Main menu

အရောင်းသွက်လျက်ရှိသည့် မန္တလေးဇီးသီးစျေးကွက်

Powered by Drupal

   စျေးကွက်အတွင်းသို့ ဒီဇင်ဘာလပထမပတ်အတွင်း ပုသိမ်ကြီးမြို့နယ်နှင့် စဉ့်ကိုင်မြို့ နယ်တို့မှထွက်သည့်ဇီးသီးများ ဝင်ရောက်လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ဇီးသီးမှာမန္တလေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်အများအပြားစိုက်ပျိုးသည့်သီးနှံ တစ်မယ်ဖြစ်ပါသည်။ မန္တလေးမြို့၊သစ်သီးစျေးကွက်တွင် ၂၀၂၅ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် ဇီးပန်းသီး(ဇီးကြက်ဥ) ၁၀ လုံးလျှင် ၁၃၀၀၀ ကျပ်နှင့် ၁၅၀၀၀ ကျပ်၊ ဇီးသီး (ထိုင်ဝမ်) တစ်ပြည်လျှင် ၄၀၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်း ရတနာပုံ စျေးရှိ သစ်သီး ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)