Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အမေရိကန်နိုင်ငံ၏ အကောက်ခွန်စည်းကြပ်မှုများ အကျိုးဆက်အပေါ် ဖိလစ်ပိုင်နိုင်ငံ၏ အစားအသောက်တင်ပို့သူများ ကိုင်တွယ်ရန် ပြင်ဆင်

               ဖိလစ်ပိုင်နိုင်ငံ၏ အစားအသောက်တင်ပို့သူများသည် အမေရိကန်နိုင်ငံစားသုံးသူများထံမှ ဝယ်လိုအားလျော့ချရန်ကြိုးပမ်းနေကြသော်လည်း နိုင်ငံပိုင်ညှိနှိုင်းသူများက ဖိလစ်ပိုင်နိုင်ငံ ကုန်စည်များအပေါ် ၂၀ ရာခိုင်နှုန်းကောက်ခံခြင်းအားလျော့ချရန် အနောက်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေး သဘောတူညီချက်များ ပြုလုပ်နေသဖြင့် အခြေနေမှာ ဆက်လက်ကောင်းမွန် လျက်ရှိကြောင်း သိရပါသည်။

                 ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များနှင့် အစားအသောက်ထုတ်ကုန်များ အပေါ် အခွန်တိုးမြင့်ခြင်းသည် အမေရိကန်စားသုံးသူများအား အကျိုးသက်ရောက်စေပြီး ရလဒ် အနေဖြင့် လက်လီစျေးနှုန်းများ မြင့်တက်စေနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံ အစားအသောက် ထုတ်လုပ်သူများ နှင့် တင်ပို့သူများ အဖွဲ့အစည်းအရ သိရပါသည်။ အပြန်အလှန်အခွန်များကို လက်လီစျေးကွက်အထိ သက်ရောက်အောင် ကူးပြောင်းထားခြင်းကြောင့် အမေရိကန် စားသုံးသူများသည် ပိုမိုစျေးကြီးသော ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် အစားအသောက် ထုတ်ကုန်များကို ရှောင်ဖယ်ကာ တစ်ခြားစျေးသက်သာသော ထုတ်ကုန်များကို အစားထိုး လာနိုင်ကြောင်း PhilFoodex မှပြောကြားခဲ့ပါသည်။ အဆိုပါအခြေအနေသည် စီးပွားရေး ပျက်ကပ်ကို ရင်ဆိုင်ရနိုင်ကြောင်း ၎င်းအဖွဲ့အစည်းက ထပ်ပေါင်းပြောကြားခဲ့ပါသည်။

                 ဖိလစ်ပိုင်နိုင်ငံသည် တစ်ခြားသော အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဥ်လျှင် အခွန်ပိုမို တိုးမြင့် ကောက်ခံခြင်း ခံရသည့်အပြင် ၎င်း၏ အစားအသောက်လုပ်ငန်းသည်လည်း ထုတ်ကုန် စရိတ်များ မြင့်တက်လာမှုများကြောင့် အခက်အခဲများ နှင့် ရင်ဆိုင်နေရကြောင်း PhilFoodex ၏ ဥက္ကဌ Ruben See ကပြောကြားခဲ့ပါသည်။ ၎င်းသည် အစိုးရအား အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေး ညှိနှိုင်းမှုများကို ဆက်လက်ဆွေးနွေးရန်နှင့် အကောက် ခွန်များကို ၅ ရာခိုင်နှုန်းခန့် လျော့ချ‌‌‌‌ပေးရန် တိုက်တွန်းနေကြောင်း သိရပါသည်။

                 ဖိလစ်ပိုင်နိုင်ငံသည် ယခင်နှစ်က အမေရိကန်နိုင်ငံနှင့် စိုက်ပျိုးရေးကုန်သွယ်မှုလိုငွေ စုစု ပေါင်း ၁.၃၇ ဘီလီယံခန့် ရှိနေကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့များ(PSA) ပြောကြားချက် အရ သိရပါသည်။ ၎င်းနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံသို့ စိုက်ပျိုးကုန်ပစ္စည်း ဒေါ်လာ ၁.၃၇ ဘီလီယံခန့် တင်ပို့ခဲ့ပြီး အနောက်နိုင်ငံ စီးပွားရေးမှ စိုက်ပျိုးရေးကုန်ပစ္စည်း ဒေါ်လာ ၃.၃၂ ဘီလီယံခန့် တင်သွင်းခဲ့ကြောင်း PSA အချက်အလက်များအရ သိရပါသည်။ PSA အချက် အလက်များအရ ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်း စိုက်ပျိုးကုန်ပစ္စည်း ၁၈ ရာခိုင်နှုန်းခန့်ကို အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

                                                                                           

    အမေရိကန်အား ယူရို ၂၁ ဘီလီယံအခွန်ကောက်ခံရန်အဆင်သင့် EU အနေဖြင့် အဆင်သင့်ဖြစ်နေပြီဟု အီတလီနိုင်ငံခြားရေဝန်ကြီး ပြောကြား

                ဥရောပသမဂ္ဂ EU သည် နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေးလုပ်ဆောင်မှုများ မအောင်မြင်ခဲ့လျှင် အမေရိကန် ကုန်ပစ္စည်းများအား ယူရို ၂၁ ဘီလီယံ (ဒေါ်လာ ၂၄.၅၂ ဘီလီယံခန့်) တန်ကြေးရှိသော အခွန်များ ကောက်ခံသွားမည်ဖြစ်ကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး Antonio Tajani က ဇူလိုင်လ ၁၄ ရက်နေ့တွင်ပြုလုပ်သော သတင်းစာအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါသည်။ သမ္မတ Donald Trump သည် ဇူလိုင်လ ၁၂ ရက်နေ့တွင် မက်ဆီကိုနိုင်ငံ မှတင်ပို့ကုန်များတွင် ၃၀ ရာခိုင် နှုန်း အခွန်တိုးမြင့်ကောက်ခံရန် ခြိမ်းခြောက်ခဲ့ပြီး EU အနေဖြင့်လည်း သြဂုတ်လ ၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ၏ အဓိကကုန်သွယ်ရေးမိတ်ဖက်နှင့် သဘောတူညီမှု မအောင်မြင်ခဲ့လျှင် အကောက်ခွန်များတိုးမြင့်မည် ဖြစ်ကြောင်း သိရပါသည်။ Tajani က ဥရောပ စီးပွားရေးဇုန်အား အထောက်အကူပြုရန် ဥရောပ ဗဟိုဘဏ်အနေဖြင့် ငွေချေးစာချုပ်အသစ်နှင့် အတိုးနှုန်းဖြတ် တောက်မှုများအပေါ် ပြန်လည်စဥ်းစားပေးသင့်ကြောင်း ပြောကြားခဲ့ပါသည်။ EU က အမေရိကန် နိုင်ငံအပေါ် ၎င်း၏ တန်ပြန်အစီအမံများကို သြဂုတ်လမတိုင်ခင်အထိ ဆိုင်းငံ့ထားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံအား ဆက်လည် ဖိအားပေးသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ Tajani က အမေရိကန်နိုင်ငံနှင့် ညှိနှိုင်းမှုများမအောင်မြင်ခဲ့လျှင် EU သည် ယူရို ၂၁ ဘီလီယံတန်ကြေး ရှိသော အကောက်ခွန်များကို အမေရိကန်နိုင်ငံအားကောက်ခံရန် ပြင်ဆင်နေထားပြီးဖြစ်ကြောင်း နှင့် ၎င်းအနေဖြင့် ညှိနှိုင်းမှုများတွင်တိုးတက်ရန် ယုံကြည်ချက် ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းက ၎င်း၏ရည်မှန်းချက်သည်  ကနေဒါနိုင်ငံနှင့် မက်ဆီကိုနိုင်ငံကြားတွင် အကောက်ခွန်များ မရှိရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

                                                                               

Binondo Mall ၏ လက်လီဆိုင်နေရာများချဲ့ထွင်နေသည့် Megaworld

                အဆောက်အအုံတည်‌ဆောက်ရေးကော်ပိုရေးရှင်း Megaworld သည် လူသွားလူလာနေရာများတွင် လည်ပတ်သူများ ပိုမိုလာရောက်နိုင်စေရန်အတွက် Binondo Mall တွင် လက်လီဆိုင် နေရာများ ချဲ့ထွင်နေကြောင်း သိရပါသည်။ ၎င်းသည် ဇူလိုင်လ ၁၃ ရက်နေ့တွင် Lucky Chinatown တွင် Imperial Wing ဖွင့်ပွဲအားကြေညာခဲ့ပြီး Manila မြို့တွင် ရင်းနှီးမြှုပ်နှံလို သည့် မြေငှားမျာအတွက် နေရာများအား ထည့်သွင်းထားကြောင်း သိရပါသည်။ အဆိုပါ Imperial Wing တွင် လက်လီဆိုင်နေရာ အဆင့် ၃ ဆင့်ကို ထည့်သွင်းခဲ့ပြီး ၎င်း၏စုစုပေါင်း ငှားရမ်းနိုင်သော ဧရိယာမှာ ၃၆၀၀၀ စတုရန်းမီတာခန့်ရှိကြောင်း သိရပါသည်။ အဆိုပါချဲ့ထွင်မှုသည် Chinatown လူသွားလမ်းမှတစ်ဆင့် mall ၏ အဓိကသွားလမ်းနှင့် ချိတ်ဆက်လျက်ရှိပြီး ဒုတိယထပ်နှင့် တတိယ ထပ်များတွင် လေအေးပေးစက်များ တပ်ဆင်ထားကြောင်း သိရပါသည်။ ၎င်းသည် Chinatown Museum နှင့် တိုက်ရိုက် ချိတ်ဆက်နေပြီး Chinatown ဟိုတယ်အနောက်ဘက်တွင် တည်ရှိကြောင်း သိရပါသည်။ Megaworld Lifestyle Mall ၏ အကြီးအကဲ Graham Coates က Lucky Chinatown ရှိ စျေးဝယ်ရေးအစီအစဥ်များ နှင့် အစားအသောက်သုံးဆောင်ရန်နေရာများကို ချဲ့ထွင်နေပြီး ၎င်းတို့အနေဖြင့် ဧည့်သည်များကိုဆွဲဆောင်စေမည့် လူကြိုက်များသည့် အမှတ်တံ ဆိပ်များကို ပြုလုပ်နေကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် Coates က Megaworld သည် ယခု နှစ်အတွင်းတွင် စျေးဝယ်စင်တာအသစ်တစ်ခုဖွင့်ရန် စီမံနေကြောင်းပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းက Megaworld အတွက် လိုအပ်ချက်သည် မြို့တွင်းပြောင်းလဲတိုးတက်မှုများနှင့် အတူဆက်လက်ထိန်းသိမ်းသွားရန် ဖြစ်‌ကြောင်း ထောက်ပြခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

                                                                           

ဗီယက်နမ်-ကမ္ဘောဒီးယား စီးပွားရေးညီလာခံကို ဟိုချီမင်းမြို့တွင် ကျင်းပရန် စီစဉ်ထား

       ဗီယက်နမ်-ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့် ဟိုချီမင်းမြို့ရှိ နိုင်ငံတကာ ပေါင်းစည်းမှုပံ့ပိုးကူညီရေး ဗဟိုဌာနသည် စက်မှုနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဌာန နှင့်ညှိနှိုင်းကာ Vietnam–Cambodia business networking conference 2025 အား ၇-၅-၂၀၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် လက်ခံကျင်းပသွားမည်ဖြစ်သည်။ ပွဲစီစဉ်သူများ၏ ပြောကြားချက်များအရ  ညီလာခံသည် ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များကြား တိုက်ရိုက်ချိတ်ဆက်မှုအားကောင်းစေရန် ရည်ရွယ်ပြီး သတင်းစကားဖလှယ်ရေးမြှင့်တင်ရန်၊ အလားအလာကောင်းသော စီးပွားရေးမိတ်ဖက်များ ရှာဖွေရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန်ကြိုးပမ်းထားကြောင်း သိရသည်။ အဆိုပါပွဲသည် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များကိုပြသရန်၊ ကမ္ဘောဒီးယားရှိ စားသုံးသူခေတ်ရေစီးကြောင်းကို ဆုပ်ကိုင်ရန်နှင့် ပိုမိုထိရောက်သော ဈေးကွက်ဗျူဟာများ ဖော်ဆောင်ရန် အခွင့်အရေးတစ်ခုပေးမည်ဖြစ်သည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ၏ ထိပ်တန်းကုန်သွယ်မှုနိုင်ငံ ၂၀ နှင့် ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၃၀ ဘီလီယံကျော် ရရှိခဲ့

      ကမ္ဘောဒီးယားနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံ ၂၀ နှင့် ကုန်သွယ်မှု ပမာဏသည် ၂၀၂၅ ခုနှစ်၊ ပထမ ခြောက်လအတွင်း  အမေရိကန်ဒေါ်လာ ၃၀.၅၇ ဘီလီယံ အထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလတွင် မှတ်တမ်းတင်ထားသည့် ကန်ဒေါ်လာ ၂၆.၀၉ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၁၇.၂ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ အကောက်ခွန်နှင့် စည်းကြပ်မှုဦးစီးဌာန (GDCE) က ၁၀-၇-၂၀၂၅ ရက်နေ့ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်သည် ၂၀၂၄ ခုနှစ်၊ ပထမ နှစ်ဝက်တွင် ကန်ဒေါ်လာ ၁၂.၃၀ ဘီလီယံ မှ ကန်ဒေါ်လာ ၁၆.၂ ဘီလီယံ(၁၆.၂ ရာခိုင်နှုန်း)အထိ မြင့်တက်ခဲ့ပြီး သွင်းကုန်သည် ၂၀၂၄ ခုနှစ် အလားတူကာလမှ ကန်ဒေါ်လာ ၁၃.၈၀ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေပြီး စုစုပေါင်းကုန်သွယ်မှုသည် ၉.၂၇ ဘီလီယံအထိရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်  ၂၆.၉ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။ ကုန်သွယ်မှု အလုံးစုံတိုးတက်မှု ရှိသော်လည်း တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်သည် ၇.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကန်ဒေါ်လာ ၇၅၀.၆ သန်းရရှိခဲ့သည်။ ကျွမ်းကျင်သူများက ကမ္ဘောဒီးယားနိုင်ငံ၏ ကုန် ထုတ်လုပ်မှုကဏ္ဍ အထူးသဖြင့် အထည်ချုပ်၊ ဖိနပ်နှင့် စိုက်ပျိုးရေးထုတ်ကုန်များ၏ ခိုင်မာသော ပို့ကုန်စွမ်းဆောင်ရည် ကြောင့်ဖြစ်ကြောင်းနှင့် သွင်းကုန်များ မြင့်တက်လာခြင်းသည် ကုန်ကြမ်း၊ စက်ယန္တရားများ၊ ဆောက်လုပ်ရေးနှင့် လူသုံးကုန်ပစ္စည်းများအတွက်ခိုင်မာသော ပြည်တွင်း ဝယ်လိုအား များဖြစ်ကြောင်း  အထောက်ပြခဲ့ကြသည်။  ကမ္ဘောဒီးယားနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများသည် တရုတ်၊ အမေရိကန်၊ ဂျပန်၊ ဗီယက်နမ်၊ ထိုင်းနှင့် UAE နိုင်ငံတို့ ဖြစ်ကြသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားသည် ပတမနှစ်ဝက်တွင် အကောက်ခွန်ဝင်ငွေ ဒေါ်လာ ၁.၄၇ ဘီလီယံ ရရှိ

    ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် အကောက်ခွန်ဝင်ငွေ ကန် ဒေါ်လာ ၁.၄၇ ဘီလီယံ ကောက်ခံရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၁ ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်နှင့် စည်းကြပ်မှုဦးစီးဌာန (GDCE) က ၁၁-၇-၂၀၂၅ နေ့တွင် ထုတ်ပြန်ခဲ့သည်။ GDCE သည် ၂၀၂၅ ခုနှစ်အတွက် ချမှတ်ထားသော ဝင်ငွေရည်မှန်းချက်၏ ၅၈.၆ ရာခိုင်နှုန်းအထိ ရရှိခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် Kun Nhem က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဇွန်လအတွင်း အကောက်ခွန် ဝင်ငွေ စုစုပေါင်း၏ ၃၆.၂ ရာခိုင်နှုန်းသည် မော်တော်ယာဉ်နှင့် စက်ယန္တရားများမှဖြစ်ပြီး လူသုံးကုန် ပစ္စည်းများမှ ၃၂.၂ ရာခိုင်နှုန်း၊ ရေနံထွက်ပစ္စည်းများမှ ၂၃.၇ ရာခိုင်နှုန်းနှင့် ဆောက်လုပ်ရေး သုံးပစ္စည်းများမှ ၇.၉ ရာခိုင်နှုန်းတို့ အသီးသီးရရှိခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

Source: Khmer Times

DOCA(ရန်ကုန်)

AI နှင့် ဆီမီးကွန်ဒတ်တာကဏ္ဍများအရှိန်မြှင့်တင်ရန် အင်ဒိုနီးရှားဝန်ကြီးဌာနများပူးပေါင်း

    အင်ဒိုနီးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာန တို့သည် စက်မှုကဏ္ဍတွင် AI နည်းပညာအသုံးပြုခြင်းနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု အရှိန် မြှင့်တင်ခြင်းမှတစ်ဆင့် စီးပွားရေးကြီးထွားနှုန်း ၈ ရာခိုင်နှုန်းရရှိရန် အစိုးရ၏ရည်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အတူတကွလုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။ ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ရေးရာ ဒုတိယဝန်ကြီး Nezar Patri က ဝန်ကြီးဌာန ၂ ခုကြား ထိုအားကောင်းသော ပူးပေါင်းဆောင်ရွက်မှုသည် အင်ဒိုနီးရှား၏ AI လုပ်ငန်းနယ်ပယ်အတွက် အခြေခံအဆောက်အအုံ တည်ထောင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ‌Batam တွင်ကျင်းပပြုလုပ်ခဲ့သည့် AI လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအပေါ်ဆွေးနွေးပွဲတွင် Patri က ဆီမီးကွန်ဒတ်တာများသည် AI ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်အတွက် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် ဒစ်ဂျစ်တယ်ကျွမ်းကျင်သူ ၁၂ သန်းထုတ်လုပ်မည့်ရည်မှန်းချက်၏ တစ်စိတ် တစ်ပိုင်းအနေဖြင့် ဆက်သွယ်‌ရေးနှင့် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးဌာနသည် လုပ်ငန်းနယ်ပယ် မိတ်ဖက်များနှင့်ပူးပေါင်း၍ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးပရိုဂရမ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ဆွေးနွေးပွဲတွင် စက်မှု ဒုတိယဝန်ကြီး Faisol Riza က တက္ကသိုလ်ကျောင်းများနှင့် လုပ်ငန်းနယ်ပယ်မှကျွမ်းကျင်သူများနှင့် ညှိနှိုင်းဆွေးနွေး၍ AI ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျယ်ပြန့်သောလမ်းပြမြေပုံဖန်တီးရန်လိုအပ်ကြောင်းနှင့် ထိုလမ်းပြမြေပုံ သည် ၎င်းတို့အားရှေ့သို့ဆက်လှမ်းနိုင်ရန် ထိန်းကျောင်းပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံတန်ဗျူဟာမြောက်စီးပွားရေးသဘောတူညီချက်များ အင်ဒိုနီးရှား-အမေရိကန်လက်မှတ်ရေးထိုး

    နှစ်နိုင်ငံကြားစီးပွားရေးဆက်နွယ်မှုအားကောင်းရန် လက်ရှိကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အင်ဒိုနီးရှားနှင့် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များသည် အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိသော ဗျူဟာမြောက်စီးပွားရေးသဘောတူညီချက်များ ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ထိုသဘောတူညီချက်များသည် အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီးနှင့် ဝါရှင်တန်ရှိ အင်ဒိုနီးရှားသံရုံးတို့က ဇူလိုင်လ ၇ ရက် နေ့ကကြီးမှူးကျင်းပခဲ့သည့် အဆင့်မြင့်စီးပွားရေးအစည်းအဝေးတွင် အပြီးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ စီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto က ကုန်သွယ်ရေးအကောက်ခွန်သဘောတူညီချက်ရရှိရန် အားထုတ်မှုများပါဝင်သည့် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းရန် အင်ဒိုနီးရှား၏အာမခံချက်ကို ကတိကဝတ်ပြုကြောင်း၊ နှစ်နိုင်ငံကြားစီးပွားရေးမိတ်ဖက်ဖြစ်မှုသည်ကာလကြာရှည်ခဲ့ပြီဖြစ်ကြောင်းနှင့် အင်ဒိုနီးရှား စီးပွားရေး လုပ်ငန်းရှင်များက စုစုပေါင်းတန်ဖိုးအမေရိကန်‌ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိသော စိုက်ပျိုးရေး နှင့် စွမ်းအင်ကဏ္ဍများရှိ အမေရိကန်ထုတ်ကုန်များကိုပိုမိုဝယ်ယူရန် ကတိကဝတ်ပြုခြင်းမှ တစ်ဆင့် ဆက်လက်ထိန်းသိမ်းသင့်ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံဆိုင်ရာ အင်ဒို နီးရှားသံအမတ် Sade Bimantara က ထိုမိတ်ဖက်ဖွဲ့မှုသည် MSME လုပ်ငန်းများကိုပံ့ပိုးပေးနိုင် ပြီး အလုပ်အကိုင်ထောင်ပေါင်းများစွာကို ဖန်တီးပေးနိုင်ကြောင်းနှင့်နှစ်နိုင်ငံကြား အသိပညာနှင့် နည်းပညာဖလှယ်မှုကို မြှင့်တင်ပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုဗျူဟာမြောက်စီးပွားရေး သဘောတူညီချက်များသည် စွမ်းအင်နှင့် စိုက်ပျိုးရေးတို့ပါဝင်သည့် ဗျူဟာမြောက်ကဏ္ဍများကို လွှမ်းခြုံထားကြောင်း သိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

                                     

ဘရာဇီး၏စိုက်ပျိုးရေးနည်းပညာအောင်မြင်မှုကိုလေ့လာမည့်အင်ဒိုနီးရှား

   အင်ဒိုနီးရှားသမ္မတ Prabowo Subianto က စိုက်ပျိုးရေးဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ ခေတ်နှင့်အညီကျင့်သုံးမှုနှင့် နည်းပညာတို့ကိုလေ့လာရန်အတွက် ကျွမ်းကျင်ပညာရှင်များပါဝင် သောအုပ်စုကို ဘရာဇီးသို့စေလွှတ်ရန် စီစဉ်ထားကြောင်း ကြေညာခဲ့ပါသည်။ Prabowo က ဘရာဇီးသမ္မတ Lula နှင့် ဝန်ကြီးများသည် လေ့လာရန်အတွက်နည်းစနစ်အဖွဲ့စေလွှတ်မည့် ၎င်း၏ တောင်းဆိုချက်ကို ခွင့်ပြုခဲ့ကြောင်း ဘရာဇီးသမ္မတနန်းတော်တွင် ဇူလိုင်လ ၉ ရက်နေ့က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ Prabowo က ဘရာဇီးသည် ဘိုင်အိုလောင်စာသုံးစွဲမှုနှင့် ထုတ်လုပ်မှုတို့ပါဝင်သည့် စိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုတွင် ကမ္ဘာ့ဦးဆောင်သူဖြစ်ကြောင်း၊ အင်ဒိုနီးရှားသည် ဘရာဇီး၏အတွေ့အကြုံမှ သင်ယူခြင်းအားဖြင့်ကြီးမားသောအကျိုးကျေးဇူးရရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံသည် စိုက်ပျိုးရေးနည်းပညာတွင် ပူးတွဲသုတေသနပြုလုပ်ရန်အတွက် အခွင့်အလမ်းများကို ရှာဖွေ လျှက်ရှိကြောင်း သိရပါသည်။ Prabowo က အစားအစာဖူလုံရေးနှင့် ကိုယ်တိုင်ထုတ်လုပ်ဖူလုံရေးသည် နိုင်ငံ၏ဦးစားပေးဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားသည်ကလေးများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အခမဲ့အစားအစာပရိုဂရမ်ပါဝင်သည့် များစွာသောဘရာဇီးပရိုဂရမ်များကို စိတ်ဝင်စားလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားအစိုးရသည် ယခုနှစ် ကုန်မှစ၍ တစ်ရက်လျှင်အစားအစာ ၈၂.၉ သန်းပံ့ပိုးပေးရန်ရည်ရွယ်ထားထားကြောင်း သိရပါသည်။ စိုက်ပျိုးရေးကဏ္ဍအပြင် Prabowo ကစွမ်းအင်အသွင်ကူးပြောင်းမှုကဏ္ဍအပေါ် အမြင်ကိုဝေမျှခဲ့ ပြီး နိုင်ငံသည် လာမည့်ဆယ်စုနှစ်အတွင်း ၁၀၀ ရာခိုင်နှုန်း ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုရန် ပြင်ဆင်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

                                               

ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံတစ်ဝှမ်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံးရရှိခဲ့သည့် Bac Ninh ပြည်နယ်

     ၂၀၂၅ ခုနှစ်၏ ပထမ ၆ လတွင် ဗီယက်နမ်၏ Bac Ninh ပြည်နယ်သည် နိုင်ငံတစ်ဝှမ်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) ဒုတိယအများဆုံးရရှိခဲ့ကြောင်း သိရပါသည်။ ပြည်နယ် ပြည်သူ့ကော်မတီ၏အဆိုအရ  ယခုနှစ်အစမှစ၍ ပြည်နယ်သို့စုစုပေါင်းရင်းနှီးမြှုပ်နှံမှု မတည်ငွေ ရရှိမှုမှာ ခန့်မှန်းအမေရိကန်ဒေါ်လာ ၁၂.၀၄ ဘီလီယံရှိကြောင်း သိရပါသည်။ ထိုပမာဏထဲမှ အမေရိကန် ဒေါ်လာ ၉၄၃.၇ သန်းမှာ လိုင်စင်သစ် FDI ၁၈၆ ခုမှရရှိခြင်းဖြစ်ပြီး အမေရိကန် ဒေါ်လာ ၂.၄၃ ဘီလီယံမှာ မတည်ငွေထပ်တိုးသည့်စီမံကိန်း ၁၄၁ ခုမှဖြစ်ကာ လက်ကျန်တန်ဖိုးမှာ အသစ်နှင့် တည်ရှိပြီး ပြည်တွင်းစီမံကိန်းများမှဖြစ်ကြောင်း သိရပါသည်။ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ကုန်ထုတ်လုပ်ခြင်းကဏ္ဍတို့၏မောင်းနှင်အားကြောင့် ပြည်နယ်၏စက်မှုကုန်ထုတ်လုပ်မှုမှာ ယခု နှစ်အစမှစ၍ ကြီးထွားမှုရှိခဲ့ကြောင်း သိရပါသည်။ Bac Ninh သည်ပြည်တွင်းနှင့် ပြည်ပ ရင်းနှီး မြှုပ်နှံသူများ အထူးသဖြင့် အီလတ်ထရောနစ်အစိတ်အပိုင်းထုတ်လုပ်ခြင်းတို့တွင် ဆွဲဆောင်မှု အားကောင်းခဲ့ကြောင်း သိရပါသည်။ ပြည်နယ်၏စုစုပေါင်းစက်မှုကုန်ထုတ်လုပ်မှုတန်ဖိုးမှာ ခန့်မှန်းဗီယက်နမ်ဒေါင် ၁၅၆.၃ ထရီလီယံ ရှိကြောင်း သိရပါသည်။ စမတ်ဖုန်းများ၊ ဆောက်လုပ် ရေးလုပ်ငန်းသုံးသံနှင့် စတီးလ်ထုတ်လုပ်မှုမှာ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုအပေါင်းလက္ခဏာဆောင်သောရလဒ်များသည် အလုံးစုံ နိုင်ငံရေးစနစ်နှင့် ထိရောက်သောရင်းနှီးမြှုပ်နှံမှုဆွဲဆောင်သည့်မူဝါဒများကြောင့် ဖြစ်ကြောင်း သိရပါသည်။ ပြည်နယ်သည်၎င်းတို့၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တိုးတက်ရန်၊ စက်မှု ဆိုင်ရာအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရန်၊ အုပ်ချုပ်မှုပြင်ဆင်ဖွဲ့စည်းရန်၊ နည်းပညာမြင့် လုပ်ငန်းများကိုပံ့ပိုးပေးရန်နှင့် ပြည်တွင်းနှင့်ပြည်ပနှစ်ခုလုံးတွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန် အားကောင်းသောခြေလှမ်းများချမှတ်လျက်ရှိကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

                                                                  

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ