Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

စင်ကာပူနိုင်ငံတွင် စက်သုံးဆီလက်လီဈေးနှုန်းများ မြင့်တက်လာမှုအပေါ် အနီးကပ်စောင့်ကြည့်လျှက်ရှိခြင်း

          ယူကရိန်း-ရုရှားပဋိပက္ခကြောင့်  ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာချိန်တွင်  စင်ကာပူနိုင်ငံရှိ စက်သုံးဆီရောင်းချသော ကုမ္ပဏီများအကြား ယှဉ်ပြိုင်မှုကိုဆန့်ကျင်သည့် ဆောင်ရွက်ချက်များ မပြုလုပ်စေရန် စင်ကာပူ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင်(CCCS) က စက်သုံးဆီ လက်လီ ဈေးနှုန်းများအပေါ် အနီးကပ်စောင့်ကြည့်နေသည်ဟု ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး၏ ပြောကြား ချက်အရ သိရှိရကြောင်း၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင်  ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် စက်သုံးဆီကုမ္ပဏီများက ဈေးနှုန်းတိုးမြှင့်ရောင်းချခဲ့ကြခြင်းသည် အကျိုးအကြောင်းဆီလျော်မှု ရှိ/ မရှိ၊ စက်သုံးဆီကုမ္ပဏီများသည် လက်ရှိဖြစ်ပေါ်နေသောအခြေအနေမှ အမြတ်ထုတ်နေမှု ရှိ/မရှိ သေချာစေရန် ဝန်ကြီးဌာနအနေဖြင့် မည်သို့ဆောင်ရွက်လျှက်ရှိသည်ကို သိရှိလိုကြောင်း စင်ကာပူ ပါလီမန်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဉီးက မေးမြန်းခဲ့ရာ စက်သုံးဆီရောင်းချမည့် ဈေးနှုန်း များကို ကုမ္ပဏီများအကြား  ညှိနှိုင်းတိုးမြှင့်သတ်မှတ်ခြင်းကဲ့သို့သော  စီးပွားရေးလုပ်ငန်းပြိုင်ဆိုင်မှု ကို ဆန့်ကျင်သည့် ဆောင်ရွက်ချက်များပြုလုပ်နေသည်ဟု အထောက်အထားများရရှိလျှင် CCCS မှ စုံစမ်းစစ်ဆေး၍  ယှဉ်ပြိုင်မှုအက်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဝန်ကြီးက ပြည်လည်ဖြေကြားခဲ့ကြောင်း၊ ရုရှား-ယူကရိန်းစစ်ပွဲ မဖြစ်ပွားမီကပင်  နှစ်ဖက်တင်းမာမှု မြင့်တက် ခဲ့သဖြင့် ၂၀၂၂ ခုနှစ် နှစ်ဉီးပိုင်းမှစ၍ ကမ္ဘာ့ရေနံဈေးနှုန်းနှင့် ပြည်တွင်းစက်သုံးဆီပန့်ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း၊ လက်ရှိ ဓါတ်ဆီနှင့် ဒီဇယ်ဆီ ဈေးနှုန်းများ မြင့်တက်လာနေခြင်းသည် ပြီးခဲ့ သောလများအတွင်း ရေနံစိမ်းဈေးနှုန်းမြင့်တက်လာခဲ့သည်ကို ထင်ဟပ်နေကြောင်း၊ စက်သုံးဆီ သုံးစွဲသူများအနေဖြင့်  လက်လီပန့်ဈေးနှုန်းများကိုနှိုင်းယှဉ်သော website “Fuel Kaki”အား ကိုးကား အသုံးပြုနိုင်သည်ဟု ဝန်ကြီးကပြောကြားခဲ့ကြောင်း၊ စင်ကာပူတွင် ကားအမျိုးအစားအများစု အသုံး ပြုနိုင်သည့် 92 octane ဓါတ်ဆီဈေးနှုန်းများမှာ တစ်လီတာလျှင် စင်ကာပူဒေါ်လာ ၃ ‌ဒေါ်လာ အထက်သို့ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-စင်ကာပူမြို့စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

တောင်အာဖရိက လိမ္မော်သီးလုပ်ငန်းကဏ္ဍ

          ရုရှားဈေးကွက်သို့ နိုင်ငံများစွာက ပြီးခဲ့သော ရက်သတ္တပတ်အတွင်း လတ်ဆတ်သစ်သီးများ တင်ပို့ခြင်းမရှိသည့်အတွက်  တောင်အာဖရိကနိုင်ငံ၏ အစောပိုင်းထွက်ရှိမည့် သံပုရာသီးများအား သင်္ဘောတင်ပို့နိုင်ရေးကိုထိခိုက်နိုင်ကြောင်း၊လိမ္မော်သီးစိုက်ပျိုးသူများအသင်း၏ အလုပ်အမှုဆောင် အရာရှိချုပ်က ရုရှားပြဿနာဆက်လက်ဖြစ်ပေါ်နေပါက ပို့ကုန်တင်ပို့သည့်ရာသီစတင်မည့် ဧပြီ လ တွင် အခြားသီးနှံများဖြစ်သော ကျွဲကောသီးနှင့် အခြားအခွံပျော့ လိမ္မော်သီး အမျိုးအစားသီးနှံများ တင်ပို့မှုကိုလည်း ထိခိုက်နိုင်မည်ဖြစ်ကြောင်း၊ မော်ရိုကို ၊တူရကီနှင့် အီဂျစ်နိုင်ငံတို့သည်လည်း ရုရှား သို့ လိမ္မော်သီးအမျိုးနွယ်သီးနှံစုံ များစွာတင်ပို့နေသည့်နိုင်ငံများဖြစ်ရာ အဆိုပါနိုင်ငံများ၏ ရုရှား သို့ တင်ပို့မှုလည်း ထိခိုက်နေကြောင်း၊ အဓိကပြဿနာမှာ အဆိုပါနိုင်ငံများမှ ဈေးကွက်သို့ ပိုမိုတင်ပို့ သည့်အတွက် ဈေးကွက်၌ပစ္စည်းများစုပုံခြင်းကိုဖြစ်ပေါ်စေပြီး  တောင်အာဖရိကနိုင်ငံ၏အစောပိုင်း သီးနှံထွက်ရှိမည့်ရာသီအတွက် ထိခိုက်နိုင်မည်ဟုပြောကြားထားကြောင်း၊ တောင်အာဖရိကနိုင်ငံ သည် ရုရှားဈေးကွက်သို့ လိမ္မော်သီးအမျိုးနွယ်သီးနှံများ စုစုပေါင်းတင်ပို့မှု၏ ၇ % မှ ၁၀ % အထိ နှစ်စဉ်တင်ပို့လျှက်ရှိပြီး ယခင်နှစ်တွင် ၁၅ ကီလိုဂရမ်ဆံ့ သီးနှံစက္ကူဗူးပေါင်း ၁၁.၂ သန်းအထိ တင်ပို့ နိုင်ခဲ့ကြောင်း၊ရုရှားနိုင်ငံသို့ငွေပေးချေမှုကန့်သတ်ချက်များနှင့် ရုရှားငွေကြေးရူဘယ်တန်ဖိုး ကျဆင်း မှုကြောင့် ရုရှားဈေးကွက်သို့ တင်ပို့သူများအတွက်  ဆုံးရှုံးမှုကြီးနိုင်သည့်ဈေးကွက်ဖြစ်နေကြောင်း၊ ယူကရိန်းဈေးကွက်သည် တောင်အာဖရိကနိုင်ငံအတွက်  တင်ပို့မှု တိုးတက်ဆဲဈေးကွက်ဖြစ်သော် လည်း လက်ရှိဖြစ်ပေါ်နေသည့်ပြဿနာကြောင့် ကုန်သွယ်မှုရပ်တန့်နေကြောင်း၊ ယူကရိန်းသို့ တင်ပို့ သူနိုင်ငံအချို့သည်  အဆိုပါဈေးကွက်သို့ သွယ်ဝိုက်တင်ပို့နိုင်ရေး ကြိုးစားလျှက်ရှိကြောင်း၊ လက်ရှိ အခြေအနေများကြောင့် တောင်အာဖရိက လိမ္မော်သီးနှံ စိုက်ပျိုးတင်ပို့သူများအဖွဲ့သည် အစိုးရအား လက်ရှိစိန်ခေါ်မှုများကိုထည့်သွင်းစဉ်းစား၍ ဈေးကွက်အသစ်များရရှိရေး ညှိနှိုင်းဆွေးနွေးပေးရန် တောင်းဆိုထားကြောင်း၊ရုရှားနှင့်ယူကရိန်းနိုင်ငံတို့အကြားပြဿနာကြောင့် စက်သုံးဆီနှင့်ဓါတ်ငွေ့ ဈေးနှုန်းများ ဆက်လက်မြင့်တက်နေသကဲ့သို့ ကမ္ဘာ့ဓါတ်မြေဩဇာတင်ပို့မှု၏ ၁၄ % သည်  ရုရှား နိုင်ငံ၌ ပိတ်မိနေသဖြင့် ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆိုင်ရာဓါတုဗေဒဈေးနှုန်းများ ဆက်လက်မြင့် နိုင်မည့်အခြေအနေဖြစ်ပေါ်လျှက်ရှိပြီး လိမ္မော်သီးစိုက်ပျိုးသူများအပေါ် ထပ်မံ၍ ဝန်ထုပ်ဝန်ပိုး ဖြစ် စေနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ပရီတိုးရီးယားမြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

စက်သုံးဆီအပေါ် အခွန်ကောက်ခံမှုရပ်တန့်ပေးရန်တောင်းဆိုခြင်း

          တောင်အာဖရိကနိုင်ငံရှိမော်တော်ကားလုပ်ငန်းလုပ်ကိုင်သူများအဖွဲ့နှင့်စိုက်ပျိုးရေးလုပ်ကိုင်သူများအဖွဲ့က အစားအစာနှင့်စက်သုံးဆီများ ဈေးနှုန်းမြင့်တက်နေမှုကြောင့်ဖြစ်ပေါ်နေသည့် ဖိစီးမှု များကိုဖြေလျှော့နိုင်ရန် အစိုးရအနေဖြင့် စက်သုံးဆီအပေါ်အခွန်ကောက်ခံနေမှုကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ တောင်အာဖရိကနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးက  ၂၀၂၂ ခုနှစ် ဘတ်ဂျတ်အတွင်း စက်သုံးဆီနှင့် လမ်းမပေါ်တွင် အက်ဆီးဒင့်ဖြစ်ပေါ်မှုအပေါ် ကောက်ခံသည့်အခွန် တိုးမြှင့်ခြင်းမပြု လုပ်ရန်ကြေငြာခဲ့သော်လည်း လက်လီစားသုံးဆီရောင်းချရမှု၏ ၃၆ % သည် ဈေးနှုန်းမြင့်တက်မှု ဒဏ်ကို ခံစားနေရပြီဖြစ်ကြောင်း၊ စက်သုံးဆီဈေးနှုန်း မြင့်တက်လာရခြင်းအကြောင်းတစ်ခုသည် အမေရိကန်သမ္မတက ရုရှားနိုင်ငံမှစက်သုံးဆီနှင့် ဂတ်စ်တင်သွင်းမှုအားလုံးပိတ်ပင်ကြောင်း ကြေငြာ ပြီးနောက် ဆိုးရွားလာခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဥရောပနိုင်ငံများအနေဖြင့်လည်း ရုရှားနိုင်ငံမှ စက်သုံးဆီနှင့် ဂတ်စ်တင်သွင်းမှုအား ပိတ်ပင်ရန်စီစဉ်လျှက်ရှိကြောင်း၊ တောင်အာဖရိကနိုင်ငံ စွမ်းအင်ဘုံရန်ပုံငွေအဖွဲ့က ဧပြီလအတွင်း စက်သုံးဆီဈေးနှုန်းသည် တစ်လီတာလျှင် ရန်း  ၄၀ အထိ မှတ်တမ်းတင်မြင့်တက်နိုင်ရန် ခန့်မှန်းထားကြောင်း၊ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုသည် တောင် အာဖရိကနိုင်ငံ အိမ်ထောင်စုများ၏ နေထိုင်စားသောက်မှု ကုန်ကျစရိတ်အပေါ် တိုက်ရိုက်ထိခိုက်မှု ရှိရာ ထိုသို့ဖြစ်ပေါ်နေမှုသည် အလုပ်လက်မဲ့မှုနှုန်းလျော့ကျစေရေးနှင့်ဆင်းရဲမှုပပျောက်ရေးကြိုးစား နေမှုမျှော်လင့်ချက်ကို ပျောက်ဆုံးစေကြောင်း၊ UNCTAD အတွင်းရေးမှူးချုပ်က ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် ကိုဗစ် ကူးစက်ပြန့်ပွားမှုရောဂါဖြစ်ပွားမှု၊ ကြွေးမြီမြင့်တက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ လက်ရှိ အစားအစာ၊ စက်သုံးဆီနှင့် ငွေကြေးဆိုင်ရာအခက်အခဲများကြောင့် ကုန်သွယ်မှုလျော့ကျ၍ ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်နိုင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများကျဆင်းခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ပြောကြားထားကြောင်း၊ကမ္ဘာ့ဂျုံဈေးနှုန်းနှင့် စိုက်ပျိုးရေးသွင်းအားစုဈေးနှုန်းများမြင့်တက်မှုကြောင့် ထိခိုက်နေသည့် အနည်းငယ်သာစိုက်ပျိုးလုပ်ကိုင်နိုင်သည့် လယ်သမားများနှင့် အစားအစာဈေးနှုန်း မြင့်တက်မှုကြောင့် ထိခိုက်နေသည့်စားသုံးသူများကိုပံ့ပိုးနိုင်ရန် အစိုးရအနေဖြင့် စက်သုံးဆီအပေါ် လက်ရှိကောက်ခံနေသောအခွန်အား အရေးပေါ်ဖြေရှင်းပေးမှုအနေဖြင့် ရပ်တံ့‌‌‌ပေးရန်တောင်းဆို ထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ပရီတိုးရီးယားမြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

စားသုံးဆီတင်သွင်းနိုင်မည့် အရင်းအမြစ်များ လေ့လာနေသည့် အိန္ဒိယနိုင်ငံ

          ပြည်တွင်းသို့ နေကြာဆီများ အဓိကဝယ်ယူတင်သွင်းသည့် ကုန်သွယ်ဘက်နိုင်ငံဖြစ်သော ယူကရိန်းနိုင်ငံထံမှ  သွင်းအားစုပြတ်လပ်မှုနှင့် ကြုံတွေ့နေရချိန်၌ စားသုံးဆီဖူလုံမှုရှိစေရေးအတွက်  အိန္ဒိယအစိုးရသည် တောင်အမေရိကဒေသနှင့် အရှေ့တောင်အာရှဒေသရှိ နိုင်ငံများနှင့် ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်လျှက်ရှိကြောင်း၊ ပြည်တွင်း၌ အရန်စားသုံးဆီများစုဆောင်းထားသော်လည်း အစိုးရအနေဖြင့် စားသုံးဆီတင်သွင်းရန်အတွက် အခြားသောအရင်းအမြစ်များကို လေ့လာရှာဖွေ လျှက်ရှိသည်ဟု အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနကပြောကြားခဲ့ကြောင်း၊နိုင်ငံတကာ နေကြာဆီအသင်းမှ ဥက္ကဋ္ဌဖြစ်သူက အိန္ဒိယနိုင်ငံ၏လစဉ်နေကြာဆီစားသုံးမှုမှာ တန်ချိန် ၂ သိန်းခန့်ရှိကြောင်း၊ ဖေဖော်ဝါရီလအတွင်း အိန္ဒိယနိုင်ငံသို့တင်ပို့သည့် နေကြာဆီပမာဏမှာ တန်ချိန် ၁.၅ သိန်းခန့်ရှိ သော်လည်း မတ်လအတွက် မှန်းဆရန်ခက်ခဲကြောင်း၊ အိန္ဒိယနိုင်ငံအတွက် နေကြာဆီ ပိုမိုဝယ်ယူ တင်သွင်းရန် ရွေးချယ်နိုင်သည့် အခြားသောဈေးကွက်မှာ အာဂျင်တီးနားနိုင်ငံဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အာဂျင်တီးနားနိုင်ငံမှနေကြာဆီတင်သွင်းရန် စာချုပ်များချုပ်ဆိုမှုကို တိုးမြှင့်ဆောင်ရွက်လျှက်ရှိကြောင်း၊ အကယ်၍ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရူပီး-ရူဘယ်ငွေကြေးစနစ်ဖြင့် ကုန်သွယ်နိုင်ပါက ရုရှားနိုင်ငံထံမှ နေကြာဆီ တင်သွင်းရယူနိုင်ချေရှိကြောင်း၊ ရုရှား-ယူကရိန်း နှစ်နိုင်ငံအပစ်အခတ်ရပ်စဲခဲ့ပါက ယူကရိန်းနိုင်ငံထံမှ နေကြာဆီများသင်္ဘောတင်ပို့မှုကို ပြန်လည်စတင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပေါ်မှုကြောင့် နေကြာဆီ သွင်းအားစုအပိုင်း ပုံပျက်ယွင်းမှုနှင့်အတူ အိန္ဒိယပြည်တွင်း၌ နေကြာဆီဈေးနှုန်းများ မြင့်တက်လျှက်ရှိသကဲ့သို့ စားအုန်းဆီ နှင့် ပဲပုတ်ဆီတို့၏ ဈေးနှုန်းများသည်လည်း လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်ကစတင်၍ မြင့်တက်လာသော်လည်း ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှုရှိသော မုံညင်းဆီနှင့် မြေပဲဆီတို့၏ ဈေးနှုန်းများမှာ အထိုက်အလျောက်တည်ငြိမ်လျှက်ရှိကြောင်း၊ အိန္ဒိယ ဆီကြိတ်ခွဲ ထုတ်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ အမှုဆောင်ဒါရိုက်တာက ပြည်တွင်းဈေးကွက်၌ ဆီမုံညင်း တန်ချိန် သိန်း ၁၁၀ ခန့် ထွက်ရှိနိုင်ဖွယ်ရှိသည့်အပြင် ဆီကြိတ်ပဲပုတ်သည်လည်း တန်ချိန် သိန်း ၇၀ မှ ၈၀ ထိ ထွက်ရှိနိုင် ကြောင်း၊ ယူကရိန်းပဋိပက္ခဖြစ်ပေါ်မှုက ပြည်တွင်းဈေးကွက်၌ စားသုံးဆီများ ဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေသော်လည်း ကုန်စည်ပြတ်လပ်မှုဖြစ်ပေါ်နိုင်မည်မဟုတ်ကြောင်း၊ နေကြာဆီအား အစားထိုး သုံးစွဲနိုင်မည့်စားအုန်းဆီမှာမူ အင်ဒိုနီးရှားနိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒပြောင်းလဲမှုကြောင့် ဈေးနှုန်းများ မြင့်တက်ခဲ့သည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

ဈေးနှုန်းများတည်ငြိမ်စေရန် အစီအမံများ ချမှတ်လုပ်ဆောင်လျှက်ရှိခြင်း

          တရုတ်နိုင်ငံသည် နိုင်ငံတကာတွင် ဖြစ်ပေါ်လျှက်ရှိသည့် မသေချာမှုများနှင့် ဈေးနှုန်းများ မြင့်တက်ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးလုပ်ငန်းများတွင် အဓိကအသုံးပြုရသည့် ကျောက်မီးသွေး၊ သံရိုင်း စသည့်ကုန်စည်များ၏ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက်  ဈေးကွက်အတွင်း ဈေးနှုန်းနှင့်ပတ်သက်သည့် စီမံ‌ဆောင်ရွက်မှုများအား ပိုမိုခိုင်မာကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (National Development and Reform Commission-NDRC)က ထုတ်ပြန်ခဲ့ရာ ကျောက်မီးသွေး ဈေးကွက်ရှိ ဈေးနှုန်းသတ်မှတ်ရေးအစီအမံအား ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် တရုတ်နိုင်ငံ၏ ကျောက်မီးသွေးလုပ်ငန်းအပါအဝင် ဈေးကွက်များအား လုပ်ထုံးလုပ်နည်းများ၊ ကြီးကြပ်ကွပ်ကဲမှုများ ပိုမိုခိုင်မာအားကောင်းစေမည်ဖြစ်ကြောင်း၊ အကယ်၍ ကျောက်မီးသွေးဈေးနှုန်းအား သင့်တော်သည့်အနေအထားအတွင်း ထိန်းသိမ်းထားနိုင်ပါက လျှပ်စစ်ဈေးနှုန်းများ ပြောင်းလဲမှုမရှိစေရန် ထိရောက်စွာ ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း ၊တရုတ်နိုင်ငံ ၏ ကျောက်မီးသွေးထုတ်လုပ်ထွက်ရှိမှုသည် နိုင်ငံလိုအပ်ချက်၏ ၉၀% ထက်ကျော်လွန်သည့်အတွက် ပြည်တွင်းလိုအပ်ချက်ပြည့်မီစေမည်ဟုဖော်ပြထားကြောင်း၊ ထိုကဲ့သို့ပင် ဈေးကွက်အတွင်း သံရိုင်း ဝယ်လိုအားနှင့်ရောင်းလိုအား တည်ငြိမ်လျက်ရှိသော်လည်း ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကြောင့် ဆိပ်ကမ်းများ၌ သံရိုင်းများ အလွန်အမင်း စုပုံထားရှိခြင်းကို တားဆီးသည့်အနေဖြင့် ဆိပ်ကမ်း၌အခမဲ့ထိန်းသိမ်းထားနိုင်သည့်ကာလအားလျှော့ချ၍ ထိန်းသိမ်းစောင့်ရှောက်ခကိုလည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ သံရိုင်းကုန်သည်များအနေဖြင့် ဆိပ်ကမ်း၌စုပုံနေသည့် သံရိုင်းများအား လာရောက်ထုတ်ယူရေးကိုလည်း တွန်းအားပေးဆောင်ရွက်သွားမည်ဟု  NDRC မှ ကြေငြာချက် ထုတ်ပြန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံတွင် သံရိုင်းဈေးနှုန်းပြောင်းလဲမှုများကြောင့် တရုတ်အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ(၂၈)ရက်နေ့မှစ၍ ဈေးကွက်အတွင်း သံရိုင်းဈေးနှုန်း တည်ငြိမ်စေရေးအတွက် တစ်လတာကာလအတွင်း၌ သံရိုင်းနှင့်ပတ်သက်သည့် ကြေငြာချက်(၆)ခုထုတ်ပြန်ခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ပေကျင်းမြို့ စီးပွားရေးသံမှူး‌ပေးပို့သည့်သတင်း)

ပီလောပီနံတင်ပို့မှုအလားအလာကောင်းမွန်မည်ဟုမျှော်လင့်

          ကမ္ဘာ့ဝယ်လိုအား မြင့်တက်လာမှုနှင့် သီးနှံဈေးနှုန်းများ မြင့်တက်မှုတို့ကြောင့် ယခုနှစ် အတွက် ထိုင်းနိုင်ငံ၏ ပီလောပီနံတင်ပို့မှုအလားအလာ ကောင်းမွန်မည်ဟုမျှော်လင့်ရကြောင်း၊ ပီလောပီနံမူဝါဒနှင့် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီးနောက်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက ၂၀၂၁ ခုနှစ်တွင် ပြည်ပသို့ ပီလောပီနံ ပြည်ပတင်ပို့မှုအနေဖြင့် (၄၈.၄၁%) တိုးတက်ခဲ့ပြီး ဘတ်ငွေအားဖြင့် (၁၂၃.၂)ဘီလီယံ ရရှိခဲ့ရာ ယခု ၂၀၂၂ ခုနှစ်တွင် ပီလောပီနံပြည်ပတင်ပို့မှုကို အရှိန်အဟုန်ဖြင့်တိုးတက်လာရန်မျှော်မှန်းထားကြောင်း၊ ပြည်ပတင်ပို့မှုမှာ အရေအတွက်အားဖြင့် (၄၅.၅၈%)တိုးတက်ခဲ့ပြီး (၁၀.၃၈)သန်းတင်ပို့နိုင်ခဲ့ရာ လွန်ခဲ့သည့် နှစ်‌ပေါင်း(၁၄)နှစ် အတွင်း အမြင့်မားဆုံးတိုးတက်မှုဖြစ်ခြင်းမှာ ကမ္ဘာ့သီးနှံဈေးနှုန်း မြင့်မားခဲ့မှု နှင့် အီသနော၊အယ်လ်ကိုဟောနှင့်ဆေးဘက်ဆိုင်ရာထုတ်ကုန်များအတွက်  ဝယ်လိုအားမြင့်မားခဲ့မှု တို့ကြောင့်ဖြစ်ကြောင်း ၊ထိုင်းနိုင်ငံ၏ ပီ‌လောပီနံပို့ကုန်အတွက် အကြီးမားဆုံး ဈေးကွက်မှာ တရုတ်ဈေးကွက်ဖြစ်ပြီး ၎င်းမှာ ပြည်ပတင်ပို့မှုစုစုပေါင်း၏ (၇၀%)၊ ဂျပန်က(၈%)၊ အင်ဒိုနီးရှားနိုင်ငံက(၃%)၊ တောင်ကိုရီးယားနိုင်ငံက(၂%)နှင့် အခြားနိုင်ငံများက (၁၇%)ရှိကြောင်း၊ လက်ရှိကာလ လတ်ဆတ်သော ပီလောပီနံဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ပျမ်းမျှအားဖြင့်(၂.၅-၂.၆) ဘတ်သည် အစိုးရက လယ်သမားများအတွက် ဝင်ငွေ အာမခံချက်ပေးထားသည့် ဈေးနှုန်းနှင့် နီးစပ်မှုရှိကြောင်း၊ ဝန်ကြီးက ၎င်းအနေဖြင့် တရုတ်နိုင်ငံတွင် အီသနောထုတ်လုပ်မှုအတွက် ဝယ်လိုအားများ ဆက်တိုက်တိုးလာမှုကြောင့်  ပီလောပီနံဈေးနှုန်းအနေဖြင့်ပိုမိုတိုးတက်လာရန်မျှော်လင့်ကြောင်း၊ ၂၀၂၁-၂၀၂၂ သီးနှံရာသီ အတွက် ကမ္ဘာ့ပီလောပီနံထုတ်လုပ်မှုအနေဖြင့် (၁.၂၁%)တိုးတက်နိုင်ပြီး တန်ချိန်(၃၀၂) သန်း ရှိ နိုင်မည်ဖြစ်သော်လည်း ၂၀၂၁-၂၀၂၂သီးနှံရာသီအတွက် ထိုင်းနိုင်ငံ၏ ပီလောပီနံထုတ်လုပ်မှုမှာ ယခင် နှစ်ကရရှိခဲ့သော တန်ချိန်(၃၅.၀၉)သန်းထက် (၁%)ခန့်ကျဆင်းနိုင်ပြီး  တန်ချိန်(၃၄.၆၉)သန်း ရရှိနိုင်ခြင်းမှာ အလယ်ပိုင်းဗဟိုဒေသများတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် အချို့စိုက်ပျိုးဒေသများတွင် မိုးခေါင်မှုများကြောင့်ဖြစ်ကြောင်း၊ ပြည်တွင်း လိုအပ်ချက်မှာ တန်ချိန် (၁၂.၇) သန်းခန့် ရှိလိမ့် မည်ဟုခန့်မှန်းထားပြီး ပြည်ပတင်ပို့မှုအနေဖြင့် တန်ချိန်(၂၉.၇)သန်းခန့် ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ ကော်မတီအနေဖြင့် ဘတ်ငွေ(၄၇၄)သန်းတန်ဖိုးရှိ စီမံကိန်းပရောဂျတ်(၁၀)ခုကို အတည်ပြု‌ပေးခဲ့ပြီး အဓိကအားဖြင့် ၂၀၂၃ မှ ၂၀၂၇ ခုနှစ်အတွင်း ပီလောပီနံ ပိုးမွှားရောဂါ ပပျောက်ရေးအပေါ် အဓိက ဉီးတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပီလောပီနံမူဝါဒနှင့်စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး တွင်လယ်ယာစိုက်ပျိုးရေဉီးစီးဌာန၊ လယ်ယာစိုက်ပျိုး‌ရေးနှင့်သမဝါယမဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနဆိုင်ရာတို့အား ပီလောပီနံပင်များ အားကောင်းလာစေရန်၊ လယ်သမားများ၏ အလေအလွင့်များ လျော့နည်းစေရန်နှင့် သုတေသနနှင့်ဖွံ့ဖြိုးရေး(R&D)လုပ်ငန်းတို့ကို အရှိန်မြှင့်တင် ဆောင်ရွက်သွား ကြရန်တာဝန်ပေးအပ်ခဲ့ပြီး ပီလောပီနံရောဂါကင်းစင်စေရေး (R&D) လုပ်ငန်းအတွက်  ဘတ်ငွေ (၂၅) သန်းခွဲဝေပေးမည်ဟု အစိုးရက ကတိပြုထားကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဘန်ကောက်မြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

လယ်ယာစိုက်ပျိုးရေးထွက်ကုန်တင်သွင်းမှု ပြောင်းလဲလာနိုင်ဖွယ်ရှိ

          တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်မှစတင်၍ ယူကရိန်းနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာပြီး ၂၀၂၁ ခုနှစ်အတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁၉.၃) ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း၊ ယူကရိန်းနိုင်ငံသည် တရုတ်နိုင်ငံသို့ သံရိုင်းနှင့် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ တင်ပို့လျှက်ရှိပြီး တရုတ်နိုင်ငံမှ လျှပ်စစ်နှင့်လူသုံးကုန်ပစ္စည်းများ ဝယ်ယူ တင်သွင်းလျှက်ရှိကြောင်း၊  ယခုဖြစ်ပေါ်လျှက်ရှိသည့် အခြေအနေများကြောင့် နှစ်နိုင်ငံကုန်သွယ်မှု အပေါ် ရိုက်ခတ်မှုများဖြစ်ပေါ်လျှက်ရှိပြီး တရုတ်နိုင်ငံမှယူကရိန်းနိုင်ငံသို့ကုန်စည်တင်ပို့ရန် အမှာစာ လက်ခံရရှိမှုများသိသာစွာ ကျဆင်းလာသကဲ့သို့ သယ်ယူပို့ဆောင်ရေးအပါအဝင် အခြားကိစ္စရပ်များ အပေါ်စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်ကစတင်၍ ယူကရိန်းနိုင်ငံမှ ပြောင်းတင်သွင်းခဲ့ရာ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံသို့ ပြောင်းစုစုပေါင်း တင်သွင်းမှု၏ ၆၀% သည် ယူကရိန်းနိုင်ငံမှတင်သွင်းခြင်းဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ်ကစ၍ အမေရိကန်ပြည်‌ထောင်စုထံမှ ပြောင်းစတင်ဝယ်ယူတင်သွင်းခဲ့ခြင်းကြောင့် ယူကရိန်းနိုင်ငံမှ တရုတ် နိုင်ငံသို့ပြောင်းတင်သွင်းမှု‌ အနည်းငယ်ကျဆင်းခဲ့ကြောင်း၊တရုတ်နိုင်ငံသည် ရုရှား၊ မြန်မာနှင့်လာအိုနိုင်ငံများမှလည်း ပြောင်းအရေအတွက် အနည်းငယ် ဝယ်ယူတင်သွင်းလျှက်ရှိကြောင်း၊ လတ်တလော ကာလများတွင် တရုတ်နိုင်ငံသို့ တင်သွင်းလျှက်ရှိသည့် ပြောင်းစုစုပေါင်း၏ (၃၀%)သည် ယူကရိန်း နိုင်ငံ မှ ဝယ်ယူတင်သွင်းခြင်းဖြစ်ရာ လက်ရှိဖြစ်ပေါ်လျှက်ရှိသည့် ယူကရိန်းအရေးကြောင့် ကမ္ဘာ့ ပြောင်းနှင့် ဂျုံဈေးနှုန်းများ မြင့်တက်လာနိုင်ဖွယ်ရှိပြီး တရုတ်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးထွက်ကုန် တင်သွင်းမှုအပေါ် ရိုက်ခတ်မှုများ အတန်အသင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း လယ်ယာစိုက်ပျိုရေးကဏ္ဍ လေ့လာစောင့်ကြည့်သူများမှ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ပေကျင်းမြို့ စီးပွားရေးသံမှူး‌ပေးပို့သည့်သတင်း)

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

အထွက်နှုန်းမြင့်မားသောကောက်ပဲသီးနှံစီမံကိန်း ဆောင်ရွက်လျှက်ရှိခြင်း

          ဩစတြေးလျနိုင်ငံအရှေ့တောင်ပိုင်းရှိ ကောက်ပဲသီးနှံစိုက် တောင်သူများသည် နိုင်ငံအဆင့် ပျမ်းမျှစိုက်ပျိုးမှုထက် ငါးဆခန့်ရှိသော ဂျုံသီးနှံအမြောက်အများကို စိုက်ပျိုးသည့်အလေ့အထရှိပြီး  မကြာ‌သေးမီနှစ်များအတွင်း ဂျုံသီးနှံ အထွက်နှုန်းမှာ သိသာစွာ မြင့်တက်လာခဲ့ကြောင်း၊ တောင်ပိုင်း ဩစတြေးလျပြည်နယ် Rendelsham တွင် ဂျုံအထွက်နှုန်းမှာ တစ်ဧကလျှင် ၁၁.၇ တန် ရရှိနေပြီး ယင်းသို့အထွက်နှုန်းမြင့်တက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အထွက်နှုန်းမြင့်မားသော ကောက် ပဲသီးနှံစီမံကိန်း၏ ပံ့ပိုးမှုကြောင့်ဖြစ်ကြောင်း၊ ကောက်ပဲသီးနှံသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ကော်ပိုရေးရှင်း၏ ရန်ပုံငွေဖြင့် သုတေသနပြုထားသည့်နေရာသည် မိုးရွာသွန်းမှုမြင့်မားသောဒေသ များ၏ အလားအလာကို အမြင့်ဆုံးဖြစ်စေရန်ရည်ရွယ်ကြောင်း၊ စီမံကိန်းဉီးဆောင်သူ၏ ပြောကြား ချက်အရ ဒေသအတွင်း အထွက်နှုန်းအများဆုံး၊ ဈေးအသက်သာဆုံး၊ ရေရှည်တည်တံ့မှုအရှိဆုံး စိုက် ပျိုးနိုင်သောမျိုးစိတ်များကိုရှာဖွေရန် ဂျုံနှင့်မုယောစပါးစမ်းသပ်စိုက်ပျိုးထားသည့်အကွက် (၁၀၀၀) ခန့်ရှိကြောင်း၊စီမံကိန်း၏ ဉီးစားပေးလုပ်ဆောင်ရမည့်အချက်မှာ အအေးပို၍ စိုစွတ်သောရာသီဥတု နှင့်လိုက်ဖက်သောမျိုးကွဲများကိုရှာဖွေရန်ဖြစ်ပြီးကုန်ကျစရိတ်လျှော့ချခြင်းသည်လည်း အထွက်နှုန်း မြင့်မားသော သီးနှံစီမံကိန်း၏ ဉီးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ကောက်ပဲသီးနှံစိုက်ပျိုးသူများ အမှန်တကယ်လိုအပ်သော အထွက်နှုန်းမြင့်မားခြင်း၊ ရောဂါခံနိုင်ရည်ရှိရုံသာမက ရေရှည်ရပ်တည် နိုင်စွမ်းတို့ကို ယခုဆောင်ရွက်လျှက်ရှိသော “အထွက်နှုန်းမြင့်မားသော ကောက်ပဲသီးနှံစီမံကိန်း”မှ ရရှိရန်မျှော်မှန်းထားကြောင်းသိရှိရပါသည်။

အမျိုးသားအမှတ်တံဆိပ်အသစ်နှင့်စာတန်း ကမ္ဘာသို့မြှင့်တင်ပေးမည့်ဩစတြေးလျ

          ရင်းနှီးမြှုပ်နှံမှုနှင့်ခရီးသွားဧည့်သည်များကို  ပိုမိုဆွဲဆောင်နိုင်ရန်၊ ဩစတြေးလျနိုင်ငံ၏ ကုန် စည်နှင့် ဝန်ဆောင်မှုများကို နိုင်ငံရပ်ခြားတွင် ပိုမိုမြှင့်တင်နိုင်ရန်အတွက် အမျိုးသားအမှတ်တံဆိပ်အသစ် နှင့်စာတန်းအောက်တွင်ဈေးကွက်ရှာဖွေရေးရင်းမြစ် ၃၀၀ ကျော်ကို ဩစတြေးလျစီးပွားရေးလုပ်ငန်း များအတွက် အခမဲ့ရရှိနိုင်မည်ဖြစ်သည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားကြောင်း၊ ဖေဖော်ဝါရီလအတွင်းထုတ်ပြန်ခဲ့သည့် ဩစတြေးလျနိုင်ငံ၏ အမျိုးသားအမှတ်တံဆိပ်နှင့် Tagline သည် ယှဉ်ပြိုင်နိုင်သောနိုင်ငံတကာဈေးကွက်တွင် ဩစတြေးလျနိုင်ငံ၏ အရည်အသွေးမြင့်ကုန်စည် များနှင့်ဝန်ဆောင်မှုများ၏ ဂုဏ်သတင်းကိုချဲ့ထွင်ရန်နှင့်ကြီးထွားစေရန် ကူညီပေးမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့်စက်မှုလုပ်ငန်းသည် ဩစတြေးလျကိုကိုယ်စားပြုရန်အတွက် ခိုင်မာပြီး တသမတ်တည်းရှိသော နိုင်ငံအမှတ်တံဆိပ်ကိုအလိုရှိသဖြင့် အမျိုးသားအမှတ်တံဆိပ်နှင့် Tagline ကိုတီထွင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗဟိုအစိုးရ၊ ပြည်နယ်နှင့်နယ်မြေအစိုးရများအပြင် အကြီးတန်းစက်မှု လုပ်ငန်းကိုယ်စားလှယ် ၄၈၀ ကျော်သည် အမှတ်တံဆိပ်ဖွံ့ဖြိုးတိုးတက်မှုတစ်လျှောက်လုံး ဆွေးနွေး တိုင်ပင်ခဲ့ကြပြီး ဩစတြေးလျနှင့်နိုင်ငံရပ်ခြားရှိ လူပေါင်း ၂၂၀၀၀ ကျော်သည် ဈေးကွက်စမ်းသပ်မှု တွင်ပါဝင်ခဲ့ကြကြောင်း၊ သုတေသနပြုချက်အရ ဤ logo သည်ခေတ်မီပြီး စွမ်းရည်ပြည့်ဝသော နိုင်ငံတစ်ခု၏ ကိုယ်စားပြုအဖြစ်သတ်မှတ်ခံထားရသည်အပြင် စီးပွားရေးနှင့်စက်မှုလုပ်ငန်း၏ ကျောထောက်နောက်ခံပါရှိကြောင်းနှင့် logo နှင့်တွဲဖက်အသုံးပြုနိုင်သည့် Only in Australia ဟူ သောစာတန်းဖြင့်ဖြည့်စွက်ထားကြောင်း၊ကုန်သွယ်ရေး၊ခရီးသွားလုပ်ငန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးက ခိုင်မာသောအမှတ်တံဆိပ်တစ်ခုသည် ဩစတြေးလျ စီးပွားရေးလုပ်ငန်းများအားလုံး ယင်းတို့၏ ထုတ်ကုန်များကိုရောင်းချ‌စေနိုင်ရန်၊ ဒေသတွင်းအလုပ်အကိုင်များနှင့် စီးပွားရေးကို ပံ့ပိုးကူညီမည် ဖြစ်သည်ဟုပြောကြားခဲ့ကြောင်း၊ အမှတ်တံဆိပ်အကြံပေးကောင်စီဥက္ကဋ္ဌက ခိုင်မာသောအမျိုးသား အမှတ်တံဆိပ်သည် တန်ဖိုးကြီးသောပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီးပြည်တွင်းရင်းနှီးမြှုပ်နှံမှုကိုဆွဲ‌ဆောင်ကာ ပို့ကုန်အတွက် တန်ဖိုးတိုးစေပြီး ခရီးသွားများနှင့်ကျွမ်းကျင်သောရွှေ့ပြောင်းလုပ်သားများကို သယ် ဆောင်လာနိုင်စေမည်ဖြစ်ကြောင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော နိုင်ငံတကာဈေးကွက်တွင် ထူးခြားသော ဩစတြေးလျဇာတ်ကောင်ကိုစုစည်းပြီး ခိုင်မာသောအမျိုးသားအမှတ်တံဆိပ်ဖြင့်ထုပ်ပိုးခြင်း နှင့်  Only in Australia ဟူသောစာတန်းသည် အရည်အသွေး၊တီထွင်ဖန်တီးမှုနှင့် ဆန်းသစ်တီထွင်မှု တို့အတွက် ဩစတြေးလျ၏ ဂုဏ်သတင်းကို ချဲ့ထွင်‌စေနိုင်မည်ဟုလည်းပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

(ရင်းမြစ်- ကင်ဘာရာမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

စင်ကာပူနှင့်ဗီယက်နမ် နားလည်မှုစာချွန်လွှာ‌ရေးထိုးခြင်း

          စင်ကာပူနှင့်ဗီယက်နမ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေဆိုင်ရာပူးပေါင်းဆောင်ရွက်မှု များ ခိုင်မာအားကောင်းလာစေရန်အတွက် စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU)ကို ၂၅-၂-၂၀၂၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါ နား လည်မှုစာချွန်လွှာကို စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံ၊ စက်မှု နှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး(၂)ဉီးတို့က လက်မှတ်ရေးထိုးခဲ့ကြပြီး စင်ကာပူနိုင်ငံသို့ နိုင်ငံ တော်အဆင့်ခရီးစဉ်အဖြစ်ရောက်ရှိလာသော ဗီယက်နမ်နိုင်ငံသမ္မတနှင့် စင်ကာပူနိုင်ငံဝန်ကြီးချုပ် တို့က အသိသက်သေများအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ MoU ဖြင့် စီးပွားရေးလုပ်ငန်း များ၏ ပူးပေါင်းဆောင်ရွက်မှုများကို လွယ်ကူ‌ချောမွေ့စေရေး၊ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များအားစူးစမ်းရှာဖွေရေး၊ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ် ဖြန့်ဖြူးရေးကွင်းဆက်ချိတ်ဆက်မှုအပေါ် အထောက်အကူပြုရေး စသည့်လုပ်ငန်းများကိုဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း၊ MoU သည် လယ်ယာစိုက်ပျိုး‌ရေးကဏ္ဍတွင် အကောင်းဆုံးသော အလေ့ အကျင့်များ၊အသိအမှတ်ပြုလက်မှတ်နှင့် စံချိန်စံညွှန်းများဆိုင်ရာ သင်တန်းပေးခြင်း၊ သတင်းအချက် အလက်မျှ‌‌ဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့်အခွင့်အလမ်းများရှာဖွေခြင်းတို့အား ပံ့ပိုးပေးမည် ဖြစ်၍ လယ်ယာထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှုနှင့်ပတ်သက်သည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ကို နက်ရှိုင်းစွာဆောင်ရွက်လာစေနိုင်မည်ဖြစ်သည့်အပြင် စက်မှုနှင့်စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်ရန်နှင့် နှစ်နိုင်ငံရှိ SMEs များအကြား ပိုမိုပူးပေါင်းဆောင်ရွက် လာနိုင်စေရန်ရည်ရွယ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စီးဝင်/စီးထွက်မှုများကို ပိုမို နက်ရှိုင်းလာစေရန်နှစ်ဖက်အကျိုးဖြစ်ထွန်းမည့်စီးပွားရေးနယ်ပယ်များတွင် စွမ်း‌ဆောင်ရည်မြှင့်တင် ရေးလုပ်ငန်းများကို စူးစမ်းလေ့လာသွားကြမည်ဖြစ်ကြောင်းသိရှိရပါသည်။‌

(ရင်းမြစ်- စင်ကာပူမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အဝတ်အထည်ချုပ်လုပ်သည့်လုပ်ငန်းအားခြိမ်းခြောက်နေသည့် တရားမဝင် ချုပ်ပြီးအထည်များတင်သွင်းမှု

          တောင်အာဖရိကနိုင်ငံ၏ အဝတ်အထည်ချုပ်လုပ်ငန်းသည် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု ကြောင့် ထိခိုက်လျှက်ရှိပြီး Lockdown ကန့်သတ်ချက်များနှင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် အခက်အခဲများကြောင့် နိုင်ငံအတွင်းရှိ အထည်အလိပ်လုပ်ငန်း တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် ကုမ္ပဏီများအား များစွာထိခိုက်ခဲ့သော်လည်း နယ်စပ်ဂိတ်များပိတ်ပင်မှုကြောင့် ပြည်တွင်းကုမ္ပဏီ များသည် ပြည်ပမှတင်သွင်းလာသောကုန်ကြမ်းများအ‌ပေါ် မှီခိုရခြင်းထက် ပြည်တွင်းမှရရှိသော ကုန်ကြမ်းပစ္စည်းများကို ပိုမိုဝယ်ယူအသုံးပြုလာရသည့်အခြေအနေရှိခဲ့ကြောင်း၊ မကြာသေးမီက အကောင်အထည်ဖော်ခဲ့သော အဝတ်အထည်နှင့် အထည်အလိပ်လုပ်ငန်း masterplan အရ ပြည် တွင်းရှိ အဓိက အဝတ်အထည်လက်လီ‌ရောင်းချသူများအနေဖြင့် ၎င်းတို့၏အရောင်းဆိုင်များတွင်  ပြည်တွင်း၌ချုပ်လုပ်သည့် အဝတ်အထည်များကို ၅၀% အထိ ဝယ်ယူရောင်းချရန်နှင့် ၂၀၃၀ ပြည့် နှစ်မတိုင်မီ ၆၅% အထိ ဝယ်ယူရောင်းချရန် ကတိကဝတ်ပြုထားကြောင်း၊ လက်ရှိတွင် စီးပွားရေး ကျဆင်းမှုသည် အဝတ်အထည်ကုန်သွယ်မှုကို များစွာထိခိုက်ပြီး စားသုံးသူများ၏ ဝယ်ယူနိုင်မှုကို အကန့်အသတ်ဖြစ်စေခဲ့ကြောင်း၊ တောင်အာဖရိကနိုင်ငံအတွင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ၂၇ ရက်နေ့ မှစတင်၍စားသုံးသူများ ဈေးဆိုင်များတွင်ကိုယ်တိုင်ဝယ်ယူနိုင်ရေးကန့်သတ်မှုများရှိခဲ့သည့်အတွက်  Online မှတစ်ဆင့်လက်လီရောင်းချမှုများ တစ်ရှိန်ထိုးမြင့်တက်ခဲ့သဖြင့် လက်လီရောင်းချသည့် ဆိုင် အသစ်များ အနည်းငယ်သာဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ထို့အပြင် တောင်အာဖရိကနိုင်ငံ အဝတ်အထည် လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက်  နာမည်ကြီး အဝတ်အထည်အတုအပထုတ်လုပ်မှုနှင့် တရားမဝင် တင်သွင်းနေမှုသည်  ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်နေပြီး  ထိုသို့အ‌ကောက်ခွန်ပေးဆောင်မှုကို ကျော် လွှားခြင်းနှင့်အမှန်တင်သွင်းမှုဖော်ပြဆောင်ရွက်ခြင်းမရှိခြင်းတို့မှာ အကောက်ခွန်ဌာနမှအဂတိလိုက် စားသည့်အရာရှိများကပါဝင်ကူညီဆောင်ရွက်ပေးနေသဖြင့်ဖြစ်ပေါ်လျှက်ရှိကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ပရီတိုးရီးယားမြို့ စီးပွားရေးသံမှူး‌ပေးပို့သည့်သတင်း)

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

ဂျာမနီ၏ထောပတ်သီးဈေးကွက်အခြေအနေ

၁။      အီးယူဒေသသည် သစ်သီးဝလံစားသုံးမှု မြင့်မားလာသည့်နှင့်အမျှ ထောပတ်သီးသည် ၂၀၁၈ ခုနှစ်ပိုင်းမှစ၍ ဝယ်လိုအားများစွာမြင့်တက်လာရာ ဂျာမနီနိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် အီးယူဒေသ၌ ထောပတ်သီးစားသုံးမှု ဒုတိယအများဆုံးနိုင်ငံအဖြစ် ရောက်ရှိလာခဲ့ကြောင်း ၊ အဓိကရောင်းချနေသော ထောပတ်သီးအမျိုးအစားမှာ ဂွာတီမာလာမှ Hass အမျိုးအစားဖြစ်ပြီး အခြား Lavi Hass ၊ Lamb Hass ၊ Gem Hass တို့လည်းဈေးကွက်ဝင်ရောက်လျှက်ရှိရာ ဂျာမနီနိုင်ငံတွင် ယခု နောက်ပိုင်း၌ Hass ကို ပိုမိုနှစ်သက်လာကြောင်း၊ ထောပတ်သီးတွင် အမျှင်ဓါတ်၊ ဗီတာမင်နှင့် သတ္ထု ဓါတ်များ ပေါကြွယ်ဝစွာပါဝင်မှုသည် ကျန်းမာရေးကို များစွာအထောက်အကူပြုကြောင်း၊ ထောပတ်သီး လတ်ဆတ်နှင့်အခြောက်(၂)မျိုးလုံးအတွက် HSCode 08044000 ကိုအသုံးပြုကြောင်း၊ အီးယူဒေသသို့ အဓိကတင်ပို့နေသောနိုင်ငံများမှာ ပီရူးနှင့်တောင်အာဖရိကနိုင်ငံများဖြစ်ကြပြီး  ကိုဗစ် ၁၉ ဖြစ်ပွားသည့်ကာလအတွင်း  ဈေးနှုန်းများကျဆင်းမှုက ဝယ်လိုအားတိုးတက်မှုကို ဖြစ်စေသည့် အတွက် ၂၀၂၀ ခုနှစ်တွင် အီးယူနိုင်ငံများက တန်ချိန်(၇)သိန်း တန်ဖိုးအားဖြင့် ယူရို(၁.၇) ဘီလီယံခန့် တင်သွင်းမှု ရှိခဲ့ကြောင်း၊ အီးယူဒေသတွင်  နယ်သာလန်နိုင်ငံသည် အီးယူဒေသသို့ အဓိက တစ်ဆင့် ဖြန့်ဖြူးသူအနေနှင့်‌ဆောင်ရွက်ပြီး ပြင်သစ်နိုင်ငံသည်ထောပတ်သီးဈေးကွက်တွင်ဉီးဆောင်သူအဖြစ် ရှိနေကြောင်းသိရှိရပါသည်။

၂။       ဂျာမနီနိုင်ငံတွင် ထောပတ်သီးစိုက်ပျိုးထုတ်လုပ်မှုမရှိဘဲ တင်သွင်းစားသုံးမှုကိုသာ ပြုလုပ်ပြီး အချို့ကို အခြားဥရောပနိုင်ငံများ(ဆွစ်ဇာလန်၊ဩစတြေးလျ၊လူဇင်ဘတ်၊ဟန်ဂေရီစသည်)သို့  ပြန်လည်တင်ပို့မှုပြုလုပ်ကြောင်း၊ ဂျာမနီနိုင်ငံ၌ ထောပတ်သီးစားသုံးမှု မြင့်တက်လာလျှက်ရှိရာ တစ်နိုင်ငံလုံး တစ်နှစ်စားသုံးမှုအနေဖြင့် ခန့်မှန်းတန်ချိန်(၁၀၄၄၅၂)ရှိပြီး လူတစ်ဉီး ပျမ်းမျှစားသုံးမှုမှာ (၁.၂၆)ကီလိုဂရမ်ရှိကြောင်း၊ဂျာမနီနိုင်ငံတွင် ထောပတ်သီးကိုဈေးနှုန်းသင့်တင့်မှုရှိခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သောသစ်သီးအနေဖြင့် စားသုံးကြခြင်းတို့ကြောင့် ၂၀၂၀ ခုနှစ်အတွင်း အီးယူနှင့် အီးယူပြင်ပနိုင်ငံများမှ စုစုပေါင်းတန်ချိန်(၁၁၉၀၀၀)တင်သွင်းမှုရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း  ပြည်တွင်း လက်ကားဈေးကွက်တွင် ပျမ်းမျှတစ်တန်လျှင်အမေရိကန်ဒေါ်လာ(၃၇၄၅)ရှိပြီး တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ (၃.၇၄ နှင့် ၃.၅၉)ရှိကြောင်းသိရှိရပါသည်။

၃။      ထောပတ်သီးကို စံနှုန်းသတ်မှတ်ချက်အရ   Class (၃)မျိုးခွဲခြားထားရာ Superior Quality ၊Good Qualityနှင့် Satisfies Minimum Requirements တို့ဖြစ်ကြောင်း၊လတ်ဆတ်သစ်သီးများသည် ပိုးမွှားကင်းစင်ခြင်း၊အပူချိန်နှင့် စိုထိုင်းဆများခြင်းကြောင့် ထိခိုက်ပျက်စီးမှုမရှိခြင်း၊ရိုးတံ အညှာသည် ၁၀ မီလီမီတာထက် မကျော်စေခြင်းတို့ဖြစ်ရန်လိုအပ်ကြောင်း၊ Labelling Packaging  နှင့် အရည်အသွေးပိုင်းဆိုင်ရာများအတွက် Codex Alimentarius Standard အရဆောင်ရွက်ကြောင်း၊ စားသောက်ကုန်လုံခြုံစိတ်ချမှုသည် အီးယူဈေးကွက်အတွက် အဓိကအ‌ရေးကြီးသည့်အပိုင်းဖြစ်ပြီး General Food Law  ကို ပြဌာန်းထားရှိကြောင်း၊ ဂျာမနီနိုင်ငံတွင်  အီးယူမှ ပြဌာန်းချက်များအပြင် နိုင်ငံအနေနှင့်ထပ်မံထုတ်ပြန်ချက်များလည်းရှိပြီး Maximum Residue Level(MRL)အတွက် လက်လီရောင်းဝယ်သူများက ဥပဒေပြဌာန်းချက်၏ ၃၀% ကိုသာခွင့်ပြုခြင်းများရှိကြောင်း၊ Non-Legislative Requirement အနေနှင့် အီးယူနှင့်ဂျာမနီဈေးကွက်က Global GAP ကို လိုအပ်မှုရှိပြီး စားသောက်ကုန်လုံခြုံစိတ်ချမှုအပိုင်းအတွက် ISO22000  နှင့် IFS (၂)မျိုးအနက် Union of  German Supermarket Chains က ချမှတ်ဆောင်ရွက်သည့် IFS ကို ဂျာမန်စူပါမားကတ်များက ပိုမိုနှစ်သက်ကြကြောင်း သိရှိရပါသည်။

၄။      ထောပတ်သီးကို ရင့်မှည့်၍အရည်အသွေးကောင်းမွန်ပြီး လွယ်ကူအဆင်ပြေစွာ စားသုံးနိုင်သည့် “Ready to eat” ပုံစံ စားသုံးမှုဆီသို့ တိုးတက်ပြောင်းလဲလာရာ အသင့်စားသုံးနိုင်သည့် ထောပတ်သီး အမှည့်များအတွက်  ပရီမီယံဈေးနှုန်းများပေး၍ ဝယ်ယူလိုကြပြီး တစ်ဖက်တွင်လည်း ပို့ကုန်တင်ပို့သူများအနေဖြင့် သင်္ဘောမတင်မီ အသီးရင့်မှည့်မှုအခြေအနေကို သေချာစွာစစ်ဆေးမှုပြုလုပ်ရန် အထူးလိုအပ်ရာ အသီးရင့်မှည့်မှုကို စစ်ဆေးနိုင်သည့် အတွေ့အကြုံနည်းလမ်းများ လျင်မြန်စွာတိုးတက်လာနေပြီး နည်းပညာများကိုလည်း ကောင်းစွာအသုံးချနိုင်ရန် ဆောင်ရွက်လာနေကြောင်း၊ ကုမ္ပဏီများက  အသီးရင့်မှည့်မှုကို ဝန်ဆောင်မှုတစ်ခုအနေဖြင့် ပြုလုပ်လာကြခြင်း(သို့) ရောင်းဝယ်သူများက ရင့်မှည့်မှုဆိုင်ရာလုပ်ငန်းသုံးပစ္စည်း အသုံးအဆောင်များပြုလုပ်ခြင်းကို ဆောင်ရွက်လာကြကြောင်း၊ ဂျာမနီနိုင်ငံတွင်လည်း စူပါမားကတ်များက Ready to eat Hass အမျိုးအစား ထောပတ်သီးကို ရောင်းချရန် ပိုမိုနှစ်သက်ကြသဖြင့် ဥ‌ရောပတွင်  အကြီးဆုံး repening facilities များအနက် တစ်ခုကို နယ်သာလန်နိုင်ငံတွင် တည်ထောင်လုပ်ကိုင်ခဲ့ပြီး ထောပတ်သီး၊ ငှက်ပျောသီးနှင့်သရက်သီးတို့အတွက် နယ်သာလန်နိုင်ငံနှင့် ဘယ်လ်ဂျီယံနိုင်ငံတို့ရှိ ဖြန့်ဖြူးရေးစင်တာများသို့ ဝန်ဆောင်မှုပေးဆောင်ရွက်ကြောင်း၊ ထောပတ်သီးအရည်အသွေးစစ်ဆေးသည့် Avos  စက်သည် အသီးကို ထိခိုက်ပျက်စီးစေခြင်းမရှိဘဲ အရည်အသွေး စစ်ဆေးကျွမ်းကျင်သူများအတွက်  မြန်ဆန်ထိရောက်သော အချက်အလက်များကို ပံ့ပိုးပေးနိုင်ကာ အရည်အသွေးပိုင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချမှတ်နိုင်မည်ဖြစ်ပြီး ၎င်းစက်ကိုအသုံးပြု၍ အသီးရင့်မှည့်ကာလနှင့် ပို့ဆောင်သင့်သည့်ဖောက်သည် စသည်တို့ကို ခန့်မှန်းတွက်ချက်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

၅။      မြန်မာနိုင်ငံအနေဖြင့် ထောပတ်သီးကို တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ ရုရှား အစရှိသည့် နိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဂိတ်များမှတဆင့်တင်ပို့ရောင်းချမှုရှိပြီး မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကိုလည်း ဖွဲ့စည်းတည်ထောင်ထားရှိပြီးဖြစ်ရာ ဒေသမျိုးကိုင်းများနှင့် ပြည်ပမှတင်သွင်းလာသည့် Hass အမျိုးအစား မျိုးကိုင်းများကို စနစ်တကျ မျိုးပွားဖြန့်ဖြူးထားနိုင်ပြီး ဈေးကွက်ဝင်အသီးများထွက်ရှိလာရေးဆောင်ရွက်လျှက်ရှိခြင်းကြောင့် အဆိုပါအမျိုးအစားကို ပိုမိုကြိုက်နှစ်သက်မှုရှိသည့် အီးယူနှင့်ဂျာမနီနိုင်ငံဈေးကွက်များသို့ ‌ဈေးကွက်လိုအပ်ချက်များနှင့် အညီအရည်အသွေးမီစွာဝင်ရောက်နိုင်ရေးအတွက်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သင့်ကြောင်း၊ ဂျာမနီနိုင်ငံသည် နယ်သာလန်နိုင်ငံကဲ့သို့ အီးယူနိုင်ငံများမှ တင်သွင်းခြင်းရှိသကဲ့သို့ အီးယူပြင်ပနိုင်ငံများမှ တိုက်ရိုက်တင်သွင်းမှုများလည်း ရှိလာနေပြီဖြစ်ကြောင်း၊ ဈေးကွက်ဝင်ရောက်မှုအတွက် ကုန်စည်ပြပွဲများတွင် ပါဝင်ပြသခြင်းဖြင့် စီးပွားရေးချိတ်ဆက်‌ဆောင်ရွက်မှုများ ရရှိလာနိုင်မည်ဖြစ်ရာ ဘာလင်မြို့တွင်ကျင်းပသည့် Fruit Logistica ပြပွဲနှင့် နူရင်ဘတ်မြို့တွင် ကျင်းပသည့် Biofach အော်ဂဲနစ်ပြပွဲများသို့ လာရောက်ပြသရန် သင့်တော်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်- ဘာလင်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဟောင်ကောင်ဒေသ၌နယ်စပ်ဖြတ်ကျော်ဟင်းသီးဟင်းရွက်ကုန်တင်ကားမောင်းနှင်သည့် ယာဉ်မောင်း(၁၅%)လုပ်ငန်းမှနှုတ်ထွက်ရန် စီစဉ်လျှက်ရှိ

          ဟောင်ကောင်ဒေသနှင့် တရုတ်နိုင်ငံရှန့်ကျန်းမြို့တို့အကြား နယ်စပ်ဖြတ်ကျော်ရန် လိုအပ်သော ကိုဗစ်-၁၉ စစ်ဆေးမှုများ တင်းကျပ်နေသဖြင့် ဟင်းသီးဟင်းရွက်ကုန်တင်ကား မောင်းနှင်သည့် ယာဉ်မောင်း ၁၅% သည် လုပ်ငန်းမှနုတ်ထွက်ရန် စီစဉ်လျှက်ရှိသည်ဟု သတင်းဖော်ပြထားရာ နယ်စပ်ဖြတ်ကျော် ဟင်းသီးဟင်းရွက်ကုန်တင်ကားများမောင်းနှင်သည့် ယာဉ်မောင်းများ၌ ကိုဗစ်၁၉တွေ့ရှိခဲ့ပြီးနောက် ကုန်တင်ကားများအား ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့မှုကြောင့် ကြန့်ကြာမှုများဖြစ်ခဲ့သဖြင့်  ဟောင်ကောင်သို့ ဟင်းသီးဟင်းရွက်တင်သွင်းမှုအား ပြင်းထန်စွာရိုက် ခတ်ခဲ့ကြောင်း၊ တင်သွင်းမှုလျော့ကျခဲ့ခြင်းကြောင့် ကုန်ဈေးနှုန်းများမြင့်တက်ခဲ့ပြီး တရုတ်ဂေါ်ဖီစိမ်းထုပ်များမှာ ယခင်ကတစ်ကီလိုဂရမ်လျှင်ဟောင်ကောင်‌ဒေါ်လာ ၆.၆၀ မှ ဖေဖော်ဝါရီလ ဒုတိယပတ်အစတွင် ဟောင်ကောင်ဒေါ်လာ ၁၉.၄၀ (ရာခိုင်နှုန်းအားဖြင့် ၁၉၄% )သို့ မြင့်တက်ခဲ့သော်လည်း (၂) ရက်အကြာ၌ ၁၄.၃၀ သို့လျော့ကျသွားကြောင်း၊ ဟောင်ကောင်ဒေသသို့တင်သွင်းသည့် ဟင်းသီးဟင်းရွက်များ၏ ၉၂% မှာ တရုတ်ပြည်မကြီးမှဖြစ်ရာ ၎င်းဒေသ၌နေထိုင်သည့် နယ်စပ်ဖြတ်ကျော် ကုန်တင်ယာဉ်မောင်းသူများအနေဖြင့် မိသားစုနှင့်အတူနေထိုင်ခွင့်မပြုခြင်း(သို့) လုပ်ငန်းတာဝန် ပြီးဆုံးလျှင် နေ့စဉ် ကိုဗစ် ၁၉ ရောဂါစစ်ဆေးခြင်းတို့ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ကိုဗစ် ၁၉ ရောဂါ စစ်ဆေးမှုများတင်းကျပ်မှုကြောင့် နယ်စပ်ဖြတ်ကျော် ဟင်းသီးဟင်းရွက် ကုန်တင်ကား မောင်းနှင် သည့် ယာဉ်‌မောင်း (၃၀၀)ဉီးခန့်ရှိရာမှ  ၁၅% မှာ လုပ်ငန်းမှနှုတ်ထွက်ရန် စီစဉ်လျှက်ရှိကြောင်း၊ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိလျှင် ၎င်းတို့နှင့်အနီးကပ်ထိတွေ့ခဲ့သည့်ယာဉ်မောင်းများအား အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာသို့ ပို့ဆောင်ပါက ယာဉ်မောင်းဉီးရေ ထပ်မံလျော့နည်းကာ လူ့စွမ်းအားများ လျော့ကျမည်ဖြစ်ပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာမည်ဖြစ်ကြောင်း၊ဒေသအစိုးရ အနေဖြင့်ယာဉ်မောင်းများအား နေရာများစွာသို့သွားရောက်ပို့ဆောင်ခြင်းအစား သတ်မှတ်ထား သောနေရာတစ်ခုမှ အခြားနေရာတစ်ခုသို့သာ ပစ္စည်းပို့ဆောင်ရန် သတ်မှတ်ထားသင့်ကြောင်း၊ ကုန် ပစ္စည်းများတင်သွင်းမှုနှင့်ဈေးနှုန်းအကြား ပွင့်လင်းမြင်သာမှုရှိစေရန် ဟောင်ကောင်ဒေသသို့ နေ့စဉ် တင်သွင်းသည့် ဟင်းသီးဟင်းရွက်အရေအတွက်ကို ဖော်ပြသင့်ကြောင်း၊ အချို့သော ဝယ်ယူသူများမှာ အထိတ်တလန့်ဝယ်ယူလျှက်ရှိသောကြောင့် ၎င်းတို့ပုံမှန်ဝယ်ယူသည့် ပမာဏထက် (၃)ဆ ပိုမို ဝယ်ယူလျှက်ရှိရာ ဟင်းသီးဟင်းရွက်များဖြည့်စွမ်းနိုင်မှုမှာ အကျဘက်သို့ ဉီးတည်လျှက်ရှိသည်ဟု ရေးသားဖော်ပြထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဟောင်ကောင်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

လယ်ယာစိုက်ပျိုးရေးပို့ကုန်များ တင်ပို့ရန် စီမံဆောင်ရွက်မှုများပြုလုပ်သွားမည့်ဗီယက်နမ်နိုင်ငံ

          တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ တင်ပို့သည့် လယ်ယာထွက်ကုန်များအတွက်  ကြီးမားသောဈေးကွက်ဖြစ်သဖြင့် ယခုကြုံတွေ့နေရသောအခက်အခဲများကိုကျော်လွှားရန် စီမံဆောင်ရွက်မှုအသစ်များကို အဆိုပြုသွားမည်ဟု ဗီယက်နမ် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးက ပြောကြားခဲ့ကြောင်း၊တရုတ်-ဗီယက်နမ် နယ်စပ်ဂိတ်များ၌ အကောက်ခွန်ရှင်းလင်းမှုများ မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးရန်နှင့် တရုတ်သို့တင်ပို့လာသည့်ကုန်စည်များကို ခေတ္တထားရှိရန်ကြားခံဇုန် တည်ဆောက်ပေးသင့်သည်ဟု တရုတ်ဘက်သို့ညှိနှိုင်းထားကြောင်း၊ နယ်စပ်မှ တင်သွင်းလာသည့် ကုန်စည်များအတွက်  ကုန်လက်ခံရန်၊ ထိန်းသိမ်းရန်၊ တစ်စိတ်တစ်ပိုင်းပြုပြင်ထုတ်လုပ်ရန်အတွက်  လုပ်ငန်းဆောင်တာမျိုးစုံဆောင်ရွက်နိုင်သည့်နေရာတစ်ခုကို တည်ထောင်ပေးရန်၊ ၎င်းနေရာမှာ Mong Cai မြို့တွင်ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသများမှ လယ်ယာစိုက်ပျိုးရေး၊ သစ်တောထွက်နှင့် ရေထွက်ကုန် ကုန်သွယ်ရေးစင်တာတစ်ခု လျင်လျင်မြန်မြန်တည်ထောင်ရန် အဆိုပြုညှိနှိုင်းထားပြီး ၎င်းစင်တာမှာထိ‌ရောက်မှုရှိပါက အခြားနယ်စပ်မြို့များတွင် အလားတူစင်တာများတည်ထောင်သွားမည်ဖြစ်ကြောင်း၊ဗီယက်နမ်နိုင်ငံဘက်မှပို့ကုန်များကို တရုတ်ဘက်သို့တင်ပို့ရာတွင်  တရားဝင်အရေအတွက် ခွဲဝေကန့်သတ်မှုများကို အသုံးပြုရန် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံမှ လယ်ယာထွက်ကုန်များကို အမေရိကန်၊တရုတ်နှင့် ဥ‌ရောပနိုင်ငံများသို့ ကုန်ကြမ်းအတိုင်းတင်ပို့နေပြီး တင်ပို့သည့်ကုန်စည်များ၏ ၉၀% ကို ကုန်အမှတ်တံဆိပ်မရှိဘဲတင်ပို့နေရသည်ကအများစုဖြစ်ရာ ဗီယက်နမ်နိုင်ငံအနေဖြင့် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့်တင်ပို့စေလိုကြောင်း လယ်ယာ/ကျေးလက် ဝန်ကြီးကပြောကြားခဲ့ကြောင်း၊ဗီယက်နမ်နိုင်ငံ၏ကော်ဖီ၊ဆန်၊သီဟိုစေ့၊ပင်လယ်စာ၊ရာဘာ၊ဟင်းသီး ဟင်းရွက်နှင့်သစ်သား စသည့်အဓိကလယ်ယာစိုက်ပျိုးရေးအမယ်(၁၀)ခုကျော်ကို နိုင်ငံပေါင်း(၁၆၀) သို့တင်ပို့လျှက်ရှိပြီး အမယ်တစ်မျိုးချင်းစီမှ အမေရိကန်ဒေါ်လာ(၁)ဘီလီယံကျော်ရရှိလျှက်ရှိကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နန်နင်းမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဟောင်ကောင်ဒေသ၌နယ်စပ်ဖြတ်ကျော်ဟင်းသီးဟင်းရွက်ကုန်တင်ကားမောင်းနှင်သည့် ယာဉ်မောင်း(၁၅%)လုပ်ငန်းမှနှုတ်ထွက်ရန် စီစဉ်လျှက်ရှိ

          ဟောင်ကောင်ဒေသနှင့် တရုတ်နိုင်ငံရှန့်ကျန်းမြို့တို့အကြား နယ်စပ်ဖြတ်ကျော်ရန် လိုအပ်သော ကိုဗစ်-၁၉ စစ်ဆေးမှုများ တင်းကျပ်နေသဖြင့် ဟင်းသီးဟင်းရွက်ကုန်တင်ကား မောင်းနှင်သည့် ယာဉ်မောင်း ၁၅% သည် လုပ်ငန်းမှနုတ်ထွက်ရန် စီစဉ်လျှက်ရှိသည်ဟု သတင်းဖော်ပြထားရာ နယ်စပ်ဖြတ်ကျော် ဟင်းသီးဟင်းရွက်ကုန်တင်ကားများမောင်းနှင်သည့် ယာဉ်မောင်းများ၌ ကိုဗစ်၁၉တွေ့ရှိခဲ့ပြီးနောက် ကုန်တင်ကားများအားပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့မှုကြောင့် ကြန့်ကြာမှုများဖြစ်ခဲ့သဖြင့်  ဟောင်ကောင်သို့ ဟင်းသီးဟင်းရွက်တင်သွင်းမှုအား ပြင်းထန်စွာရိုက် ခတ်ခဲ့ကြောင်း၊တင်သွင်းမှုလျော့ကျခဲ့ခြင်းကြောင့် ကုန်ဈေးနှုန်းများမြင့်တက်ခဲ့ပြီး တရုတ်ဂေါ်ဖီစိမ်းထုပ်များမှာ ယခင်ကတစ်ကီလိုဂရမ်လျှင်ဟောင်ကောင်‌ဒေါ်လာ ၆.၆၀ မှ ဖေဖော်ဝါရီလ ဒုတိယပတ်အစ တွင် ဟောင်ကောင်ဒေါ်လာ ၁၉.၄၀ (ရာခိုင်နှုန်းအားဖြင့် ၁၉၄% )သို့ မြင့်တက်ခဲ့သော်လည်း (၂) ရက်အကြာ၌ ၁၄.၃၀ သို့လျော့ကျသွားကြောင်း၊ ဟောင်ကောင်ဒေသသို့တင်သွင်းသည့် ဟင်းသီးဟင်းရွက်များ၏ ၉၂% မှာ တရုတ်ပြည်မကြီးမှဖြစ်ရာ ၎င်းဒေသ၌နေထိုင်သည့် နယ်စပ်ဖြတ်ကျော် ကုန်တင်ယာဉ်မောင်းသူများအနေဖြင့် မိသားစုနှင့်အတူနေထိုင်ခွင့်မပြုခြင်း(သို့) လုပ်ငန်းတာဝန် ပြီးဆုံးလျှင် နေ့စဉ် ကိုဗစ် ၁၉ ရောဂါစစ်ဆေးခြင်းတို့ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ကိုဗစ် ၁၉ ရောဂါ စစ်ဆေးမှုများတင်းကျပ်မှုကြောင့် နယ်စပ်ဖြတ်ကျော် ဟင်းသီးဟင်းရွက် ကုန်တင်ကား မောင်းနှင်သည့် ယာဉ်‌မောင်း (၃၀၀)ဉီးခန့်ရှိရာမှ  ၁၅% မှာ လုပ်ငန်းမှနှုတ်ထွက်ရန် စီစဉ်လျှက် ရှိကြောင်း၊ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိလျှင် ၎င်းတို့နှင့်အနီးကပ်ထိတွေ့ခဲ့သည့်ယာဉ်မောင်းများအား အသွား အလာကန့်သတ်စောင့်ကြည့်ရေးစင်တာသို့ ပို့ဆောင်ပါက ယာဉ်မောင်းဉီးရေ ထပ်မံလျော့နည်းကာ လူ့စွမ်းအားများ လျော့ကျမည်ဖြစ်ပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာမည်ဖြစ်ကြောင်း၊ဒေသအစိုးရ အနေဖြင့်ယာဉ်မောင်းများအား နေရာများစွာသို့သွားရောက်ပို့ဆောင်ခြင်းအစား သတ်မှတ်ထား သောနေရာတစ်ခုမှ အခြားနေရာတစ်ခုသို့သာ ပစ္စည်းပို့ဆောင်ရန် သတ်မှတ်ထားသင့်ကြောင်း၊ ကုန် ပစ္စည်းများတင်သွင်းမှုနှင့်ဈေးနှုန်းအကြား ပွင့်လင်းမြင်သာမှုရှိစေရန် ဟောင်ကောင်ဒေသသို့ နေ့စဉ် တင်သွင်းသည့် ဟင်းသီးဟင်းရွက်အရေအတွက်ကို ဖော်ပြသင့်ကြောင်း၊ အချို့သော ဝယ်ယူသူများ မှာ အထိတ်တလန့်ဝယ်ယူလျှက်ရှိသောကြောင့် ၎င်းတို့ပုံမှန်ဝယ်ယူသည့် ပမာဏထက် (၃)ဆ ပိုမို ဝယ်ယူလျှက်ရှိရာ ဟင်းသီးဟင်းရွက်များဖြည့်စွမ်းနိုင်မှုမှာ အကျဘက်သို့ ဉီးတည်လျှက်ရှိသည်ဟု ရေးသားဖော်ပြထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဟောင်ကောင်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

လယ်ယာစိုက်ပျိုးရေးပို့ကုန်များ တင်ပို့ရန် စီမံဆောင်ရွက်မှုများပြုလုပ်သွားမည့်ဗီယက်နမ်နိုင်ငံ

          တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ တင်ပို့သည့် လယ်ယာထွက်ကုန်များအတွက်  ကြီးမားသောဈေးကွက်ဖြစ်သဖြင့် ယခုကြုံတွေ့နေရသောအခက်အခဲများကိုကျော်လွှားရန် စီမံဆောင်ရွက်မှု အသစ်များကိုအဆိုပြုသွားမည်ဟု ဗီယက်နမ် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးက ပြောကြားခဲ့ကြောင်း၊တရုတ်-ဗီယက်နမ် နယ်စပ်ဂိတ်များ၌ အကောက်ခွန်ရှင်းလင်းမှုများ မြန်မြန် ဆန်ဆန်ဆောင်ရွက်ပေးရန်နှင့် တရုတ်သို့တင်ပို့လာသည့်ကုန်စည်များကိုခေတ္တထားရှိရန်ကြားခံဇုန် တည်ဆောက်ပေးသင့်သည်ဟု တရုတ်ဘက်သို့ညှိနှိုင်းထားကြောင်း၊ နယ်စပ်မှ တင်သွင်းလာသည့် ကုန်စည်များအတွက်  ကုန်လက်ခံရန်၊ ထိန်းသိမ်းရန်၊ တစ်စိတ်တစ်ပိုင်းပြုပြင်ထုတ်လုပ်ရန်အတွက်  လုပ်ငန်းဆောင်တာမျိုးစုံဆောင်ရွက်နိုင်သည့်နေရာတစ်ခုကို တည်ထောင်ပေးရန်၊ ၎င်းနေရာမှာ Mong Cai မြို့တွင်ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသများမှ လယ်ယာစိုက်ပျိုးရေး၊ သစ်တောထွက်နှင့် ရေ ထွက်ကုန် ကုန်သွယ်ရေးစင်တာတစ်ခု လျင်လျင်မြန်မြန်တည်ထောင်ရန် အဆိုပြုညှိနှိုင်းထားပြီး ၎င်းစင်တာမှာထိ‌ရောက်မှုရှိပါက အခြားနယ်စပ်မြို့များတွင် အလားတူစင်တာများတည်ထောင်သွား မည်ဖြစ်ကြောင်း၊ဗီယက်နမ်နိုင်ငံဘက်မှပို့ကုန်များကို တရုတ်ဘက်သို့တင်ပို့ရာတွင်  တရားဝင်အရေ အတွက် ခွဲဝေကန့်သတ်မှုများကိုအသုံးပြုရန် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံမှ လယ် ယာထွက်ကုန်များကို အမေရိကန်၊တရုတ်နှင့် ဥ‌ရောပနိုင်ငံများသို့ ကုန်ကြမ်းအတိုင်းတင်ပို့နေပြီး တင်ပို့သည့်ကုန်စည်များ၏ ၉၀% ကို ကုန်အမှတ်တံဆိပ်မရှိဘဲတင်ပို့နေရသည်ကအများစုဖြစ်ရာ ဗီယက်နမ်နိုင်ငံအနေဖြင့် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့်တင်ပို့စေလိုကြောင်း လယ်ယာ/ကျေးလက် ဝန်ကြီးကပြောကြားခဲ့ကြောင်း၊ဗီယက်နမ်နိုင်ငံ၏ကော်ဖီ၊ဆန်၊သီဟိုစေ့၊ပင်လယ်စာ၊ရာဘာ၊ဟင်းသီး ဟင်းရွက်နှင့်သစ်သား စသည့်အဓိကလယ်ယာစိုက်ပျိုးရေးအမယ်(၁၀)ခုကျော်ကို နိုင်ငံပေါင်း(၁၆၀) သို့တင်ပို့လျှက်ရှိပြီး အမယ်တစ်မျိုးချင်းစီမှအမေရိကန်ဒေါ်လာ(၁)ဘီလီယံကျော်ရရှိလျှက်ရှိကြောင်း သိရှိရပါသည်။

(ရင်းမြစ်-နန်နင်းမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

 

 

 

ကုန်သွယ်ရေးနှင့်စီးပွားရေးသတင်းများ

အရောင်းစင်တာများတွင်  ဟင်းသီးဟင်းရွက်ပြတ်လပ်ပြီး ကုန်ဈေးနှုန်းမြင့်တက်မှုရင်ဆိုင်‌နေရခြင်း

          ဟောင်ကောင်ဒေသရှိ အချို့သော အဓိကကျသည့် စူပါမားကတ်များရှိ အရောင်းစင်တာများတွင် ဟင်းသီးဟင်းရွက်များပြတ်လပ်လျက်ရှိပြီး ကုန်ဈေးနှုန်းမြင့်တက်လျက်ရှိရာ ဟောင်ကောင်ဒေသသို့ ဟင်းသီးဟင်းရွက်များ တင်သွင်းသယ်ဆောင်မည့် ကုန်တင်ကားများအနက်  ယာဉ်မောင်း(၂)ဦးတွင်  ဟောင်ကောင်-ရှန်းကျန့် နယ်စပ်ဖြတ်သန်းစဉ်၌  ကိုဗစ်-၁၉ ရောဂါစစ်ဆေးတွေ့ရှိသောကြောင့် အခြား ယာဉ်မောင်းများအားလုံးမှာ ရှန်းကျန့်မြို့၌ပိတ်မိလျက်ရှိကြောင်း၊ ၆-၂-၂၀၂၂ ရက်နေ့တွင် ဟောင်ကောင်မြို့တစ်ဝန်းရှိ အဓိကစူပါမားကတ်များ၌ ဟင်းသီးဟင်းရွက်များ ရောင်းကုန်သွားသည်ကို နေရာအများအပြားတွင်တွေ့ရှိရပြီး အချို့သောအရောင်းဆိုင်များ၌  ဈေးနှုန်းများ (၂)ဆ မြင့်တက်လျှက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ဝယ်ယူသူများမှလည်း ဈေးနှုန်းများ ပိုမိုကြီးမြင့်လျက်ရှိသည်ဟု ပြောကြားလျက်ရှိပြီး ပစ္စည်းများဝယ်ယူမှုလျှော့ချခဲ့ကြကြောင်း၊ ဟောင်ကောင်ဒေသသို့ ဟင်းသီးဟင်းရွက်များ တင်သွင်းနိုင်ခြင်းမရှိသောကြောင့် ဟင်းသီးဟင်းရွက်ရောင်းချသည့် Supermarket အပါအဝင် လက်လီရောင်းချသူများလည်း အများအပြားမရှိကြောင်း၊ ကျန်းမာရေးဆိုင်ရာအရာရှိများမှ  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက်  ရှန်းကျန့်ဂိတ်အား နာရီပေါင်းများစွာ ပိတ်ထားခဲ့ကြောင်း၊ Man Kam control point သည် လတ်ဆတ်သောအစားအစာဖြစ်သည့် ဟင်းသီးဟင်းရွက်များ၊ အသားနှင့်ငါးများအားတရုတ်ပြည်မကြီးမှ အဓိကဝင်ရောက်သည့် နယ်စပ်ဂိတ်ဖြစ်ပြီး Vegetable  Marketing  Organization နှင့်  Cheun  Sha  Wan  Wholesale  Food  Market တို့၌ ဟင်းသီးဟင်းရွက်များ ပြတ်လပ်မှု၏ သက်ရောက်မှုမရှိခဲ့ဘဲ Weatern Wholesale Food Market ၌ ဟင်းသီးဟင်းရွက်များ တင်သွင်းမှုလျော့ကျခဲ့သော်လည်း ဈေးကွက်အခြေအနေမှာ တည်ငြိမ်ဆဲဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအတွက် အစားအသောက်များမှာ တရုတ်ပြည်မကြီးမှ အဓိကတင်သွင်းခြင်း ဖြစ်ပြီး ဒေသသို့ တင်သွင်းလာသည့် ဟင်းသီးဟင်းရွက်(၉၂%)မှာ တရုတ်ပြည်မကြီးမှ တင်သွင်းခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်- ဟောင်ကောင်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကာလကြာရှည်ပါက ဈေးဆိုင်ခန်းများ ဈေးနှုန်းလျော့ကျသွားနိုင်

          ဟောင်ကောင်ဒေသ၌ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု တစ်နှစ်ပတ်လုံး ဖြစ်ပွားနေပါက ဒေသ၏ လမ်းသွယ်များရှိ ဆိုင်ခန်းများ၏ ဈေးနှုန်းများမှာ(၂၀%) လျော့ကျသွားနိုင်ပြီး စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူများနှင့်လက်လီရောင်းချမှုများတွင် ဆုံးရှုံးမှုများနိုင်သည်ဟု သတင်းဖော်ပြထားကြောင်း၊ ဟောင်ကောင်ဒေသ၌ အိုမီခရွန်ဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ပြီးနောက် ဆိုင်ခန်းပိုင်ရှင်များသည် ဆိုင်ခန်းဈေးနှုန်းအား (၅%) မှ (၁၀%)သို့ လျှော့ချခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှာ ဒေသ၌ တစ်နှစ်ပတ်လုံး ဆက်လက်ဖြစ်ပွားနေပါက ဆိုင်ခန်းဈေးနှုန်းမှာ (၁၅%)မှ (၂၀%)သို့လျော့ကျနိုင်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းပြီး နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်လျှင် လူနေအိမ်ခန်းများ ဈေးနှုန်းမှာ (၁၀%)မှ (၁၅%)အထိ လည်းကောင်း၊ အချက်အချာကျသည့် ဈေးအရောင်းအဝယ်နေရာများတွင် ဆိုင်ခန်းများ၏ ဈေးနှုန်းမှာ (၂၀%)မှ(၃၀%)အထိလည်းကောင်း အသီးသီးမြင့်တက်နိုင်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ မတ်လအထိ အိုမီခရွန်ကူးစက်မှု ဆက်လက်ပြင်းထန်နေမည်ဆိုပါက စားသောက်ကုန်လုပ်ငန်းများမှာ ပထမဉီးစွာ ကြီးမားသည့် အခက်အခဲများနှင့် ကြုံတွေ့နိုင်ပြီး လက်လီလုပ်ငန်းများနှင့် ဖက်ရှင်လုပ်ငန်းများလည်း ပိတ်သိမ်းသွားနိုင်ပြီး အိမ်ခန်းများမှာ ဈေးဆိုင်ခန်းများထက် အလားအလာ ပိုမို ကောင်းမွန်နိုင်သကဲ့သို့ Wet Market Shop များရှိသည့် နေရာဒေသများ၌ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုအလားအလာ ကောင်းမွန်နိုင်သော်လည်း Causeway Bay နှင့် Centralတို့၌  စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုလျော့ကျနိုင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းတွင်  ဟောင်ကောင်ဒေသ၌ အမြဲတမ်းမနေထိုင်သူများ၏ဝယ်ယူမှုအပေါ် တံဆိပ်ခေါင်းခွန်နှစ်ကြိမ်ပေးဆောင်မှုအား အစိုးရမှဖယ်ရှားပေးခဲ့ခြင်းကြောင့် ဟောင်ကောင်ရှိ ဈေးဆိုင်ခန်းများ၏ဈေးကွက် ဆက်လက်ကောင်းမွန်နိုင်သည်ဟု ယူဆထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်- ဟောင်ကောင်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

သစ်သီးဝလံစိုက်ပျိုးတင်ပို့သူများ ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်နေ

          တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးအတွက် တင်းကျပ်သော Zero Covid- 19    မူဝါဒကို ကျင့်သုံးဆောင်ရွက်လျှက်ရှိသောကြောင့် တရုတ်ဈေးကွက်ကို အဓိက မှီခိုဆောင်ရွက်နေ ကြသော  အရှေ့တောင်အာရှနိုင်ငံများရှိ သစ်သီးဝလံစိုက်ပျိုးသူများသည် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ နေရကြောင်း၊ လက်ရှိအချိန်တွင်ဗီယက်နမ်၊ မြန်မာနှင့်လာအိုတို့မှ တရုတ်နယ်စပ်သို့ ရောက်ရှိလာ သောကုန်တင်ယာဉ်တန်းရှည်ကြီးများသည် နယ်စပ်ဖြတ်သန်းဝင်‌ရောက်နိုင်ရန်အတွက် စုပြုံပိတ်မိနေကြရာ မြန်မာနိုင်ငံမှ ကုန်တင်ယာဉ်မောင်းများအနေဖြင့် တရုတ်နိုင်ငံသို့ဝင်ရောက်ရန်အတွက် (၁၅)ရက် Quarantine နေထိုင်ရမည်ဖြစ်၍ ဖရဲသီးတင်ပို့သူများသည်  ၎င်းတို့၏ အသီးများကို နယ်စပ်တွင် စွန့်ပစ်နေမှုများရှိကြောင်း၊ တရုတ်နိုင်ငံ၏ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် ဗီယက်နမ်နိုင်ငံမှ နဂါးမောက်သီးစိုက်ပျိုး တင်ပို့သူများအပေါ် ထိခိုက်လျှက်ရှိပြီး  တရုတ်နိုင်ငံရှိ မြို့ (၉)မြို့တွင် ဗီယက်နမ်မှ  တင်သွင်းလာသည့် နဂါးမောက်သီးများပေါ်၌  ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တရုတ်အာဏာပိုင်များသည် နဂါးမောက်သီးများရောင်းချသော စူပါမားကတ်များကို ပိတ်ခိုင်းခဲ့ကြောင်း၊ ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်းမှ ပြောကြားချက်အရ ဒီဇင်ဘာလကုန်ပိုင်းတွင်  တရုတ်သည်  ကြိုတင်အသိပေးခြင်းမပြုလုပ်ခဲ့ဘဲ ဗီယက်နမ်နှင့်နယ်စပ်ကို ပထမဉီးဆုံးအကြိမ် ရုတ်တရက်ပိတ်သိမ်းခဲ့သဖြင့် ဗီယက်နမ်နိုင်ငံရှိ နဂါးမောက်သီး၊ သရက်သီးနှင့် ပိန္နဲသီးစိုက်ပျိုးသူ တစ်သန်းကျော်သည် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ပြီး  ဗီယက်နမ်အစိုးရပိုင်းမှလည်း  လက်ရှိကာလတွင် နယ်စပ်ဖြတ် ကျော်တင်ပို့မှုများကို ရှောင်ရှားရန် စီးပွားရေးလုပ်ငန်းများသို့ ပြောကြားလျက်ရှိပြီး အခြားဈေးကွက်များ ရှာဖွေပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော်လည်း လေကြောင်းနှင့်ရေကြောင်းတို့ဖြင့် အခြားနိုင်ငံများသို့ တင်ပို့ရာ၌ ကုန်ကျစရိတ် ပိုမိုကြီးမြင့်သောကြောင့် တရုတ်နိုင်ငံအပြင် အခြားဈေးကွက်များသို့ ဖြန့်ခွဲတင်ပို့နိုင်ရန်မှာ ခက်ခဲမှုရှိကြောင်းနှင့် အရှေ့‌‌‌တောင်အာရှရှိ သစ်သီးဝလံစိုက်ပျိုးသည့်ဒေသ အများစုမှာ လေဆိပ်များနှင့် နီးကပ်မှုမရှိဟု ထောက်ပြပြောဆိုနေကြကြောင်း၊ ဒေသတွင်းရှိ သစ်သီးဝလံစိုက်ပျိုးသူများအနေဖြင့် တရုတ်နှစ်သစ်ကူးကာလအတွက်  မျှော်လင့်ချက် ကြီးမားခဲ့ကြသော်လည်း တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပလျက်ရှိသော ဆောင်းရာသီအိုလံပစ်အားကစားပွဲတော် ပြီးဆုံးမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့နောက်ပိုင်းအထိ တင်ပို့နိုင်မည့်အခြေအနေ တိုးတက်လာမည်ဟု မျှော်လင့်နိုင်ကြောင်းနှင့် နယ်စပ်စစ်ဆေးမှုများကို ပိုမိုတင်းကျပ်လာနိုင်ဖွယ်ရှိသည်ဟု တင်ပို့သူများက သုံးသပ်ကြကြောင်း၊ ထိုင်းနိုင်ငံဒူးရင်းသီးအသင်းမှ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌကလည်း လာမည့်လများတွင် တရုတ်နိုင်ငံသည် ၎င်း၏နယ်စပ်ဂိတ်များကို ပိတ်လိုက်ဖွင့်လိုက်ဆက်လက် ဆောင်ရွက်နိုင်ဖွယ်ရှိသဖြင့် ဧပြီလ ဒူးရင်းသီးဆွတ်ခူးချိန်တွင် အသီးထုပ်ပိုးမှုဆိုင်ရာ စံနှုန်းသတ်မှတ် ချက်များနှင့် ကုန်သေတ္တာများကို ပိုးသတ်ခြင်းလုပ်ငန်းစဉ်များ ကောင်းမွန်လာစေရေးအတွက် ဆောင်ရွက်လျှက်ရှိသည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-စင်ကာပူမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

 

အီးယူစီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းသဖွယ်ဖြစ်လာနိုင်ခြင်း

          ဖွံ့ဖြိုးတိုးတက်လာနေသည့် အာရှပစိဖိတ်ဒေသဈေးကွက်၌ ရင်းနှီးမြှုပ်နှံမှုပြုရန် အီးယူရှိ အသေးစားအလတ်စားလုပ်ငန်းများ(SMEs)အတွက် အခွင့်အလမ်းကောင်းတစ်ခုသဖွယ် ဖြစ်လာနိုင် သည်ဟု Euractiv Website ၌ ဖော်ပြထားကြောင်း၊ အီးယူ၏စီးပွားရေးသည်လည်း ကပ်ရောဂါ၏ ကနဉီးထိုးနှက်ချက်များမှ ပြန်လည်နိုးထလာနေပြီဖြစ်သော်လည်း ကမ္ဘာကုန်စည်ထုတ်လုပ်မှု ထောက်ပံ့ရေးလုပ်ငန်းကွင်းဆက်တွင် အဟန့်အတားများရှိနေခြင်းနှင့် အိုမီခရွန်နှင့် ဒယ်လ်တာဗီဇ ပြောင်း ဗိုင်းရပ်စ်မျိုးကွဲများ ကူးစက်ပျံ့နှံ့နေခြင်း စသည့်အချက်များနှင့်အတူ အီးယူနှင့် အာရှပစိဖိတ် ဒေသနှစ်ခုစလုံး၏စီးပွားရေးပြန်လည်နိုးထနိုင်မည့်အလားအလာအပေါ် သတိပြုရမည့်အခြေအနေ လည်းရှိကြောင်း၊ယင်းသို့စိန်ခေါ်မှုများရှိနေစေကာမူ အီးယူနှင့် အာရှပစိဖိတ်ဒေသနှစ်ခုအကြား ကုန် သွယ်မှုဆက်ဆံရေးအပေါ် အပြန်အလှန်မှီခိုမှုနှင့် စီးပွားရေးအရ အပြန်အလှန် အမှီသဟဲပြုနေမှုတို့သည် ခိုင်မာပြီးဖြစ်ကြောင်း၊ စူးအက်တူးမြောင်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ခြင်း၊ လေကြောင်းကုန်စည်ပို့ဆောင်မှု ကျဆင်းခြင်းကဲ့သို့သော ကုန်စည်ထုတ်လုပ်စီးဆင်းမှုထောက်ပံ့ရေးလုပ်ငန်း ကွင်းဆက်အပေါ် ရိုက်ခတ်မှုများသည်  အချို့စီးပွားရေးလုပ်ငန်းများအား ကုန်သွယ်မှုစွန့်စားရနိုင်ချေကို ပြည်လည်ဆန်းစစ်ရန် တွန်းပို့နိုင်ကြောင်း၊ အီးယူစီးပွားရေးလုပ်ငန်းများအနေဖြင့် အာရှပစိဖိတ်ဒေသ၌ စားသုံးသူအသစ် သန်းပေါင်းများစွာကို ဈေးကွက်ရရှိနိုင်မည့်အပြင် ကိုဗစ်အလွန် စီးပွားရေးပြန်လည်နာလန်ထူမှုကို လွယ်ကူ ချောမွေ့စေပြီး နိုင်ငံတကာကုန်သွယ်မှုကို ပြန်လည်ရှင်သန်စေနိုင်မည်ဖြစ်ကြောင်း၊ SMEs လုပ်ငန်းများသည် အီးယူစီးပွားရေးတွင် ကျောရိုးသဖွယ်ဖြစ်ကာ စီးပွားရေးလုပ်ငန်းကဏ္ဍအားလုံး၌ တန်ဖိုး ထပ်ဖြည့်ပေးသည့်အင်ဂျင်များလည်းဖြစ်ကြောင်း၊ SMEs လုပ်ငန်းများသည် အလုပ်အကိုင်သန်းပေါင်းများစွာကို ဖန်တီးပေးထားပြီး အီးယူGDP၏ထက်ဝက်ကျော်ကို ကိုယ်စားပြုကြောင်း၊ အီးယူရှိ SMEs လုပ်ငန်းအရေအတွက် (၆)သိန်းခန့်သာ အီးယူပြင်ပသို့ ပို့ကုန်တင်ပို့နိုင်သေးသဖြင့် နိုင်ငံတကာ ကုန်သွယ်မှုတွင် SMEs လုပ်ငန်းများ ပါဝင်မှုမှာ နည်းပါးနေပြီး ၎င်းတို့၏ယေဘူယျ အခက်အခဲများမှာ အကောက်ခွန်နှုန်းထားများ၊အခွန်အခများ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်ယုံကြည်စိတ်ချရသော စီးပွားရေးလုပ်ငန်းကွန်ယက်များ ရှာဖွေရခြင်းတို့ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဘယ်လ်ဂျီယံနိုင်ငံအစိုးရက  လျှပ်စစ်ဓါတ်အားအပေါ် Value-Added Tax နှုန်းထားလျှော့ချ ကောက်ခံသွားမည်

          စွမ်းအင်ဈေးနှုန်းမြင့်တက်နေမှုကြောင့် စားသုံးသူများအပေါ် ထိခိုက်မှုအကာအကွယ်‌ပေးရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဘယ်လ်ဂျီယံနိုင်ငံအစိုးရက လျှပ်စစ်ဓါတ်အားအပေါ် တန်ဖိုးဖြည့်အခွန်(Value-Added Tax-VAT)နှုန်းထားအား (၁-၃-၂-၂၀၂၂)ရက်မှ(၁-၇-၂၀၂၂ )ရက်နေ့ထိ ကာလအတွက် (၂၁%)မှ(၆%)သို့ လျှော့ချကောက်ခံသွားမည်ဖြစ်ကြောင်း၊ စွမ်းအင်ဈေးမြင့်တက်မှုသည် ခက်ခဲသော အခြေအနေတစ်ရပ်ဖြစ်ပြီး အစိုးရအနေဖြင့် မြေပြင်တွင် အမှန်တကယ် ဖြစ်ပေါ်နေသော အခြေအနေများကို တုံ့ပြန်နိုင်မည့်အစီအမံများအား ဟန်ချက်ညီအောင်ဆောင်ရွက်နေကြောင်း၊ ဘယ်လဂျီယံနိုင်ငံအစိုးရ၏ ထိုသို့အခွန်လျှော့ချကောက်ခံမည့် အစီအမံကြောင့် အိမ်ထောင်စုတစ်ခုချင်းစီအား စွမ်းအင်သုံးစွဲမှုကုန်ကျစရိတ်အတွက် အထောက်အကူပေးနိုင်မည်ဖြစ်ကြောင်း၊ ဝင်ငွေနိမ့်ပါးသည့် မိသားစုများအတွက် ထပ်ဆောင်းအစီအမံများလည်းရှိကြောင်း၊ ဓါတ်ငွေ့ သုံးစွဲမှုအပေါ် အလားတူအခွန်လျှော့ချရန် ရှိ/မရှိနှင့်စပ်လျဉ်း၍ လျှော့ချကောက်ခံသွားမည်မဟုတ်ကြောင်း၊ စွမ်းအင်ဈေးနှုန်းမြင့်တက်မှုဆိုင်ရာ အထောက်အကူပြု အစီအစဉ်အတွက် ယူရို(၁.၁) ဘီလျံခန့်ကုန်ကျမည်ဖြစ်ပြီး အိမ်ထောင်စုများအတွက် ပျမ်းမျှယူရို(၁၆၅)ခန့် အခွန်လျှော့ချပေးနိုင် မည်ဟု ဘယ်လ်ဂျီယံနိုင်ငံ၏ စွမ်းအင်ဝန်ကြီးကပြောကြားခဲ့ကြောင်း၊ အီးယူအဖွဲ့ဝင်နိုင်ငံအများစုသည် စွမ်းအင်ဈေးနှုန်းမြင့်တက်မှုကို ခုသာခံသာရှိစေရေးအစီအမံများကို ဆောင်ရွက်ထားကြကြောင်း၊ ဘူလဂေးရီးယားနိုင်ငံက စွမ်းအင်ဈေးနှုန်းများ သတ်မှတ်ပြဌာန်းရန်ကိစ္စအား ၂၀၂၂ ခုနှစ်၊ မတ်လကုန်အထိဆိုင်းငံ့ထားပြီး စပိန်နိုင်ငံနှင့်ပြင်သစ်နိုင်ငံတို့သည် စွမ်းအင်သုံးစွဲခများမြင့်တက်မှုကို ထိန်းချုပ်‌ဆောင်ရွက်ထားကြကြောင်း၊ ဆွီဒင်နိုင်ငံအပါအဝင် အခြားနိုင်ငံများက ထိခိုက်မှုအရှိဆုံး အိမ်ထောင်စုများအတွက် ပံ့ပိုးပေးခြင်းများကို ဆောင်ရွက်ထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ကုန်သွယ်ရေးနှင့်စီးပွားရေးသတင်း

ထိုင်းနိုင်ငံသို့ ပြောင်း အလုံးအရင်းတင်ပို့နေ

          မြန်မာ့ပြောင်းကို အခွန်လွတ်စနစ်ဖြင့် စတင်တင်ပို့ခွင့်ပြုသည့် ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ပြောင်းဆံများကို မြဝတီနယ်စပ်မှတဆင့် ထိုင်းနိုင်ငံဘက်သို့ အလုံးအရင်းဖြင့်တင်ပို့နေရာ (၄) ရက်နေ့တွင်  မြဝတီနယ်စပ်မှတဆင့် ကားအစီးရေ(၁၀၀)ကျော် ထိုင်းနိုင်ငံဘက်သို့ စတင် တင်ပို့ခဲ့ ကြောင်း၊ သို့သော် ယခင်နှစ်က ကားအစီးရေ(၃၀၀)ဖြင့် စတင် တင်ပို့နိုင်ခဲ့သဖြင့် ယခုနှစ်တွင်  အစီးရေ နည်းသွားပြီး ထိုင်းနိုင်ငံဘက်က အခွန်လွတ်တင်ပို့ခွင့် စာရွက်စာတမ်းယူရာ၌ အချိန်နှောင့်နှေးမှုများရှိ၍ ယခုကဲ့သို့ တင်ပို့မှုနည်းပါးရခြင်းဖြစ်ကြောင်း၊ထိုင်းနိုင်ငံက မြန်မာ့ပြောင်းများကို ဖေဖော်ဝါရီ(၁)ရက်နှင့် ဩဂုတ်(၃၁)ရက်ကြား အခွန်ကင်းလွတ်ခွင့်ဖြင့်တင်သွင်းပြီး ကျန်ကာလများတွင်မူ ၎င်းနိုင်ငံက တောင်သူများကိုကာကွယ်ရန်အတွက် အခွန်စည်းကြပ်မှုကို ၇၃% အထိ သတ်မှတ်လုပ်ဆောင် ကြောင်း၊ အခွန်ကောက်ခံသည့် စက်တင်ဘာလမှ ဇန်နဝါရီလကုန်ထိ ကြားကာလများ၌ မြန်မာ့ ပြောင်းဆံများကို အမှုန့်လုပ်၍ တင်ပို့မှုရှိသော်လည်း အမှုန့်လုပ်တင်ပို့ရာတွင် အခက်အခဲရှိသဖြင့် မြန်မာ့ပြောင်းကို အခွန်လွတ်စနစ်ဖြင့် တစ်နှစ်ပတ်လုံး တင်ပို့ခွင့်ရပါက ပိုမိုကောင်းမွန်သည်ဟု ကုန်သည်များကပြောဆိုကြကြောင်း၊မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ နယ်စပ်ကတဆင့် အခြားလယ်ယာ ထွက်ကုန်များကိုပါ တင်ပို့‌သော်လည်း ပြောင်းမှာမူ အခွန်ကင်းလွတ်ချိန်(၇)လတာအတွင်း အများဆုံး တင်ပို့တဲ့ထွက်ကုန်ဖြစ်ကြောင်း၊လတ်တလော၌ ထိုင်းနိုင်ငံဘက်သို့ ရှမ်းပြည်တောင်ပိုင်းနှင့်မြောက်ပိုင်း မှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းဆံများကိုသာအဓိကတင်ပို့နေပြီး ပြောင်းထွက်ချိန်နောက်ကျသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် အခြားဒေသများက ပြောင်းကို နောက်ပိုင်းမှသာတင်ပို့ကြောင်း သိရှိရ ပါသည်။

(Source: Current Content)

ကုန်သွယ်မှု၌စိန်ခေါ်မှုများအား ကျော်လွှားနိုင်ရန်အစီအမံများချမှတ်သွားမည်

          ကမ္ဘာတစ်ဝှမ်း ဆက်လက်ဖြစ်ပွားလျှက်ရှိသည့် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်သွယ်မှုအပေါ် ထိခိုက်မှုများစွာဖြစ်ပေါ်လျက်ရှိသော်လည်း တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်မှုတည်ငြိမ်စေရေးအတွက် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်၌ ကုန်သွယ်မှုပမာဏမြင့်မားခဲ့သည့်အတွက် ၂၀၂၂ ခုနှစ်အတွင်း၌  အဆိုပါပမာဏထက် ကျော်လွန်ရန် ခက်ခဲမည်ဖြစ်ရာ ယခုနှစ်အတွင်း ပြည်ပကုန်သွယ်မှုတည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ဉီးစားပေးလုပ်‌ဆောင်သွားမည်ဖြစ်သကဲ့သို့ အရေအတွက်ထက် အရည်အသွေး ပိုမိုကောင်းမွန်စေရေး ဉီးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း ပြည်ပကုန်သွယ်မှု အား တည်ငြိမ်စွာဖြင့် သင့်တော်သည့်အတိုင်းအတာအတွင်း ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်သော်လည်း ယခုနှစ်အတွင်း ဝယ်လိုအားနှင့်ရောင်းလိုအားတို့သည် မသေချာမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း၊ ဝင်ငွေနည်းပါးသည့်နိုင်ငံများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများအကြား ပြန်လည်နလန်ထူလာနိုင်သည့်အခြေအနေ ကွာဟချက် ဆက်လက်ကြီးမားလျက်ရှိရာ မတူညီသောနိုင်ငံများအကြား စီးပွားရေး ပြန်လည်နလန်ထူလာနိုင်မှုသည် ကွဲပြားလျက်ရှိကြောင်း၊ ထိုကဲ့သို့ပင် အချို့သောနိုင်ငံများအနေဖြင့် စီးပွားရေးကုစားမှုမူဝါဒများအား အမြန်ရုပ်သိမ်းခြင်းသည် ဝယ်လိုအားကိုကျဆင်းစေပြီး ဈေးနှုန်း အတက်အကျ ဖြစ်ပေါ်စေခြင်းကြောင့် တရုတ်နိုင်ငံ၏ တင်ပို့မှုနှင့်ဆက်နွယ်သည့် လုပ်ငန်းများအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လာကြောင်း၊ ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးချိတ်ဆက်ကူးပြောင်းမှု အပြောင်းအလဲများအား ကာလတိုအတွင်း ဖယ်ရှားနိုင်မည်မဟုတ်ကြောင်း၊ အလားတူပင် ကုန်ကြမ်းပစ္စည်း ဈေးနှုန်းများ မြင့်မားခြင်း၊ semi-conductors ကဲ့သို့သော အ‌ရေးကြီးသည့်အစိတ်အပိုင်းများ ပြတ်လပ်ခြင်းစသည့် ပြဿနာရပ်များလည်းတည်ရှိဆဲဖြစ်ကြောင်း၊ ပြည်တွင်းရှိကုန်သွယ်မှုလုပ်ငန်းများ (အထူးသဖြင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ)၏ ကုန်ကျစရိတ်များသည်လည်း သိသာစွာ မြင့်မားလာရာ ကုန်သွယ်မှုကဏ္ဍတွင် အရေးပါသည့်ယှဉ်ပြိုင်မှုများ ပိုမို‌ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ် အတွင်း  စီမံ‌ဆောင်ရွက်မှုများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(ရင်းမြစ်- ပေကျင်းမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဩစတြေးလျဝါဂွမ်းစိုက်ပျိုးသူများက စံချိန်တင်တန်ဖိုးရရှိရန်မျှော်မှန်း

          ဩစတြေးလျ ဝါဂွမ်းစိုက်ပျိုးသူများသည် ယခုရာသီတွင်ဒုတိယအများဆုံးသီးနှံအဖြစ် စံချိန်တင် ထုတ်လုပ်နိုင်မည်ဟုခန့်မှန်းထားပြီး ပို့ကုန်တန်ဖိုးသည် လက်ရှိပေါက်ဈေးအရ ဩစတြေးလျဒေါ်လာ ၃.၅ ဘီလီယံအထိ‌ရောက်ရှိမည်ဟုခန့်မှန်းထားကြောင်း၊ ဝါ ထုတ်လုပ်မှုသည်  လုပ်ငန်းကဏ္ဍအတွက် ရလာဒ်ကောင်းတစ်ခုဖြစ်လာလိမ့်မည်ဖြစ်ပြီး ချည်ထည် ၅ သန်းနှင့် ၅.၂ သန်းအကြား ထုတ်လုပ်ရရှိနိုင်မည်ဖြစ်ရာ  စံချိန်တင် ဒုတိယအများဆုံးသီးနှံ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း၊ ဩစတြေးလျစိုက်ပျိုးသူများသည်  ချည်ထုတ်ပေါင်း ၅ သန်း‌ကျော် ထုတ်လုပ်နိုင်ခဲ့သည့် ၂၀၁၁ -၂၀၁၂  ခုနှစ်က  သတ်မှတ်ထားသော ယခင်စံချိန်တင် ပို့ကုန်တန်ဖိုးထက် ဩစတြေးလျဒေါ်လာ ၃ ဘီလီယံ ကို ကျော်လွန်ခန့်မှန်းခဲ့ကြောင်း Cotton Australia မှ အထွေထွေမန်နေဂျာက ပြောကြားခဲ့ကြောင်း၊ ခန့်မှန်းစံချိန်တင် တန်ဖိုးသည် မိုးခေါင်ရေရှားမှုဒဏ်ခံရသော ထုတ်လုပ်မှုဧရိယာအများအပြားက ကောင်းမွန်သော ရာသီဥတုအခြေအနေသို့ ပြန်လည်ရောက်ရှိလာခြင်းနှင့် ချည်ထုတ်တစ်ထုတ်လျှင် ဩစတြေးလျ ဒေါ်လာ ၈၄၀ ခန့်အထိ ကမ္ဘာ့ဈေးနှုန်းများ ခိုင်မာလာခြင်းတို့၏ ရလဒ်များကြောင့်ဖြစ်ကြောင်း၊ ဝါဂွမ်း ဈေးနှုန်းမှာ ခိုင်မာလျှက်ရှိပြီး စံချိန်တင်အဆင့်မဟုတ်သော်လည်း တသမတ်တည်း ခိုင်မာနေခဲ့ကြောင်း၊ ဩစတြေးလျ ဝါဂွမ်းလုပ်ငန်းသည်  ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုတင်းမာမှု အကျပ် အတည်းထဲသို့ကျရောက်ခဲ့ရပြီး အဓိကဈေးကွက်သို့ တင်ပို့မှုရပ်တန့်သွားပြီးနောက် ချည်ဈေးကွက် ရှာဖွေသူများသည် အခြားချည်‌ဈေးကွက်များသို့‌အောင်မြင်စွာ လမ်းကြောင်းလွှဲ တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုအခါ ဗီယက်နမ်နိုင်ငံက ဩစတြေးလျ    ဝါဂွမ်းများကို ဝယ်ယူလျက်ရှိပြီး ကိုရီးယားနှင့်အင်ဒိုနီးရှား နိုင်ငံတို့ကလည်း ပြန်လည်ဝယ်ယူလျက်ရှိသည့်အပြင် တူရကီနိုင်ငံကလည်း ဝယ်ယူလျှက်ရှိရာ ဩစတြေးလျဝါဂွမ်းသည် ကွဲပြားသော ဈေးကွက်များသို့တင်ပို့လျက်ရှိကြောင်း၊ ထောက်ပံ့ရေး ကွင်းဆက်များရှိ ကိုဗစ်ဆိုင်ရာအနှောက်အယှက်များကြောင့် ယခုရာသီတွင်ကမ္ဘာ့ဈေးနှုန်းများသည် စံချိန်တင်မြင့်တက်နေပြီး ကမ္ဘာလုံးဆိုင်ရာ ဝါဂွမ်းထောက်ပံ့မှု၏ ၅ % မှ ၁၀% သည် ထောက်ပံ့ ပို့‌ဆောင်ရေးဆိုင်ရာအကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း၊ ဝါဂွမ်းများရှိသော်လည်း ချည်ငင် စက်ရုံသို့မ‌ရောက်မီ အကူးအပြောင်းတွင် ပိတ်မိနေခြင်းများလည်းဖြစ်ပေါ်လျှက်ရှိကြောင်း၊ ကပ်ရောဂါကြောင့် အပိုထုတ်လုပ်မှု ကုန်ကျစရိတ်များကလည်း ဝါဂွမ်းဈေးနှုန်းကို မြင့်တက်စေသည့်အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ကင်ဘာရာမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဇန်နဝါရီလအတွင်း ပခုက္ကူကုန်စည်ဒိုင်တွင် ရောင်းဝယ်ဖောက်ကားလျက်ရှိသည့် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံတို့၏ ဈေးနှုန်းဈေးကွက်အခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးသည် ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်မြှင့်တင်နိုင်ရေးအတွက် တိုင်း/ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်ဖြင့် (၃.၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူကုန်စည်ဒိုင် အသင်းဝင် ကုန်သည်ပွဲစား လုပ်ငန်းရှင်များ၏ ဆီထွက်သီးနှံနှင့်ပဲမျိုးစုံ ရောင်းဝယ်ရေးပွဲရုံများသို့ သွားရောက်၍ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံရောင်းဝယ်ဖောက်ကားမှု ဈေးနှုန်းဈေးကွက်အခြေအနေကို ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။

        ကွင်းဆင်းလေ့လာမှုအရ ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိသော ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ၏ ဈေးနှုန်းဈေးကွက် တင်ပို့ဖြန့်ဖြူးမှုအခြေအနေကို ကုန်စည်ဒိုင်အသင်းဝင် ပဲမျိုးစုံရောင်းဝယ်ရေး ကုန်သည်မှ ပြောကြားရာတွင် ပဲစဉ်းငုံသီးနှံကို ပခုက္ကူ၊ မြိုင်၊ ပေါက် ၊ရေစကြိုမြို့နယ်များမှ သီးနှံပေါ်စ ဇန်နဝါရီလဆန်းမှစ၍ (၁)ရက်လျှင် ၁တင်းခွဲဝင်အိတ်(၃၀၀၀)၊ (၁၇၁) တန်ခန့် နေ့စဉ်ဝင်ရောက်လျက် ရှိကြောင်း၊ သီးနှံပေါ်စ ဇန်နဝါရီလဆန်းတွင် တစ်တင်းလျှင်(၃၅၀၀၀)ကျပ်မှ လလယ်တွင် (၄၅၀၀၀) ကျပ်အထိ ဈေးနှုန်းမြင့်တက်ပြီး  ဇန်နဝါရီလ နောက်ဆုံးပတ်တွင် (၄၂၅၀၀)ကျပ်သို့ ဈေးအနည်းငယ် ကျဆင်းသွားသော်လည်း ဈေးနှုန်းအတက်အကျ များစွာကွာဟမှုမရှိကြောင်း၊ ယခုနှစ် ပဲစဉ်းငုံ သီးနှံ ဈေးမှာ သီးနှံပေါ်စကပင် ဈေးကောင်းရရှိကြောင်း၊ ယခုလက်ရှိအချိန်တွင် ပဲစဉ်းငုံ တစ်တင်းဈေးနှုန်းမှာ (၄၂၅၀၀) ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

          ပခုက္ကူကုန်စည်ဒိုင်သို့ ဆီထွက်သီးနှံဖြစ်သော နှမ်းနက်(စမုံ)၊ နှမ်းဖြူ၊ နှမ်းညိုများလည်း ပခုက္ကူ၊ မြိုင်နှင့် ပေါက်မြို့နယ်များမှ ဇန်နဝါရီလဆန်းမှစ၍ နေ့စဉ်ဝင်ရောက်လျက်ရှိရာ (၁)ရက်လျှင် နှမ်းနက်(စမုံ) အိတ်(၁၀၀၀)၊ (၅၇)တန်ခန့်၊ နှမ်းဖြူ အိတ်(၁၀၀)၊ (၆)တန်ခန့်၊ နှမ်းညို(၂၅)အိတ်၊ (၁)တန်ခန့်၊ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုလဆန်းပိုင်းတွင် နှမ်းများ လှိုင်လှိုင်ဝင်ရောက်လာပြီဖြစ် ကြောင်း၊ ဈေးနှုန်းမှာ သီးနှံအရည်အသွေးကိုလိုက်၍ အမျိုးမျိုးကွဲပြားလျက်ရှိရာ နှမ်းနက်(စမုံ) တစ်တင်း လျှင် အမြင့်ဆုံးဈေး(၇၂၀၀၀)ကျပ်မှ အနိမ့်ဆုံးဈေး(၄၅၀၀၀)ကျပ်၊ နှမ်းဖြူ(၁)တင်းလျှင် အမြင့်ဆုံးဈေး (၅၃၀၀၀)ကျပ်မှ အနိမ့်ဆုံးဈေး(၅၀၀၀၀)ကျပ်၊ နှမ်းညို (၁)တင်းလျှင် အမြင့်ဆုံးဈေး(၄၁၀၀၀)ကျပ်မှ အနိမ့်ဆုံးဈေး(၃၈၀၀၀)ကျပ်အထိ ဈေးနှုန်းရှိ ကြောင်း သိရှိရပါသည်။

         ယခင်နှစ်တွင် နှမ်းဖြူနှင့် နှမ်းညိုမှာ ပခုက္ကူဒေသတွင်းနှင့် ရန်ကုန်သို့ အဓိက တင်ပို့လျက်ရှိပြီး၊ နှမ်းနက်(စမုံ)မှာ ပြည်တွင်းသုံးစွဲမှု သာမကဘဲ ပြည်ပပို့ကုန်အဖြစ် မန္တလေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရကြောင်း၊ ယခုနှစ် သီးနှံပေါ်စအချိန်တွင် ပခုက္ကူကုန်စည်ဒိုင်မှ တစ်ဆင့် ကုန်သည်ပွဲစားများ ထံသို့ ဝင်ရောက်လျက်ရာ ကုန်စည်ဒိုင်တွင် ဈေးဖြတ်၍ ဝယ်ယူထားသော နှမ်းများကို မြို့ပေါ်ရှိ ကုမ္ပဏီပိုင်ရှင်အချို့မှ အိတ်ရေ(၃၀၀၀၀)ခန့်၊ နှမ်းတန်ချိန်(၁၇၁၅)တန်ခန့် ဝယ်ယူထားပြီး ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းမရှိဘဲ ပြည်တွင်းရှိ မကွေး၊ ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ကုမ္ပဏီလုပ်ငန်းရှင်များထံသို့သာ ပို့ကုန်အဖြစ် တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကုန်သွယ်ရေးနှင့်စီးပွားရေးသတင်း

အသေးစားလုပ်ငန်းများအတွက် တရုတ်နိုင်ငံ၏အခွန်သက်သာခွင့်

          တရုတ်နိုင်ငံတွင်  အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်သာကိုင်သာရှိသည့် စီးပွားရေးပတ်ဝန်းကျင်ကို တက်ကြွစွာ ဖန်တီးဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် အငယ်စားနှင့်အသေးစားလုပ်ငန်းများ၏ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးများကို လျော့ပါးသက်သာစေသောဘဏ္ဍာရေး အခက်အခဲများကို ဖြေရှင်းပေးသည့် စီမံဆောင်ရွက်မှုများ ပါဝင်ကြောင်း၊ တရုတ်နိုင်ငံက အသေးစားလုပ်ငန်းများအတွက် အဓိကဆောင်ရွက်ပေးထားသည့် အခွန်သက်သာခွင့်များတွင် အသေးစားနှင့် အမြတ်အစွန်းနည်းပါးသည့် လုပ်ငန်းများအတွက် ကော်ပိုရိတ်ဝင်ငွေခွန် ဖြတ်တောက်ပေးမှု၊ အသေးစားလုပ်ငန်းပိုင်ရှင်များအတွက် တစ်သီးပုဂ္ဂလဝင်ငွေခွန် လျှော့ချပေးမှု၊ အသေးစားအခွန်ဝန်ထမ်းများအတွက်  တန်ဖိုးဖြည့်အခွန်၊ အခြားအခွန်အခနှင့် အခကြေးငွေများ သက်သာခွင့်နှင့် အသေးစားနှင့်အငယ်စားလုပ်ငန်းများ၏ ဘဏ္ဍာရေးကုန်ကျစရိတ်များ ပိုမို သက်သာစေရန် အခွန်စီမံဆောင်ရွက်ပေးမှုများ ပါဝင်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-  နန်နင်းမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

စားအုန်းဆီဈေး ကြီးမြင့်မှုကို ကိုင်တွယ်ဖြေရှင်းမည်

          ယခင်နှစ်က တစ်ပုလင်းလျှင် ဘတ်ငွေ(၅၀-၆၀)သာရှိခဲ့သည့်စားအုန်းဆီဈေးနှုန်းများသည် ယခုကာလ(ဇန်နဝါရီလ)အတွင်း တစ်ပုလင်းလျှင်ဘတ်ငွေ(၇၀)အထိတက်သွားပြီးနောက် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဆိုပါဈေးနှုန်းမြင့်တက်သွားခြင်းကို ကိုင်တွယ် ဆောင်ရွက်မည်ဟုကတိပြုခဲ့ကြောင်း၊ စားအုန်းဆီဈေးနှုန်းများမြင့်တက်ရသည့် အကြောင်းအရင်း မှာ စားအုန်းဆီအစေ့နှင့်စားအုန်းဆီကြမ်းဈေးနှုန်းများမြင့်တက်ခဲ့၍ဖြစ်ရာ ဆီအုန်းစေ့ဈေးနှုန်းများ သည်(၅)နှစ်တာကာလအတွင်း ဘတ်ငွေ(၁၀-၁၁)ထိ မြင့်တက်ခဲ့ရာ ထိုသို့ဈေးနှုန်းမြင့်မားမှုသည် တောင်သူများကို အကျိုးရှိစေမည်ဖြစ်သော်လည်း စားသုံးသူများကိုထိခိုက်စေကြောင်း၊ စိုက်ပျိုးသူ လယ်သမားများ၊ ထုတ်လုပ်သူများနှင့် စားသုံးသူများစသည့် သက်ဆိုင်သူအားလုံးတို့အတွက် ဟန်ချက်ညီမျှတစွာ အကျိုးရှိစေရန်အတွက် ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာနနှင့် လုပ်ငန်းအဖွဲ့ကို

ညွှန်ကြားခဲ့သည်ဟု ပြောကြားခဲ့ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ အစိုးရက ဈေးကွက်တွင်ဝင်ရောက် စွက်ဖက်၍ စားအုန်းဆီကို ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ထည့်သွင်းရန်မဖြစ်နိုင်ကြောင်း၊ ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ အဆိုအရ ကုန်တိုက်များနှင့် လက်လီလက်ကားဆိုင်များတွင် ရောင်းချသော စားအုန်းဆီဗူးများ၏ ဈေးနှုန်းများသည် ၎င်းတို့၏ဈေးနှုန်းများကို ထိန်းသိမ်းပေးရန် ဌာနမှတောင်းဆိုညှိနှိုင်းထားသည့် ဈေးနှုန်းအတိုင်းအတာအတွင်း ထိန်းသိမ်းထားဆဲဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ဆီအုန်းထွက်ရှိချိန်၌ ‌ဈေးနှုန်းအခြေအနေ ပိုမိုကောင်းမွန်လာမည်ဟု ခန့်မှန်းထားကြောင်း၊ ထိုင်းနိုင်ငံတွင် စားအုန်းဆီကြမ်းသိုလှောင်ထားရှိမှုမှာ တန်ချိန် (၁၇၀၀၀၀)သာရှိရာ တိုင်းပြည်လိုအပ်ချက်ဖြစ်သည့် တန်ချိန်(၃၀၀၀၀၀)နှင့်နှိုင်းယှဉ်ပါက သိသာစွာ နည်းပါးလွန်းသည်ဟု ယူဆရကြောင်း၊ စားအုန်းဆီကြမ်းဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် (၅၆)ဘတ်ရှိရာ ၎င်းမှာယခင်နှစ်ကာလတူ ဇန်နဝါရီလကရရှိခဲ့သည့်(၃၅)ဘတ်ထက် ပိုမို မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းစားအုန်းဆီကြမ်းဈေးနှုန်းမှာ ကမ္ဘာ့ဈေးကွက်ပေါက်ဈေးနှုန်းဖြစ်သည့် (၄၄)ဘတ်ထက် တစ်ကီလိုဂရမ်လျှင် (၁၂-၁၃)ဘတ်ခန့် မြင့်တက်နေကြောင်း၊ ယခုနှစ်တွင် ဆီအုန်းစေ့တန်ချိန်(၁၇)သန်းခန့်ထောက်ပံ့ဖြည့်တင်းနိုင် လိမ့်မည်ဟု စိုက်ပျိုးရေးစီးပွားရေးရုံးမှ ခန့်မှန်းထားကြောင်း၊ ပြည်တွင်းဝယ်လိုအားအနေဖြင့် ပြည်တွင်းထောက်ပံ့ဖြည့်ဆည်းမှုနှင့် အနီးစပ်ဆုံးကိုက်ညီမည်ဟု မျှော်မှန်းကြောင်း၊ စုစုပေါင်း ထောက်ပံ့ဖြည့်ဆည်းမှုတွင် တန်ချိန် (၁)သန်းမှာ စားအုန်းဆီထုတ်လုပ်ရန်နှင့် ကျန်ရှိသည် များမှာ ဇီဝဒီဇယ်အတွက်နှင့် သိုလှောင်ထားရန်အတွက်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဘန်ကောက်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ခရိုင်တစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ် မြှင့်တင်ဆောင်ရွက်

          အိန္ဒိယနိုင်ငံ၌ ပြည်တွင်းကုန်ထုတ်လုပ်မှုကိုမြှင့်တင်၍ပြည်ပသို့တင်ပို့နိုင်ရေး တွန်းအား ပေးဆောင်ရွက်လျှက်ရှိရာ အိန္ဒိယစက်မှုလုပ်ငန်းမြှင့်တင်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဉီးစီးဌာန (DPIIT) သည်ခရိုင်တစ်ခုထုတ်ကုန်တစ်ခု(ODOP Initiative)အကောင်အထည်ဖော်ဆောင်မှု ဆိုင်ရာညီလာခံဆွေးနွေးပွဲကို ဇန်နဝါရီ၊တတိယပတ်တွင် ကျင်းပခဲ့ရာ အဆိုပါဌာနမှ အရန် အတွင်းဝန်၊ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အစိုးရအဖွဲ့များမှအတွင်းဝန်များ၊ ပြည်နယ်စက်မှု လုပ်ငန်းမြှင့်တင်ရေးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း၊ ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်သည် သစ်ကြားသီးနှင့် ပန်းသီးတို့ကို ခရိုင်တစ်ခုထုတ်ကုန်တစ်ခု(ODOP)လုပ်ငန်းအဖြစ် Dubai Expo 2020 ၌ ပါဝင်ပြသလျက် ရောင်းသူဝယ်သူ ချိတ်ဆက်တွေ့ဆုံပွဲများပြုလုပ်ခြင်းဖြင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ဥတာပရာဒေ့ရှ်ပြည်နယ်သည် ၎င်း၏ခရိုင်များ အားလုံးမှ လက်မှုအနုပညာရှင်များနှင့် ကုန်ထုတ်လုပ်သူများအတွက် ODOP အကောင်အထည် ဖော်ဆောင်မှုကို စံနမူနာပြလုပ်ဆောင်နိုင်သကဲ့သို့ တြိပူရပြည်နယ်သည်လည်း ပြည်နယ် အစိုးရနှင့် ODOP အဖွဲ့များအကြား ပူးပေါင်းလုပ်ကိုင်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် လမ်းပြမြေပုံအားချမှတ်နိုင်ခဲ့ပြီး ခရိုင်(၈)ခုလုံးမှ ထုတ်ကုန်(၁)မျိုးစီအား ပြည်ပတင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ DPIIT ဌာနရှိ အိန္ဒိယရင်းနှီးမြှုပ်နှံမှုအေဂျင်စီသည် ODOP လုပ်ငန်းများအတွက် ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှု၊ စွမ်း‌ဆောင်ရည်မြှင့်တင်မှုနှင့်ကုန်သွယ်မှု လွယ်ကူစေရေး အစီအမံများကိုဆောင်ရွက်လျှက်ရှိကြောင်း၊ ပြည်နယ်များမှထုတ်ကုန်ရောင်းချ လိုသူများ၏ အချက်အလက်များကိုမျှဝေဖလှယ်၍ ဝယ်လက်များနှင့် ချိတ်ဆက်နိုင်ရေး ODOP လုပ်ငန်းအဖွဲ့များက ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် ခရိုင်တစ်ခု ထုတ်ကုန်တစ်ခု (ODOP)လုပ်ငန်းများ အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ပြည်နယ် တစ်ခုစီတွင် တာဝန်ယူ‌‌ဆောင်ရွက်မည့်အရာရှိများကို ခန့်အပ်မည်ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရ သည် ကျေးလက်ဒေသရှိ လက်မှုအနုပညာရှင်များ၏ ခရိုင်တစ်ခုထုတ်ကုန်တစ်ခု ODOP လုပ်ငန်းအစီအစဉ်မှ ထုတ်ကုန်များကို အင်တာနက်ကွန်ယက်စနစ်၌ အခြေပြုရောင်းချနိုင်ရေးအတွက် e-commerce  လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီကြီးများနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ DPIIT ဌာနမှ ညွှန်ကြားရေးမှူးက အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးတွင်  ODOP Initiative အား ကျယ်ပြန့်အောင်မြင်စွာ အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိရာ ပြည်နယ်များရှိ စက်မှုလုပ်ငန်းဌာနများအနေဖြင့် တက်ကြွစွာ ပါဝင်ပံ့ပိုးပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ပဲမျိုးစုံနှင့် ဆီထွက်သီးနှံပိုမိုစိုက်ပျိုးရန်အိန္ဒိယအစိုးရလျာထား

          အိန္ဒိယနိုင်ငံ  စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ ဖူလုံရေးဝန်ကြီးဌာနသည်  ယခု နှစ်အတွက် နွေသီးနှံစိုက်ပျိုးရေးသုံးသပ်မှုဆိုင်ရာ အမျိုးသားအဆင့်ညီလာခံဆွေးနွေးပွဲကို ဇန်နဝါရီနောက်ဆုံးပတ်တွင် Video Conference စနစ်ဖြင့်ကျင်းပခဲ့ရာ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ အဆင့်မြင့်အရာရှိများက နွေသီးနှံတိုးချဲ့စိုက်ပျိုးမည့်အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ ကြကြောင်း၊ ထိုသို့တိုးချဲ့စိုက်ပျိုးရန် လျာထားသည့်သီးနှံများတွင်  ပဲမျိုးစုံစိုက်ဧက ဟက်တာ (၂၁.၀၅) သိန်း၊ ဆီထွက်သီးနှံဟက်တာ(၁၃.၇၈)သိန်းနှင့် အခြားသီးနှံဟက်တာ (၁၇.၈၉)သိန်း ပါဝင်မည်ဖြစ်ကြောင်း၊နွေစပါးစိုက်ပျိုးမှုမှာ ယခင်နှစ်က ဟက်တာ (၄၀)သိန်းခန့်ရှိပြီး ယခုနှစ်တွင် ဟက်တာ (၃၀-၄၀)ခန့် စိုက်ပျိုးနိုင်ဖွယ်ရှိကြောင်း၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံအား စပါးစိုက်ပျိုးရန် ရည်မှန်းထားသည့် လှပ်မြေဧရိယာနေရာများ၌ တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း၊ အိန္ဒိယ၏ နွေသီးနှံပဲမျိုးစုံတွင် ပဲတီစိမ်းသည် အဓိကသီးနှံဖြစ်ရာ ယခင်နှစ်၌ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်များ တွင်  စုစုပေါင်းဟက်တာ(၁၄.၄၅)သိန်းခန့် စိုက်ပျိုးခဲ့ပြီး မတ်ပဲကို ဒုတိယအများဆုံးအဖြစ်  ဟက်တာ(၂.၉၈)သိန်းစိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ် နွေသီးနှံရာသီ၌ ပဲတီစိမ်း ဟက်တာ(၁၇.၅၈)သိန်း၊ မတ်ပဲ ဧရိယာဟက်တာ(၃.၁၃)သိန်းနှင့် အခြားပဲများကို ဟက်တာ(၀.၃၄)သိန်း စိုက်ပျိုးရန် လျာထားကြောင်း၊ နွေရာသီတွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို ယခင်နှစ်က စိုက်ဧက ဟက်တာ (၅.၉၅)သာ စိုက်ပျိုးရာမှ ယခုနှစ်တွင် ဟက်တာ(၇.၆၀) သိန်း၊ နှမ်းကို ယခင်နှစ်က စိုက်ဧက ဟက်တာ(၄.၂၇)သာစိုက်ပျိုးရာမှ ယခုနှစ်တွင် ဟက်တာ(၅.၂၅) သိန်းသို့ တိုးမြှင့်စိုက်ပျိုးရန်လျာထားကြောင်း၊ ယခုနှစ် စိုက်ပျိုးရေရရှိနိုင်မှုက နွေသီးနှံတိုးချဲ့စိုက်ပျိုး ရန်ကောင်းမွန်သည့်အခြေအနေကိုဖြစ်ပေါ်စေပြီး ဓါတ်မြေဩဇာသွင်းအားစု လုံလောက်စွာရရှိရေး အိန္ဒိယအစိုးရက စီမံ‌ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

 

ကုန်သွယ်ရေးနှင့်စီးပွားရေးသတင်း

ဟောင်ကောင်ဒေသသို့တင်သွင်းသည့်အစားအသောက်များဈေးနှုန်းမြင့်တက်နိုင်

          ဟောင်ကောင်‌ဒေသ၌  ကုန်ပစ္စည်းတင်လေယာဉ်များပြေးဆွဲမှုနှင့် လေယာဉ်ဝန်ထမ်းများ အသွားအလာကန့်သတ်စောင့်ကြည့်ရေးတို့နှင့်ပတ်သက်၍ တင်းကြပ်သော ဆောင်ရွက်မှုများကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာနိုင်ပြီး သစ်သီးဝလံများ၊ ပင်လယ်စာများနှင့် အွန်လိုင်း မှရောင်းချသည့် အဆင့်မြင့် ထင်ရှားသော အမှတ်တံဆိပ်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာနိုင်သော်လည်း တရုတ်ပြည်မကြီးမှ ကုန်တင်ကားများဖြင့် အဓိကတင်သွင်းသည့် ဟင်းသီးဟင်းရွက်များနှင့်အသားများ ဈေးနှုန်းတည်ငြိမ်မှုရှိနိုင်ကြောင်း၊ အလွယ်တကူပျက်စီးလွယ်သော သစ်သီးဝလံ များနှင့် ပင်လယ်စာအများစုမှာ ကုန်တင်လေယာဉ်ပြေးဆွဲမှု လျှော့ချခြင်းကြောင့် ထိခိုက်မှုရှိနိုင်ပြီး ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းကုန်ကျစရိတ်များကြောင့်စားသုံးသူများကို ရိုက်ခတ်လာနိုင်ကြောင်း၊ ပင်လယ်ရေကြောင်းမှ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ မြင့်တက်လာနိုင်သော်လည်း တရုတ်ပြည်မကြီးနှင့် ကုန်းလမ်းကြောင်းမှ သယ်ယူပို့ဆောင်စရိတ်မှာမူ တည်ငြိမ်မှုရှိနိုင်ကြောင်း၊ တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း အစားအစာများ ချက်ပြုတ်ရောင်းချရန် အသုံးပြုသည့် ဟင်းခတ်အမွှေးအကြိုင်များ၏ ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး စားသောက်ဆိုင်များအား ဆိုင်ပိတ်ချိန် ကန့်သတ်ထားမှုကြောင့် လတ်ဆတ်သောပင်လယ်စာများနှင့်အသားများ  ဈေးလျှော့ ရောင်းချရလျက်ရှိကြောင်း၊ အဆိုပါအားလပ်ရက်ပြီးလျှင် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများမှာ ပုံမှန်လုပ်ငန်းဆောင်ရွက်မှု၏ ၇၀-၈၀% ပြန်လည်လုပ်ကိုင်ဆောင်ရွက်လာနိုင်ကြောင်း၊ စားသောက်ဆိုင်များဖွင့်လှစ်ချိန် ကန့်သတ်ထားမှုကြောင့် ညစာအတွက်ရောင်းချရန် ငါးစီဖောင်း ကဲ့သို့သော ပင်လယ်အစားအစာအခြောက်အခြမ်းများကိုသာ ဝယ်ယူမှုများရှိနေသဖြင့် ပင်လယ်စာ လက်ကားရောင်းချသူများတွင် ပင်လယ်အစားအစာအခြောက်အခြမ်းများနှင့် အေးခဲအစား အစာများအပါအဝင် အနည်းဆုံး ဟောင်ကောင်ဒေါ်လာ (၁) ဘီလီယံခန့် တန်ဖိုးရှိပစ္စည်းများ လက်ကျန်ရှိနေကြောင်းသိရှိရပါသည်။

(ရင်းမြစ်-  ဟောင်ကောင်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

နယ်စပ်ဂိတ်မှတစ်ဆင့်မြန်မာနိုင်ငံသို့ကုန်သွယ်မှုဆိုင်ရာအစည်းအဝေးကျင်းပ

          အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်၊ မိုရေးမြို့ရှိ နယ်စပ်စုပေါင်းစစ်ဆေးရေးဂိတ်အား ဖြတ်သန်း၍ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများ လုပ်ကိုင်ဆောင်ရွက်ခြင်းဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလလယ်၌ ကျင်းပခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးသို့ LCS မိုရေးအကောက်ခွန် ဌာနမှူး၊ ICPမိုရေးဂိတ်မန်နေဂျာ၊ လက်ထောက်ကောလိပ်တော်အရာရှိနှင့် အမှတ် ၄၃ အာသံ ရိုင်ဖယ်တပ်(မိုရေး)မှ ဗိုလ်မှူးကြီး၊ နယ်စပ်ဂိတ်စခန်းနှင့် အိန္ဒိယလူဝင်မှု ကြီးကြပ်ရေးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ဒေသတွင်း တရားမဝင်ကုန်သွယ်မှုလုပ်ကိုင်ရန် မျက်နှာသာ ပေးလျှက်ရှိသော ကိစ္စရပ်များ၊ မိုရေးဂိတ်အားဖြတ်သန်း၍ တရားဝင်ကုန်သွယ်မှုလုပ်ဆောင်လာစေရေး မြှင့်တင်နိုင်မည့် နည်းလမ်းများ၊ မြန်မာနိုင်ငံနှင့်နယ်နိမိတ်ရှည်လျားစွာ ထိစပ်နေမှုအရ စိမ့်ဝင်လာနိုင်မှု၊ မြန်မာနိုင်ငံအားဖြတ်သန်း၍ တတိယနိုင်ငံတစ်ခုမှ ကုန်ပစ္စည်းများတင်သွင်းခြင်းအတွက် သီးခြားကုန်သွယ်ရေးသဘောတူညီချက်များကင်းမဲ့မှု၊ မိုရေးမြို့၌ ပြည်ဝင်ဗီဇာထုတ်ပေးနိုင်မည့် အခြေခံအဆောက်အအုံများမရရှိနိုင်မှုနှင့် အခြားအထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)      

RCEP တွင် တောင်ကိုရီးယားပါဝင်မှုပိုမိုလိုလား

          ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ၏ အလုပ်အမှုဆောင်အရာရှိ ထက်ဝက်ကျော်ခန့်သည် Regional Comprehensive Economic Partnership(RCEP) တွင် တရုတ်နိုင်ငံ၏ပါဝင်မှုထက် တောင်ကိုရီးယားနိုင်ငံပါဝင်မှုကို ပိုမိုလိုလားသည်ဟု စစ်တမ်းများအရသိရှိရကြောင်း၊ ဂျပန်နိုင်ငံ မှ စီးပွားရေးလုပ်ငန်း(၁၀၀)ခန့်၏အကြီးအကဲများအား မေးမြန်းဆောင်ရွက်ခဲ့သည့် စစ်တမ်းတွင် ၅၃.၂% က RCEP အကောင်အထည်ဖော်မှုအပေါ် အကောင်းမြင်ကြပြီး တရုတ်နိုင်ငံပါဝင်မှုအပေါ် ထောက်ခံကြသူ ၄၁.၁%ရှိကြောင်းနှင့် RCEP တောင်ကိုရီးယားနိုင်ငံ၏ ပါဝင်လာမှုအပေါ်ထောက်ခံသူ ၄၆.၄% ရှိကြောင်း၊ အထက်ပါ ၃ နိုင်ငံအနေဖြင့် မတူကွဲပြားသည့် သံတမန်မူဝါဒများနှင့် ကုန်သွယ်မှု မူဝါဒများ အသီးသီးရှိကြရာ ဂျပန်နိုင်ငံသည် RCEP သဘောတူစာချုပ်အရ တရုတ်နိုင်ငံ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်မည့် စီးပွားရေးလုပ်ငန်းများအား အကောက်ခွန်လျှော့ချပေးခြင်းနှင့် အခြားသော ကုန်သွယ်မှုဆိုင်ရာအတားအဆီးများကို ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  တရုတ်ကုမ္ပဏီများသည် ၎င်းတို့၏ ပြည်တွင်းမှအစပြုကာ ကမ္ဘာ့ထောက်ပံ့ပို့‌ဆောင်မှု ကွင်းဆက်တစ်ခုလုံးကို အခိုင်အမာထိန်းသိမ်းထားလိုသည့် သဘောဆန္ဒရှိသည်ဟု သုံးသပ်ထား ကြောင်း၊ RCEPလွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်တွင် တရုတ်၊ဂျပန်၊တောင်ကိုရီးယား၊ ဩစတြေးလျ၊နယူးဇီလန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ(၁၀)နိုင်ငံတို့ ပါဝင်ကြပြီး ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ တွင် ဂျပန်နှင့်တရုတ်နိုင်ငံတို့သည် သဘောတူစာချုပ်ကို အပြီးသတ်အတည်ပြုပြီးဖြစ်ကာ တောင်ကိုရီးယားနိုင်ငံသည် လာမည့်ဖေဖော်ဝါရီလတွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရှိ ရပါသည်။

(ရင်းမြစ်-တိုကျိုမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသောကုန်သွယ်ရေးနှင့်စီးပွားရေးသတင်းများ

အင်ဒီကာဆန်အပေါ် အီးယူက အခွန်သက်သာခွင့်ပြန်လည်ပေးအပ်မည်

          မြန်မာနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် အီးယူမှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ(LDCs)အား ပေး အပ်ထားသည့် EBA အကောက်ခွန်သက်သာခွင့်ကို ခံစားခွင့်ရှိကြောင်း၊ ၎င်းနှစ်နိုင်ငံမှ ဆန်လုံးရှည် အမျိုးအစား(အင်ဒီကာဆန်)ကို အီးယူဈေးကွက်သို့ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းဖြင့် တင်သွင်းမှုကြောင့် ထိခိုက်သည့် အီးယူလယ်သမားများအား အကာအကွယ်ပေးနိုင်ရေးအတွက် ၎င်းဆန်တင်သွင်းမှုအပေါ်  အီးယူက ယာယီအနေဖြင့် ၂၀၁၉ ခုနှစ်တွင်  အခွန်ပြန်လည်ကောက်ခံခဲ့ရာ ထိုသို့အခွန်ကောက်ခံမှုသည် လုံးလတ်ဆန်၊ လုံးတိုဆန်၊ ဆန်ကွဲတို့အပေါ် သက်ရောက်မှုမရှိခဲ့ဘဲ ယင်းသို့ အခွန် ပြန်လည်ကောက်ခံမှုကြောင့် ၎င်းနှစ်နိုင်ငံမှဥရောပသို့ဆန်တင်ပို့မှုဈေးကွက်တွင် အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ကမ္ဘောဒီးယားဆန်မွှေးသည် ထိုင်းဆန်မွှေးများနှင့် ဈေးကွက်ယှဉ်ပြိုင်ခဲ့ရကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအစိုးရက အီးယူ ၏ဆုံးဖြတ်ချက်ကိုဆန့်ကျင်၍ European Court of Justic သို့ ဉီးတိုက်လျှောက်ထားခဲ့ချိန်တွင် အီးယူ ဘက်၌ မြန်မာနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးမှ ၎င်းဆန်များတင်ပို့မှုအပေါ် အမြဲတမ်း အခွန်ကောက်ခံမှု ပုံစံသို့ ပြောင်းလဲခြင်းဖြစ်စေ၊ အခွန်ကောက်ခံမှုကို သက်တမ်းတိုးခြင်းဖြစ်စေဆောင်ရွက်ရန် ဖိအားပေးမှုများ ရှိခဲ့ကြောင်းသိရှိရပါသည်။

          မြန်မာနှင့်ကမ္ဘောဒီးယားနိုင်ငံတို့မှ ဆန်လုံးရှည်အမျိုးအစားအပေါ် အီးယူက ၂၀၁၉ ခုနှစ်စ၍ (၃)နှစ်အခွန် ကောက်ခံခဲ့ရာ မက်ထရစ်တန်(၁)တန်လျှင် ပထမနှစ်၌ ယူရို(၁၇၅)၊ဒုတိယနှစ်၌ ယူရို(၁၅၀)၊တတိယနှစ်၌ ယူရို(၁၂၅)နှုန်းဖြင့်ကောက်ခံခဲ့ကြောင်း၊ ဆန်လုံးရှည်အပေါ်  အီးယူမှ အခွန်ရုပ် သိမ်းခဲ့မှုကြောင့် အီးယူနှင့်မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဆန်ကုန်သွယ်မှုအလားအလာနှင့်ပတ်သက်၍ ယူဆချက်အမျိုးမျိုးရှိသော်လည်း လာမည့်လများအတွင်း  မြန်မာနိုင်ငံမှ အီးယူသို့ ဆန်တင်ပို့မှု မြင့်တက်လာနိုင်သည်ဟု ဆန်ဈေးကွက်အတွင်း ခန့်မှန်းထားမှုများလည်းရှိကြောင်း၊ သွင်းကုန် အခွန်ကြောင့် ဧည့်မထဆန်အမျိုးအစားမှ ကရင်မဆန်အမျိုးအစားသို့ ပြောင်းလဲဝယ်ယူခဲ့ကြရသည့် အီးယူဝယ်လက်များသည်  အခွန်ကင်းလွတ်ခွင့် ပြန်လည်ပေးအပ်မှုကြောင့် ယခင်နည်းတူ မြန်မာ့ ဧည့်မထဆန်ကို ပြန်လည်ဝယ်ယူလာနိုင်သဖြင့် ဝယ်လိုအား တိုးတက်လာဖွယ်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ဆန်များ အီးယူဈေးကွက်အတွင်း ပြန်လည်ဝင်‌ရောက်လာမည့် အလားအလာကြောင့် ဆန်ဈေးကွက်အတွင်း ဖိအားပြန်ရှိလာမည်ဟု အီတလီရှိ ဆန်ကုန်သည်တစ်ဉီးက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

          EBA အခွန် သက်သာခွင့်ဖြင့် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အင်ဒီကာဆန်အမျိုးအစားများ တင်သွင်းမှု မြင့်တက်ခဲ့ခြင်းကြောင့် အီးယူရှိ ပြည်တွင်းဆန်လုပ်ငန်းများအပေါ် ထိခိုက်မှုရှိခဲ့သဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့မှစတင်၍  အဆိုပါ ဆန်အမျိုးအစားတင်သွင်းမှုအပေါ် အီးယူက Safeguard Duties အဖြစ် (၃)နှစ်တာ ကာလအတွက် အခွန်ပြန်လည်ကောက်ခံခဲ့ခြင်းဖြစ်ပြီး အီးယူ၏ အခွန်ကောက်ခံမှုကာလသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့တွင် (၃)နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သဖြင့် သက်တမ်းကုန်ဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အင်ဒီကာဆန်အပေါ် အီးယူက အခွန်ပြဌာန်းပြီးနောက်ပိုင်းတွင် အီးယူသို့မြန်မာနိုင်ငံမှ ဂျာပိုနီကာဆန်အမျိုးအစားတင်သွင်းမှုမြင့်တက်လာကာ ၎င်းဆန်အမျိုးအစား ကိုပါ Safeguard Duties  ကောက်ခံရန် လိုအပ်ခြင်း ရှိ/ မရှိ သုံးသပ်ပေးစေလိုသည်ဟု ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပခဲ့သည့် အီးယူကောင်စီအစည်းအဝေး၌ အီတလီနိုင်ငံက ဆွေးနွေးခဲ့မှုများ ရှိကြောင်း၊ ယခုအခါ ဆန်လုံးရှည်အပေါ် အီးယူက Safeguard Duties ကောက်ခံသည့်ကာလမှာ သက်တမ်းကုန်ဆုံး၍ အခွန်သုညသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ရာ မြန်မာနိုင်ငံမှ ဆန်လုံးရှည် အမျိုးအစားကို အီးယူဘက်မှဝယ်လိုအား တိုးတက်လာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိနေကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဝါဈေးနှုန်းတက်လာသော်လည်းဝယ်လိုအားနည်းနေ

          ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်တွင် ဖြစ်ပေါ်ခဲ့သည့် 3128B  ဝါဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ(၂၂၄၅၅)ဖြစ်ပြီး ယခင်လကထက်(၂.၁၇%) မြင့်တက်လာပြီး  32S  ဝါချည်ခင် ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၃၀၃၈၃)ဖြစ်ပြီး ယခုလဆန်းပိုင်းထက် (၀.၀၇%) မြင့်တက်လာကြောင်း၊ မကြာသေးမီအချိန်အတွင်း ဝါ ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာရာ ကုန်သည်များက ဈေးပို ပေး၍ ဝယ်ယူလိုလာသည်ကိုတွေ့ရသကဲ့သို့ Zheng ဝါအမျိုးအစားမှာ အတက်ဖက်တွင် ရှိနေပြီး နိုင်ငံခြားဝါအမျိုးအစားမှာလည်းဈေးမြင့်တက်လာကြောင်း၊ ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ICE ဝါ အရောင်းမှာ တစ်ပေါင်လျှင်(၁၁၆.၀၂)ဆင့်ဖြစ်ပြီး နိုင်ငံတကာ ဝါ ဈေးနှုန်းအညွှန်းကိန်း(M)မှာ တစ်ပေါင်လျှင်(၁၃၁.၄၀)ဆင့်ဖြစ်သဖြင့် ယခင်ရက်သတ္တပတ်ထက် မြင့်တက်လာခြင်းဖြစ်သော် လည်း ဝါချည်ခင်နှင့်ကုန်ချောထုတ်သည့်လုပ်ငန်းများဘက်မှအမြတ်အစွန်းရရှိမှုမှာ ကျဆင်းလာပြီး ကုန်ထုတ်လုပ်ငန်းကွင်းဆက်မှာ အထစ်အငေါ့များဖြစ်နေကြောင်း၊ လက်ရှိအချိန်တွင် ထုတ်လုပ်သူ အများစု၌ အမှာစာများမလုံလောက်ဖြစ်နေပြီး ကျင်းစုနှင့် ကျဲ့ကျန်းပြည်နယ်များမှ ရက်ကန်းစက်ရုံ များ၊ပန်းရိုက်နှင့်ဆိုးဆေးစက်ရုံများမှာ ဇန်နဝါရီလလယ်ခန့်မှစ၍ နွေဉီးရာသီပွဲတော် အားလပ်ရက် သတ်မှတ်ရန်စီစဉ်နေကြခြင်း၊ ကပ်ရောဂါဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာသဖြင့် အဝတ်အထည်ဝယ်လိုအား နည်းလာခြင်းတို့ကြောင့် ရေတိုကာလတွင် ဝါဈေးကွက်မှာဈေးနှုန်းအမြင့်ပိုင်း၌ပင် အတက်အကျ ဆက်လက်ဖြစ်ပေါ်နေနိုင်ဖွယ်ရှိသော်လည်း ရေရှည်တွင် ပြန်လည်ကျဆင်းနိုင် ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နန်နင်းမြို့စီးပွား‌‌ရေးသံမှူးပေးပို့သည့်သတင်း)

ပန်းသီးနှင့်သစ်တော်သီးတင်ပို့မှုမြင့်တက်နိုင်ရန်အလားအလာရှိ

          တောင်အာဖရိကနိုင်ငံ၏ ပန်းသီးနှင့်သစ်တော်သီးများသည်  ယခုနှစ်ရာသီချိန်၌ မှတ်တမ်း တင်ပမာဏများစွာတင်ပို့နိုင်မည့်အခြေအနေရှိပြီး ပန်းသီးတင်ပို့နိုင်မှုအတွက် စက္ကူပုံးပေါင်း ၄၇.၄၇ သန်း(၆%)၊ သစ်တော်သီးတင်ပို့နိုင်မှုအတွက် စက္ကူပုံးပေါင်း ၁၉.၈၃ သန်း (၈%) တိုးမြှင့်တင်ပို့နိုင်ရန် ခန့်မှန်းထားသဖြင့် ၂၀၁၉ ခုနှစ်သီးနှံတင်ပို့မှုထက် ကျော်လွန်တင်ပို့နိုင်ရန် ခန့်မှန်းထားခြင်းဖြစ်ကြောင်း၊ Hortgro လုပ်ငန်းမှ Jacques du Preez က ယခုနှစ်ရာသီအတွက် ပန်းသီးနှင့်သစ်တော်သီးသည် အလားအလာများစွာကောင်းမွန်သောသီးနှံများဖြစ်ရာ ၂၀၂၂ ခုနှစ်အတွက် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့်  များစွာဆွတ်ခူးနိုင်ရန်မျှော်မှန်းထားကြောင်း၊ ယခင်နှစ် မိုးရေနှင့် အစိုဓါတ် လုံလောက်စွာရရှိမှုသည် စိုက်ပျိုးထုတ်လုပ်သူများအတွက်  လုံလောက်သောစိုက်ပျိုးရေ ရရှိခဲ့ခြင်းဖြစ်သဖြင့်  အသီးများစွာသီးနိုင်သည့် အခြေအနေရရှိခဲ့ကြောင်း၊ လက်ရှိရာသီဥတု ကောင်းမွန်နေမှုသည် သီးနှံကောင်းမွန်ပြီး အရည်အသွေးရှိသည့် သစ်သီးများရရှိမည့်အခြေအနေရှိသော်လည်း နွေဉီးရာသီ အအေးဓါတ်ပိုမှုနှင့် နွေရာသီအစောပိုင်း အပူချိန်မြင့်တက်မှုသည် အသီးအရွယ်ပမာဏကို ထိခိုက်နိုင်သည်ဟုပြောကြားထားကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် သစ်သီးအရည် အသွေးကောင်းမွန်နိုင်ရန် အကောင်းမြင်လျက်ရှိကြောင်း၊ ပန်းသီးဆွတ်ခူးသည့် ကုမ္ပဏီအချို့က ပန်းသီး ၆ % -၉ % နှင့် သစ်တော်သီး ၈%-၂၀% တိုးမြှင့်ဆွတ်ခူးနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ တောင်အာဖရိကနိုင်ငံပန်းသီးအတွက် အကြီးဆုံးဈေးကွက်များသည် အရှေ့ပိုင်းဒေသ၊ အရှေ့တောင် အာရှနှင့်အရှေ့အလယ်ပိုင်းဒေသများဖြစ်ပြီး သစ်တော်သီးမှာ အနောက်နိုင်ငံများ၏ ဈေးကွက်အပေါ်များစွာမှီခိုရလျက်ရှိကြောင်း၊ မကြာသေးမီကကြေငြာခဲ့သော တောင်အာဖရိကနိုင်ငံ၏ သစ်တော်သီးများကို တရုတ်နိုင်ငံအတွင်းရောင်းချနိုင်ရေးခွင့်ပြုချက်ရရှိခြင်းသည်အရှေ့ပိုင်းဒေသသို့ ပိုမိုမြှင့်တင် တင်ပို့နိုင်ရန်အတွက် မျှော်မှန်းချက်ထားရှိနိုင်ရေးပင်ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်- ပရီတိုးရီးယားမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ