
ဘူးညွှန့်ဆိုသည်မှာ ဘူးပင်၏အရွက်ပင်ဖြစ်သည်။ နွယ်တက်တတ်ပြီး အရွက်မှာအစိမ်း ရောင်ဖားဖားလေးများဖြစ်ပြီး အရွက်များနှင့် ရိုးတံများတွင် အမွှေးပါးပါးဖြူဖြူလေးများ ပါရှိတတ်သည်။ အရသာသည် နု၍လတ်ဆက်လျှင်ချိုပါသည်။ ရိုးတံလေးများကို အရွက်လေးများကိုပါသေချာသန့်စင်၍ ပြုတ်စားခြင်း၊ ကြော်စားခြင်းစသည်ဖြင့်ပြုလုပ်၍ စားသုံးနိုင်ပါသည်။ ဘူးညွှန့်လေးများကိုစားသုံးပေးခြင်းအားဖြင့် ဝိတ်ကျစေခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းများကို သက်သာစေနိုင်ခြင်း၊ အစာခြေစနစ်ပြဿနာများကို ကင်းစေခြင်း၊ ဝမ်းမှန်စေခြင်း၊ အပူများကိုငြိမ်းစေခြင်း၊ နှလုံးကိုကျန်းမာစေခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
ထိုကဲ့သို့ ကျန်းမာရေးအတွက် များစွာအကျိုးပြုလှသော ဘူးညွှန့်လေးများအား ပဲခူးမြို့ရှိစျေးများတွင် ဘူးညွှန့်လတ်လတ်ဆက်ဆက်လေးများကို တစ်စည်းလျှင်(၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
