Main menu

ဗီယက်နမ်၏ ငရုတ်ကောင်း တင်ပို့မှုသည် ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ကျော်လွန်ခဲ့

Powered by Drupal

        ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်း တင်ပို့မှုသည် ယခုနှစ် ပထမ ၁၁ လအတွင်း အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံကျော် ရှိခဲ့ကြောင်း ဗီယက်နမ် ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင် အဖွဲ့၏ထုတ်ပြန်ချက်ကို ကိုးကား၍ ဗီယက်နမ် သတင်းအေဂျင်စီက ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖော်ပြခဲ့သည်။

        အဆိုပါကာလအတွင်း ငရုတ်ကောင်း တန်ချိန် ၁၉၂,၈၉၉ တန်နှင့် ငရုတ်ကောင်းဖြူ တန်ချိန် ၃၂,၁၁၀ တန် တင်ပို့နိုင်ခဲ့သည်။ ငရုတ်ကောင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၂၅ ဘီလီယံနီးပါးရရှိခဲ့ပြီး ငရုတ်ကောင်းဖြူသည် အမေရိကန်ဒေါ်လာ ၂၆၂ သန်းကျော် ရရှိခဲ့သည်။

       အမေရိကန်သည် ဗီယက်နမ်ငရုတ်ကောင်းတင်ပို့မှုအတွက် အကြီးမားဆုံးဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်းတင်ပို့မှု၏ ၂၁.၇ ရာခိုင်နှုန်း သို့မဟုတ် ၄၈,၈၄၉ တန်ရှိကြောင်း အစီရင်ခံစာအရ သိရသည်။

Source: Xinhua                                                                         

DOCA (ရန်ကုန်)