Main menu

ဝါတွင်းကာလဖြစ်သည့်အတွက် သပြေငုတ်များ အရောင်းသွက်လျှက်ရှိ

Powered by Drupal

           ဗုဒ္ဓဘာသာမြန်မာလူမျိုးများ  ဘုရားပန်းကပ်လှူပူဇော်သည့်အခါ  အောင်အိုးများတွင်  အောင် သပြေပန်းမှာ မပါမဖြစ် ကပ်လှူပူဇော်လေ့ရှိပါသည်။ စျေးကွက်တွင် အောင်သပြေဟုအခေါ်များ သည့်  ရိုးရိုး သပြေညွန့်အပြင်၊ သပြေငုတ်များကို တူးရောင်းသော သပြေငုတ်နှင့် ရဲရဲတောက်နေသည့် အာဆီယံသပြေစသော သပြေပန်းမျိုးစုံကို ရောင်းချလျှက်ရှိပြီး ရာသီမရွေးလည်းစိုက်ပျိုးနိုင်ပါသည်။ သပြေပန်းပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး ရေကိုကြိုက်နှစ်သက်သောကြောင့် ရေကိုအလွယ် တကူရရှိ နိုင်သည့်နေရာဒေသများ၌သာ စိုက်ပျိုးသင့်ပါသည်။သပြေပန်းအမျိုးအစားများစွာထဲမှ သပြေငုတ်ကို လူကြိုက်များရသည့်အကြောင်းအရင်းမှာ သပြေငုတ်သည် တာရှည်ခံခြင်း၊ တစ်ဆင့် ပြန်လည် စိုက်ပျိုး နိုင်ခြင်းကြောင့်ဖြစ်ပါသည်။ သပြေငုတ်သည် အပင် အကြီး၊အသေး၊အလတ် နှင့် လက်လီ/ လက်ကား ပေါ်မူတည်၍ ကွဲပြားမှုရှိပါသည်။ တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် သပြေငုတ် အကြီး(ရှယ်) တစ်ငုတ်လျှင် လက်လီဈေး ၂၅၀၀ ကျပ်၊ လက်ကားဈေး တစ်ငုတ်လျှင် ၂၃၀၀ ကျပ်၊ သပြေငုတ် (အလတ်) တစ်ငုတ်လျှင် လက်လီဈေး ၁၆၀၀ ကျပ်၊ လက်ကားဈေး တစ်ငုတ်လျှင် ၁၃၀၀ ကျပ်၊ သပြေငုတ်(အသေး) တစ်ငုတ်လျှင် လက်လီဈေး ၁၀၀၀ ကျပ်၊ လက်ကားဈေး တစ်ငုတ်လျှင် ၈၀၀ ကျပ်ဖြင်းရောင်းချလျှက်ရှိပြီး ဝါတွင်းကာလဖြစ်သည့်အတွက် ပုံမှန်ကာလများထက် အရောင်းသွက်လျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)