
မန္တလေးမြို့၊ နန်းရှေ့ဈေး၌ရောင်းချနေသော ကျွဲကောသီးများကို ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် မော်လမြိုင်မြို့တို့မှဝယ်ယူ၍ ရောင်းချကြောင်း သိရှိရသည်။ ကျွဲကောသီး ဝယ်ယူစားသုံးပါက တောင်ကြီးမြို့နှင့် မော်လမြိုင်မြို့တို့မှ ထွက်ရှိသောအသီးသည် အရည်အသွေး ကောင်းပြီး ရွေးချယ်ဝယ်ယူစားသုံးပါက အကောင်းဆုံးဖြစ်ကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ရောင်းချနေသော ကျွဲကောသီးလက်လီတစ်လုံးလျှင် (၄၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။ ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်များသောကြောင့် ကိုယ်အလေး ချိန် ထိန်းသိမ်းရန် အထောက်အကူပြုခြင်းကြောင့် စားသုံးမှုများကြောင်း၊ ယခု ဒီဇင်ဘာလဆန်းပိုင်းတွင် ကျွဲကောသီးတစ်လုံးှင် (၅၀၀၀/၆၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း သစ်သီးရောင်းချ သူ၏ ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)
