ချိန် ၃.၁ သန်း တင်ပို့ခဲ့ရာ ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၄.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း နိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ကာဇက်စတန်မှ ဥဇဘက်ကစ္စတန်သို့ သီးနှံတင်ပို့မှုသည် တန်ချိန် ၁.၀၆၆ သန်းမှ ၁.၄၁၆ သန်းသို့ ၃၂.၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ကာဂျစ္စတန်သို့ တင်ပို့မှုသည် တန်ချိန် ၄၄,၀၀၀ မှ ၉၀,၀၀၀ သို့ နှစ်ဆတိုးခဲ့ပြီး အာဖဂန်နစ္စတန်သို့ ထောက်ပံ့မှုသည် တန်ချိန် ၁၃၉,၀၀၀ မှ ၁၇၉,၀၀၀ သို့ ၂၈.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။
ယခင်စိုက်ပျိုးရေးနှစ်ဖြစ်သော ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း သီးနှံတင်ပို့မှု စုစုပေါင်းသည် တန်ချိန် ၁၃.၄ သန်း ရှိခဲ့ရာ ယခင်နှစ်ထက် ၄၇ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ပြီး သယ်ယူပို့ဆောင်ရေး ထောက်ပံ့ကြေးများက အထောက်အကူပြုခဲ့သည်။ ကာဇက်စတန်သည် လက်ရှိရာသီတွင်လည်း ဤတင်ပို့မှုအဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းရန် ရည်ရွယ်ထားပြီး သယ်ယူပို့ဆောင်ရေး ထောက်ပံ့ကြေးများကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့အထိ သက်တမ်းတိုးမြှင့်ထားသည်။ နိုင်ငံသည် စျေးကွက်အသစ်များစွာသို့လည်း တင်ပို့မှုစတင်နေပြီဖြစ်ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
