Main menu

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

          တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာ ထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(70.000)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(3.000)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ သန်း(73.000)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ အထိ(၁၀)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၈.867)၊ သွင်း ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၅.၀၇0)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(1၃.75၇)ဆောင်ရွက် နိုင်ခဲ့ပါသည်။ 2023ခုနှစ်၊ ဖေဖော်ဝါရီလ(၁7)ရက်နေ့အထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (0.၇၆၇)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၀၆၆) စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိ ကန်ဒေါ်လာသန်း(0.833) ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၁၁)လတာကာလအတွင်း စုစုပေါင်း ပို့ကုန် ပမာဏ အမေရိကန်ဒေါ်လာသန်း(၉.၄၅၄)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၅.၁၃၆)၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (1၄.၅၉၀)ဖြစ်၍ (၁)နှစ်စာ လျာထားချက်အပေါ်  (၁9.986)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ 2022ခုနှစ်၊ ဧပြီလမှ 2023ခုနှစ်၊ ဖေဖော်ဝါရီလ (၁7)ရက်နေ့အထိ (၁၁)လတာ လျာထားချက်အပေါ် (2၂.797)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ် ကုန် သွယ်ရေးစခန်း၏ စာရင်းများအရ သိရှိရပါသည်။

              အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ မြေပဲဆံ၊ ကြက်သွန်နီ၊ နန့်ဖာလုံ ကုန်စုံ၊ ငရုတ်ကောင်းနှင့် စီးကရက်(အမျိုးမျိုး)တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့် ဆံပင်တို့ ဖြစ်ကြောင်း သိရပါသည်။

       တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့် အညီ ကုန်သွယ်မှုတွင် ကြုံတွေ့နေရသော အခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခြင်းများဖြင့် ကုန်သွယ်မှု လျှင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက် ပြည့်မီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)