
မန္တလေးစျေးကွက်သို့ ဒီဇင်ဘာလပထမပတ်အတွင်း မန္တလေးတိုင်းဒေသကြီး ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ် တို့မှ ဂေါ်ရခါးသီးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ ဂေါ်ရခါးသီးစျေးမှာ အနည်းငယ်ကျဆင်းသွား ကြောင်းသိရှိရပါသည်။၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်နေသည့်စျေးနှုန်း များမှာ ဂေါ်ရခါးသီး ၁၀လုံးလျှင် လက္ကားစျေး ၂၀၀၀ ကျပ်နှင့် ၂၅၀၀ ကျပ်၊လက်လီစျေး ၃၀၀၀ ကျပ်နှင့် ၄၀၀၀ ကျပ်စျေးတို့ ဖြစ် ပေါ်လျှက်ရှိပြီး၊ အလုံးအရွယ် အစား အပေါ်မူတည်၍ စျေးအနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရပါ သည်။ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်း သီးနှံဝင် ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter(၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀)စီးနှင့်(၆၀)စီး အကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
