
မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်တည်သီးများဝင်ရောက်မှုများပြားကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ တည်သီး ၁ လုံးလျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်၊ အလုံး(လတ်) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊အလုံး (သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ကျပ် စျေးတို့ ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစား အပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ နတ်တော်လတွင် ဘုရား ပွဲတော်များ၊အလှူပွဲများ ကျင်းပ သည့်အချိန်ဖြစ်သည့်အတွက် မန္တလေးစျေးကွက်တွင် တည်သီး များအရောင်းသွက်လျက်ရှိကြောင်း စျေးချိုတော်ရှိ သစ်သီး ရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
