
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမ ၁၁ လအတွင်း ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်အဖွဲ့ (RCEP) နိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၈,၈၅၀ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်ကာလတူက အမေရိကန်ဒေါ်လာ ၈,၃၅၀ သန်းထက် ၅.၉၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၃-၁၂-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ၂၀၂၅ ခုနှစ်၊ ပထမ ၁၁ လအတွင်း RCEP နိုင်ငံများသို့ ကမ္ဘောဒီးယား၏ စုစုပေါင်းတင်ပို့မှုသည် အမေရိကန် ဒေါ်လာ ၂၈,၃၆၈ သန်းရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ RCEP နိုင်ငံများမှ အမေရိကန်ဒေါ်လာ ၂၇,၅၃၆ သန်းတန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ် ကာလတူ အမေရိကန်ဒေါ်လာ ၂၃,၁၀၆ သန်းထက် ၁၉.၁၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါကိန်းဂဏန်းများကြောင့် နိုင်ငံတော်၏ RCEP နှင့် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၆,၃၈၆ သန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ကာလတူက အမေရိကန် ဒေါ်လာ ၅၉,၁၃၂ သန်း၏ ၆၁.၅၃ ရာခိုင်နှုန်းအထိရောက်ရှိလာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ RCEP သို့ တင်ပို့ရာတွင် ကမ္ဘောဒီးယား ထုတ်ကုန်များအတွက် ဖြည့်စွက်ဈေးကွက်တစ်ခုဖြစ်လာသည့် ဒေသတွင်းလွတ်လပ်သော ကုန်သွယ်ရေးအဖွဲ့သို့ ကမ္ဘောဒီးယား၏ ပို့ကုန်များ ပေါင်းစည်းမှုကို ကိန်းဂဏန်းများက ထင်ဟပ်စေသည်ဟု ဝန်ကြီးဌာန၏ အတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း၏ ဒုတိယဥက္ကဋ္ဌ Lim Heng က RCEP သဘောတူညီချက်သည် ပြည်တွင်းဈေးကွက်လိုအပ်ချက်များကို ထောက်ပံ့ရုံသာမက ကမ္ဘောဒီးယားပို့ ကုန်များအတွက်ပါ ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြင်ခြင်းတို့အတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် တွန်းအားတစ်ခုဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: Khmer Times
DOCA (ရန်ကုန်)
