ကန့်ဘလူမြို့၊ အမှတ်(၃) အ.ထ.က (ခွဲ)ကျောင်း၌ စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောပွဲကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၆ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) တို့သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၃)အ.ထ.က(ခွဲ)ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၁၀၂)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်က လူကုန်ကူးမှုအန္တရာယ်အကြောင်းကိုဟောပြောခဲ့ကြောင်း၊ ဆက်လက်၍ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းကတက် ရောက်လာသည့် ဆရာ/မများနှင့် ကျောင်းသား/ သူများကို စားသုံးသူ၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပါယ်တို့ကိုဟောပြောခဲ့ကြောင်း၊ စားသုံးသူများသိရှိထားရမည့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်(၄)ရပ်ကိုလည်းကောင်း၊ စားသုံးသူများသည် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် စားသုံးသူအခွင့်အရေးများနစ်နာဆုံးရှုံးမှုရှိခဲ့လျှင် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအပါအဝင် ခရိုင်ဦးစီးမှူးရုံးများရှိ CICC များသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ DOCA Myanmar Mobile Application မှတစ်ဆင့်လည်းကောင်း၊ DOCA Facebook Page နှင့် Consumer Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)