Main menu

ဇီးချဉ်သီး စျေးကောင်းနေ

Powered by Drupal

        မိတ္ထီလာခရိုင်အတွင်း ဇီးချဉ်သီးပင်ကို သီးသန့်အနေနှင့် ဂရုပြုစိုက်ပျိုးရန်မလိုအပ်ဘဲ လယ်ကန်သင်းများတွင် အလေ့ကျပေါက်လေ့ရှိပါသည်။ ဇီးချဉ်သီးမှာ စျေးကွက်တွင် ဆိတ်စားဇီးသီး၊ ရိုးရိုးအချဉ် သီးဟူ၍ ရှိပါသည်။ ဇီးချဉ်သီးမှာ ဒီဇင်ဘာလမှစ၍ ကောက်သိမ်းနိုင်ပြီး၊ ဖေဖော်ဝါရီ၊မတ်လများအထိ ကောက်သိမ်းနိုင်ပါသည်။ ဇီးချဉ်ပင်မှရရှိသော ဇီးသီးအမှည့်ကို စျေးကွက်သို့ မူလအတိုင်းသော်လည်းကောင်း၊ တောင်သူမှ တစ်ပိုင်တစ်နိုင်မွေးမြူထားသော ဆိတ်များအားအစာအဖြစ် ကျွေးမွေးပြီးနောက် ရရှိသော ဇီးစေ့ခွံများအား ဆိတ်စား ဇီးသီးအဖြစ်လည်းကောင်း ရောင်းချကြပါသည်။ ယခုနှစ်တွင် ဇီးသီးစျေးမှာ (၉၀၀၀ မှ ၁၀၀၀၀) ကျပ်အထိရှိခဲ့ပြီး ဆိတ်စားပြီးနောက် ရရှိသော ဆိတ်စားဇီးသီးမှာ တစ်တင်းလျှင် လက်ရှိပေါက်စျေး (၄၃၀၀၀) ကျပ်ရှိသဖြင့် သီးနှံရာသီကုန်ဆုံးလုနီးသော ယခုလိုကာလအတွက်တောင်သူများ အကျိုးဖြစ်ထွန်းကာ လုပ်သားများအတွက်အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်ကြောင်း သိရသည်။ ထို့ပြင် ဇီးချဉ်သီးမှာ အသီး၊ အသားများကို တိရိစ္ဆာန်အစာ၊ အခွံကို မီးမွှေးရန်တို့ အတွက်ဒေသတွင် အသုံးပြုကြကာ ဇီးသီးဝက်ဆံမှာ မူဆယ်လမ်းကြောင်းမှ နှစ်စဉ် ဝယ်လိုအားရှိသဖြင့် ပြည်တွင်း/ပြည်ပကုန်သွယ်မှုကို မြှင့်တင်နိုင်သော သီးနှံဖြစ်ကြောင်း စျေးကွက်မှသိရသည်။

DOCA(မန္တလေး)