Main menu

HighLight News

Powered by Drupal

သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး မြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်

      မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ပြည်တွင်းဆန်စပါးဈေးကွက်တည်ငြိမ်စေပြီး စိုက်ပျိုးတောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များဖြန့်ဖြူးရောင်းချသူများနှင့် စားသုံးပြည်သူများအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်းများဖြစ်ပေါ်စေရန်ရည်ရွယ်၍ ပြည်တွင်း၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့်ရောင်းချနိုင်ရေး လစဉ်ထုတ်ပြန်ပေးလျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၏လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်များရှိ ဈေးအရောင်းစင်တာများနှင့် ဒေသဈေးကွက်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချနိုင်ရေး၊ မြို့သက်ဆိုင်ရာနယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများပူးပေါင်း၍ ၁၆-၈-၂၀၂၄ ရက်နေ့တွင်  မြောက်ဒဂုံမြို့နယ်၊ (၃၅) ရပ်ကွက်အတွင်းရှိ ဆန်ဆိုင် (၄) ဆိုင်တို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စက်သုံးဆီဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆိုင်များသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များပူးပေါင်း၍ စက်တင်ဘာလ ၁၈ရက်နေ့၊ နံနက် ၁၁:၄၅ နာရီအချိန်တွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ Apex စက်သုံးဆီဆိုင်၊ ဆိပ်ကမ်းသာဆီဆိုင်များသို့ စက်သုံးဆီရရှိမှုအခြေအနေ၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ ကားများ၊ ဆိုင်ကယ်တွဲများ စက်သုံးဆီဝယ်ယူနေမှုအခြေအနေများအားစစ်ဆေး၍ စက်သုံးဆီများအား အမှန်တကယ်ဖြန့်ဖြူးရောင်းချနိုင်ရေး၊ မှောင်ခိုရောင်းချမှုမရှိစေရေး၊ စက်သုံးဆီများအား ဝိသမလောဘဇောဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို ဈေးကွက်အတွင်း စာရင်းကောက်ယူ ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ စက်တင်ဘာလအတွင်းဖြစ်ပေါ် ခဲ့သော အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများစာရင်းအား ဈေးကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၈ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ သွားရောက်ကွင်းဆင်းကောက်ယူခဲ့ကြောင်းသိရသည်။

      ထိုသို့ ဈေးကွက်အတွင်း စာရင်းကောက်ယူခဲ့ရာတွင် ကော့မှူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာမြို့မဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်တွင် ဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဦးချမ်းသာဆန်ဆိုင်၊ ဒေါ်စုခိုင်၊ ဦးဌေးလှိုင်နှင့် ဦးတင့်ဆွေဦးကုန်ခြောက်ဆိုင်၊ ဒေါ်နိုင်နိုင်မော်ကြက်သားဆိုင်၊ ဦးခင်မောင်ဝင်းဝက်သားဆိုင်၊ ဦးစိုးမင်းထိုက်အမဲသားဆိုင်၊ ဦးဇော်ကြီး၊ ဦးကုလားဆိတ်သားဆိုင်၊ ဒေါ်ဌေးကြည် ရေချို၊ ရေငန်ငါးအရောင်းဆိုင်၊ ဒေါ်ချို ကြက်ဥ၊ ဘဲဥ လက်လီ/ လက်ကားအရောင်းဆိုင်နှင့် ဦးသန့်ဇင်ဝင်း ကုန်စိမ်း၊ မျှင်ငါးပိကုန်စုံဆိုင်တို့၏ လက်ရှိအချိန်တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဈေးနှုန်းအခြေအနေတို့အား ဈေးကွက်အတွင်း စာရင်းကောက်ယူခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ် ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် ဓာတ်မြေဩဇာရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရပ်ကွက်များရှိ ဓာတ်မြေဩဇာဆိုင်များသို့ မြို့နယ်အဆင့်ယူရီယားမြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီအဖွဲ့သည် စက်တင်ဘာလ ၁၈ရက်နေ့၊ နံနက် ၁၀:၁၅ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အဆင့်ယူရီးယားမြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီအဖွဲ့ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့သည် နိုင်ထူးခန့်ဓာတ်မြေဩဇာအရောင်းဆိုင်၊ ဦးအင်းရွှေနှင့် ညီမဒေါ်အေးကြည်ဓာတ်မြေဩဇာဆိုင်၊ ရွှေညာမြေဓာတ်မြေဩဇာဆိုင်နှင့် ရောင်ခြည်ဦးဓာတ်မြေဩဇာအရောင်းဆိုင်များသို့သွားရောက်၍ ဓာတ်မြေဩဇာဝယ်ယူရရှိမှုအခြေအနေ၊ ရောင်းချရမှုအခြေအနေနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် ဓာတ်မြေဩဇာများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)        

“ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာရောင်းချသောဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ ညွှန်ကြားချက်အရ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၎င်းဌာနနှင့်ပူးပေါင်းဆောင်ရွက်ပေးပါရန် ညှိနှိုင်းလာပါသဖြင့် စက်တင်ဘာလ ၁၃ရက်နေ့၊ နံနက် ၁၁:၃၀ နာရီအချိန်တွင် မြို့နယ်တွင် ရောင်းချနေသော ဓာတ်မြေဩဇာဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ဓာတ်မြေဩဇာရောင်းချသည့် ဆိုင်များဖြစ်သော ဒေါ်လာဝင်းဓာတ်မြေဩဇာဆိုင်၊ စန်းသော်တာ (မျိုးစေ့၊ စိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်)၊ မဟာသစ်( KMA Family) ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေးပစ္စည်းအမျိုးမျိုးအရောင်းဆိုင်တို့တွင် ဓာတ်မြေဩဇာဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းထက်ကျော်လွန်၍ ရောင်းချမှုမရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ စစ်ဆေးခြင်းနှင့် ဆိုင်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)        

 

ကျွန်းလှမြို့နယ် အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဦးစားပေးကုန်စည်များသတ်မှတ်ထားရှိပြီး လစဉ်ကွင်းဆင်းဆောင်ရွက်မှုများသာမက ()လပတ်လျာထားဆောင်ရွက်ရမည့် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးကို  စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ် ရပ်ကွက်အတွင်းရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းချသည့် အရောင်းဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့စခန်း၊ မြိုနယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းချသည့် အရောင်းဆိုင်များအား သွားရောက်ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင်  ပြည်ပမှတင်သွင်းသောကုန်စည်များ၊ ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်များကို စားသုံးသူပြည်သူများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံးခြုံစိတ်ချရမှုရှိစေရန်အတွက် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဘေးအန္တရာယ်ရှိ/မရှိစောင့်ကြည့်စစ်ဆေးခြင်း၊ ညွှန်ကြားချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အသေးစိတ်စိစစ်ချက်များကို ဖော်ပြထားခြင်းရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်များကို လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း အကျယ်တဝင့်ပြောကြားခဲ့ပြီး ညွှန်ကြားချက်အမှတ် (/၂၀၁၉) ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့ “ရွှေလင်းရောင်” ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ ရွှေလင်းရောင်”  ဆီစက်လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက ဆီများထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၅)၊ ပုဒ်မ(၂၈) အရ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ရွှေလင်းရောင်”  ဆီစက်လုပ်ငန်းမှ ဆီများကြိတ်ခွဲထုတ်လုပ်ရာတွင်လည်း  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရန်အတွက် မိမိတို့စာသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်မှ မိမိတို့ကိုယ်ပိုင်ဝယ်ယူကြိတ်ခွဲသောမြေပဲနှင့် ပြည်သူများလာရောက်ကြိတ်ခွဲသည့် နဝလီကြိတ်ခွဲသူများအား ဈေးနှုန်းချိုသာစွာကြိတ်ခွဲနိုင် အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စားသုံးသူပြည်သူများအတွက် ဈေးနှုန်းမှန်ကန်ပြီး အရည်အသွေးစစ်မှန်ပြည့်မီသော မြေပဲဆီစစ်စစ်များကိုရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက ရွှေလင်းရောင်ဆီစက်မှ ထုတ်လုပ်နေသောဆီများကို  မိမိတို့ကိုယ်ပိုင်အမှတ်တံဆိပ်ကပ်နှိပ်၍ ပို့ဆောင်ရောင်းချရန်အတွက် ကုန်အညွှန်းအမှတ်အသားလျှောက်ထားရန် တိုက်တွန်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

       ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များသို့ Online စနစ်ဖြင့် ရောင်းချနေခြင်းရှိပါက Online မှတ်ပုံတင်ခြင်းလုပ်ငန်းများလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ Online Sales မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်ရန်အတွက် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် ထုတ်ပြန်ထားပြီး  အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆)လပြည့်မြောက်သည့်နေ့မှစ၍ မှတ်ပုံတင်အသက်ဝင်လာပြီး မှတ်ပုံတင်မရှိဘဲ Online Sales ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့တွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ မှတ်ပုံတင်ရာ၌ ပူးတွဲတင်ပြရမည့်အချက်များအကြောင်းနှင့် မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားအသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များဖြင့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                                      

ကလေးသူငယ်များ အသိပညာတိုးပွားစေရေး စားသုံးသူကာကွယ်ရေးအသိပညာပေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရန် ၊ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးတို့အတွက် (၁၈--၂၀၂၄)ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်တွင်  ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ မူလွန်() ပိတောက်မြိုင်ကျောင်း၌  စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင့်တင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် မြို့နယ်တာဝန်ခံက  စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံအဆင့်ဆင့်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ (၁၅)ရက်နေ့၌ ပြဋ္ဌာန်းခဲ့ပြီး အခန်းပေါင်း(၂၅)ခန်း၊ ပုဒ်မပေါင်း(၈၄)ခုပါဝင်ပြဋ္ဌာန်းထားကြောင်း၊ ယခု ၂၀၂၄ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင်လည်း "မျှတအလေးမူ တာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု" ဟူသောဆောင်ပုဒ်နှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေး()ချက်၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့် တာဝန်()ချက်၊ စားသုံးသူအကာကွယ်ပေးရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များကို မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက်အသုံးပြုတတ်ရန် နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် မိမိတို့စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) တွင်လည်းကောင်း၊ Facebook Page ဖြစ်သည့် DOCA Myanmar Page တွင်လည်းကောင်း၊  မိမိတို့ဌာန၏ Website  ဖြစ်သည့် www. doca. gov. mm တွင်လည်းကောင်း တိုင်ကြားနိုင်ပြီး စားသုံးသူကိစ္စရပ်များစုံစမ်းမေးမြန်းရန်အတွက် Call Center No. 1535 အားဖွင့်လှစ်ထားရှိကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူစားသောက်အသုံးပြုတတ်ရန်အတွက် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ(၁၇)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၁၇)ဦး၊ စုစုပေါင်း (၁၃၄)ဦးတို့အား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး (၂/၂၀၁၉) ညွန်ကြားချက်ပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)       

ကျွန်းလှမြို့နယ်တွင် ဆေးလိပ်အမျိုးမျိုးနှင့် ကွမ်းစားဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့စခန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့ပေါ်ရပ်ကွက်များရှိ  ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် ဆေးလိပ်အမျိုးမျိုးနှင့် ကွမ်းစားဆေးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ကျွန်းလှမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ကွမ်းစားဆေးအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားအသေးစိတ်စိစစ်ချက်များအတိုင်းဖော်ပြထားသည့် ကုန်စည်များကိုရောင်းချသွားရန်၊ မိမိဒေသထွက် ကွမ်းစားဆေးပို့ဆောင်ရောင်းချသူများရှိလျှင် ဖုန်းနံပါတ်များယူဆောင်လာပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားပေးရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆေးလိပ်အမျိုးမျိုးတွင် သက်ဆိုင်ရာဌာနများ၏ စံသတ်မှတ်ချက်များနှင့်အညီထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ညွှန်ကြားချက်များနှင့်ပြည့်စုံသော ကုန်စည်များကိုသာဖြန့်ဖြူးရောင်းချသွားရန် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် အသေးစိတ်စိစစ်ချက်များပါရှိသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ သိကောင်းစရာလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများဦးဆောင်၍ “ခရိုင်ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့များ”နှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကိုစစ်ဆေးပြီး ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျက်ရာ (၁၈-၉-၂၀၂၄) ရက်နေ့တွင်  မုံရွာမြို့နယ်အတွင်းရှိ “အောင်ဇေမြင့်၊ ထိပ်တန်း A၊ မြသီရိ” ဆန်အရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးအသိပညာရေးရာ ဆန်ဆိုင်များတွင် ဖန်သီးသုခ၊ ရက် (၉၀)၊ ရွှေဝါထွန်း၊ မနောသုခ၊ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းဆန်များကို အများဆုံးရောင်းချလျက်ရှိကြောင်း၊ ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်းရောင်းချသွားရန်၊ လိုက်နာမှုမရှိပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News