Main menu

HighLight News

Powered by Drupal

Thurday Talk ခွင့်အကြောင်း သိကောင်းစရာ ဟောပြောဆွေးနွေး

          ၂၅-၉-၂၀၂၅ ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ပန်းအိစံ(အငယ်တန်းစာရေး)သည် ခွင့်အကြောင်း သိကောင်းစရာဖြင့် Thurday Talk ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဟောပြောဆွေးနွေးရာတွင် လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ မသိမဖြစ်သိထားသင့်တဲ့ ပိတ်ရက်၊ " ခွင့် " အမျိုးအစားတွေနဲ့ ရရှိန်ိုင်တဲ့အခွင့်အရေးတွေကို ဟောပြောခြင်း၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့်၊ မီးဖွားခွင့်၊ နာမကျန်းခွင့်၊ ကူးဆက်ရောဂါကာကွယ်ခွင့်၊ လစာမဲ့ခွင့်၊ အထူးမသန်စွမ်းခွင့်၊ ဆေးရုံခွင့်၊ ပညာလေ့လာဆည်းပူးခွင့် တို့ဖြစ်ကြောင်း၊ ဝန်ထမ်းများမိမိ အကျိုးခံစားခွင့်များကို ရယူသည့်အခါ မိမိရပိုင်ခွင့်များကို သိရှိနားလည်နိုင်ရန်လိုအပ်ပါကြောင်း၊ ခွင့်တစ်မျိုးခြင်း၏ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တက်ရောက်သူ ၈ဦးရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် အမက တောင်ပိုင်း‌ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

        စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊’စီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် ၂၆-၉-၂၀၂၅ ရက်၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် (အ.မ.က) တောင်းပိုင်းကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

        အဆိုပါဟောပြောပွဲတွင် ဦးခိုင်လွမ်းမိုးက  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်များအကြောင်း ၄ချက်ကိုလည်းကောင်း၊ ဈေးကွက်အတွင်းရှိ  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ်အသားအကြောင်းကို  ကျောင်းသား၊ ကျောင်းသူများအား မုန့်နမူနာများဖြင့်ပြောကြားခဲ့ပြီး ဆရာ၊ ဆရာမ (၄) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၆၀)ဦး စုစုပေါင်း ဦးရေ(၆၄) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် (My RO) မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရေးလုပ်ငန်းစဉ်အား ပညာပေးရှင်းလင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇) ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းရှင်များထံ ဆက်သွယ်၍ အသိပေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          မအူပင်ခရိုင်၊ ဓနူဖြူမြို့နယ်တွင် လက်ရှိအချိန်ထိ (My RO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံး (၈၈)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (My RO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ်ပြည့် မြောက်ပြီးသည့်အတွက် ဓနုဖြူမြို့နယ်မှ သက်တမ်းတိုးဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များအား ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြဆောင်ရွက်လျက်ရှိပြီး (၂၅.၉.၂၀၂၅)ရက်နေ့တွင် ဓနုဖြူမြို့နယ်၏ သက်တမ်းတိုးပြည့်မြောက်သည့် လုပ်ငန်းရှင်များ၏ သိုလှောင်ရုံအား မှတ်ပုံတင်သက်တမ်းတိုးနိုင်ရေးအတွက် လာရောက်တွေ့ဆုံမေးမြန်းလျှောက်ထားလာသဖြင့် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူက သက်တမ်းတိုးလျှောက်ထားမှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများအား ထည့်သွင်းပေးရန် ရှင်းလင်းဆွေးနွေး၍ မှတ်ပုံတင်သက်တမ်းတိုးခြင်းအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် အရှေ့ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

          မအူပင်၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍  ပန်းတနော်မြို့နယ်တာဝန်ခံတို့သည် (၂၅.၉.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် အရှေ့ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေး ပညာဦးစီးဌာနတို့နှင့်အတူ  ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရှိ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်ရောက်ပြီးကုန်စည်များအပြင် ဈေးကွက်မရောက်မီ ကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မတ်ပဲ၊ ပဲတီစိမ်း၊ ရောင်းဝယ်နေမှုအား ပဲရုံရောင်းချသူ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

           စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုး ဝန်ထမ်းများသည် (၂..၂၀၂၄) နေ့နံနက် (၁၀:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်ရှိ မဝေပဲမျိုးစုံရောင်းဝယ်ရေး လက္ကားပွဲရုံသို့ သွားရောက်၍ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူဈေးနှုန်း မတ်ပဲထွက်ရှိမှု တင်ပို့မှုနှင့် ဈေးကွက်အခြေအနေများ၊ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

        အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် မဝေပဲမျိုးစုံရောင်းဝယ်ရေး လက္ကားပွဲရုံမှတာဝန်ရှိသူနှင့် တွေ့ဆုံမေးမြန်းရာတွင် လက်ရှိ ၂၀၂၅ခုနှဏ် စက်တင်ဘာလ မတ်ပဲတစ်တင်းကို (၉၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မတ်ပဲနှင့် ပဲအမျိုးမျိုးထွက်ရှိမှု မရှိပဲ ရန်ကုန်တင်ပို့မှု မရှိကြောင်း၊ ပဲအမျိးမျိုးရောင်းဝယ်ရေးမှ မတ်ပဲတစ်ပျိုးကို ပဲပေါ်ချိန် ဝယ်ယူရရှိပါက  ရန်ကုန်သို့ တင်ပို့ကြောင်း သိရှိရသည်။  ပွဲရုံလုပ်ငန်းရှင်အား MSMEs လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

    ထို့အပြင် ဓနုဖြူမြို့နယ် ဆောင်းသီးနှံ ပဲအမျိူးမျိုး စိုက်ပျိုးရာတွင်   တစ်ဧကလျှင် မတ်ပဲ ပျမ်းမျှ(၁၂-၁၅)တင်းခန့် ထွက်နိုင်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

တရုတ်နိုင်ငံသို့ ပြောင်းဆံ တင်ပို့နိုင်ရေး ကွင်းဆင်းဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒု-ခရိုင်ဦးစီးမှုး ဦးအောင်ဇော်၊ ညောင်တုန်းမြို့နယ် ဦးစီးမှုး ဦးအောင်လွင်နှင့် အဖွဲ့ဝင်များသည် (၂၆..၂၀၂) နေ့တွင် ညောင်တုန်းမြို့နယ်ရှိ Northen Mann Loi Co.Ltd ရှိပြောင်းဆံများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တင်ပိုနိုင်မှုအခြေအနေများ၊ ယခုနှစ် ပြောင်းတင်ပို့ရန် ဆောင်ရွက်ထားရှိမှု၊  သိုလှောင်ထားရှိမှုအခြေအနေများ၊  အခြောက်ခံမှုနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် တရုတ်နိုင်ငံ၏ GACC သတ်မှတ်အရေအသွေး စံချိန်စံညွှန်းများအတိုင်း တင်ပို့ရောင်းချနိုင်ရေး၊ ၂၀၂၅ခုနှစ် စက်တင်ဘာလအထိ ပြောင်းတင်ပိုရန် ဆောင်ရွက်နိုင်မှုအခြေအနေ၊ ယခုရာသီတွင် ပြောင်းတင်ပို့ရန် စီစစဉ်ဆောင်ရွက်မှုအခြေအနေတို့ကို ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၇-၉-၂၀၂၅ )ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လေးမျက်နှာမြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းရာတွင် လေးမျက်နှာမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေသောဆိုင်များသည် မြို့နယ်အလိုက် ဆီထုတ်လက်ကားကိုယ်စားလှယ်များထံမှ ခွဲတမ်းရရှိသောဆီများအား စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင် သယ်ယူခ၊ လုပ်သားခနှင့် အထွေထွေကုန်ကျစရိတ်များ ထည့်သွင်းတွက်ချက်၍ အဆင့်အလိုက်(၂%)အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် တစ်ပိဿာလျှင် ဒေသအလိုက်ပျမ်းမျှ ကျပ် ၇၃၆ဝိ/-ဖြင့် အများဆုံးရောင်းချနေခြင်း၊ စားသုံးသူပြည်သူများထံ တိုက်ရိုက်ရောင်းချပေးခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီရောင်းချမှုရှိခြင်း၊ ရရှိသည့်ခွဲတမ်းဆီအပေါ် အပြည့်အဝပြန်လည်ရောင်းချမှုရှိခြင်းနှင့် အခြားမသမာသောနည်းလမ်းများသုံး၍ ရောင်းချမှုမရှိကြောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဖြင့် သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် ဆန်၊စပါးကုန်သည်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ( ၂၇-၉-၂၀၂၅ )ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင်  ဆန်၊ စပါးကုန်သည်များအသင်း ဒု-ဥက္ကဌ ဦးစိုးတင့်ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

            အသင်းအနေဖြင့် လက်ရှိတွင် မိုးစပါးစတင်ပေါ်ထွက်လာပြီး ထွက်ရှိလာသောစပါးများအား ပွဲစားများ၊ စက်ပိုင်များမှ ပေါက်ဈေးဖြင့်ဝယ်ယူကြပြီး ရန်ကုန်သို့တင်ပို့ကြပါသည်။ တောင်သူများထံမှ ဈေးမှန်၊ အလေးချိန်မှန်ကန်စွာဝယ်ယူပြီး ပြည်သူများအတွက်ဆန်များအား သက်သာသောနှုန်းထားဖြင့် ဝယ်ယူစားသုံးနိုင်ရေးကို ဆောင်ရွက်လျက်ရှိပြီး မိုးစပါးများထွက်ပေါ်လာသဖြင့် မြို့နယ်အတွင်း စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူရရှိနိုင်ရေး၊ လက်လုပ်လက်စားများ၏ ရှေ့ရေးကို မျှော်မှန်းပြီး ဆန်စက်အသင်းတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ် ဆန်စက်ပိုင်ရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၂၇.၉.၂၀၂၅ )ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင်  ဆန်စက်ပိုင်ရှင်များအသင်း ဥက္ကဌ ဦးရှု့မောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

            အသင်းအနေဖြင့် လက်ရှိတွင် အင်္ဂပူမြို့နယ်အတွင်း ကောက်စောစပါးများ စတင်ထွက်ရှိပြီးဖြစ်ရာ၊ စပါးများဝယ်ယူခြင်း၊ အခြောက်ခံစက်များဖြင့်ခြောက်ခံခြင်း၊  စပါးဟောင်းများကြိတ်ခွဲထုတ်လုပ်ခြင်း၊ ဆန်စက် အစိတ်အပိုင်းများပြင်ခြင်းခြင်းနှင့် ဈေးကွက်ရှိရာမြို့နယ်တွင်း၊ မြို့နယ်ပြင်ပများသို့ ဆန်များတင်ပို့ ရောင်းချခြင်းများဆောင်ရွက်လျက်ရှိပြီး စပါး၊ ဆန်နှင့် ထိတွေ့ဆောင်ရွက်နေသော စက်ပိုင်ရှင်များ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ပရဟိတလုပ်ငန်းများကို တက်နိုင်သည့်အခန်းကဏ္ဍမှပူးပေါင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး စက်ပိုင်ရှင်များလုပ်ငန်းရေရှည်လည်ပတ်နိုင်စေရန် ကုန်ကြမ်းအရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊ ဈေးကွက်ရရှိလာအောင် သက်ဆိုင်ရာအဖွဲ့အစည်းများက အကူအညီအထောက်အပံ့များပေးနိုင်ပါရန် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ်အတွင်းရှိ ဆန်စက်၊ ဆန်ပွဲရုံနှင့်ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည် (၂၇-၉-၂၀၂၅ )ရက်နေ့၊ နံနက် (၁၂:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့နယ်အတွင်းရှိ ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းရာတွင် မြန်အောင်မြို့နယ်အတွင်းရှိ ဆန်လက်လီ၊ လက်ကား အရောင်းဆိုင်(၂) ဆိုင်အား သွားရောက်စစ်ဆေးခဲ့ရာ   မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ ၂၀၂၅ခုနှစ်၊ ဩဂုတ်လအတွက် ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများအပေါ် (၈%)ထက် ပိုမိုရောင်းချခြင်းမရှိဘဲ သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်းနှင့် ဈေးကွက်အတွင်း ဆန်အမျိုးအစားအလိုက် ရောင်းချရမည့် ရည်ညွှန်းဈေးနှုန်းများနှင့် ဈေးကွက်အတွင်း အမြင့်ဆုံးရောင်းချနိုင်မည့် ဈေးနှုန်းထက်မပိုဘဲ ဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News