Main menu

HighLight News

Powered by Drupal

ညောင်တုန်းမြို့နယ် စက်သုံးဆီဆိုင်ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၈) ဆိုင်အား ၃.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်က မိတ်ဖက်ဌာနဆိုင်ရာများနှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင် ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များအား တရားဝင်ဖွင့်လှစ်ခွင့် လိုင်စင်ရှိ/မရှိ၊ သိုလှောင်ခွင့်လိုင်စင်၊ တရားမဝင်စက်သုံးဆီများ သိုလှောင်ထားခြင်းရှိ/မရှိနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသောက်ဆိုင် ဝန်ဆောင်မှုဖြင့် ရောင်းချသော လုပ်ငန်းများအား စစ်ဆေးခြင်း

        မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် လုပ်ငန်းလမ်း ညွှန် စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ထားမှုရှိ/ မရှိနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များ အမိန့်ညွှန်ကြားသတ်မှတ်ချက်နှင့်အညီ ရောင်းချခြင်းရှိမရှိကို   ၃.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်ပြုပြင်ချက်ပြုတ်ရောင်းချသည့်နေရာများ သန့်ရှင်းသပ်ရပ်မှုရှိ/ မရှိ၊ စားသောက်ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/ မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/ မရှိနှင့် အစားအသောက်ဈေးနှုန်းများ ကြိုတင်အသိပေး ဖော်ပြထားခြင်းရှိ/ မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသောက်ဆိုင်များအား ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် စားသောက်ဆိုင်များ ကျန်းမာရေးနှင့် အညီဘေးအန္တရာယ်ကင်းရှင်း‌ရေး စစ်ဆေးခြင်းလုပ်ငန်းကို ၃.၁၀.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ၀န်ထမ်းများနှင့် ပူး‌ပေါင်းအဖွဲ့သည် ပန်းတနော်မြို့နယ်အတွင်း၌ အစားအသောက်များရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အညီ‌ဆောင်ရွက်ထားရှိမှုရှိ/ မရှိ၊ ရက်လွန်အစားအစာများရောင်းချမှုရှိ/ မရှိ၊ သန့်ရှင်းလတ်ဆတ်မှုရှိ/ မရှိနှင့် ဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍ စားသုံးသူအခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရှိစွာရောင်းချနိုင်ရး စသည်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ စျေးကွက်အတွင်း ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ ရပ်ကွက်‌/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆေးဝါးအမျိုးမျိုး ရောင်းချသော ဆေးဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များကို ဈေးကွက်အတွင်းမှ ပပျောက်စေရေး၊ အရည်အသွေးပြည့်မီသော ဆေးဝါးများသုံးစွဲနိုင်ရေးအတွက် ဓနုဖြူမြို့ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၈)ဆိုင်အား ၃.၁၀.၂၀၂၅ ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနများနှင့် အတူပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့် အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍  မြို့နယ်အတွင်း ဆေးဈေးကွက်ဈေးနှုန်း အခြေအနေများကို မေးမြန်းစစ်ဆေးခြင်း၊ ဆေးပြန်လပ်မှု ရှိမရှိစစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ မရှိစစ်ဆေးခြင်း၊ သက်တမ်းလွန်ဆေးဝါးများ ရောနှောရောင်းချခြင်းရှိ/ မရှိကို စစ်ဆေးခြင်း၊ ဆေးနှင့်ဆေးပစ္စည်း ရောင်းချသည့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်များ၊ ကုန်စည်  (သို့မဟုတ်) ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုအခြေအနေများ၊ ဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသိပေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အိမ်သုံး ကျန်းမာရေးဆေးဝါးအမျိုးမျိုးအား ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးကွင်းဆင်းစစ်ဆေး

        ၃.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဈေးကွက်အတွင်းရှိ ကျန်းမာရေးသုံး အိမ်သုံးဆေးဝါးနှင့် ပစ္စည်းများဈေးနှုန်းကြီးမြင့်မှု မရှိစေရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များဖြစ်သော ဂွမ်းလေးဆေးဆိုင်၊ ခင်မောင်ထွန်းဆေးဆိုင်၊ အေးမတ္တာဆေးဆိုင်တို့မှ ရောင်းချနေသောဆေးဝါးများ ပြည်သူများကျန်းမာရေး လိုအပ်ချက်များအရ ဆေးပစ္စည်းများဝယ်ယူရာတွက် အခက်အခဲမရှိစေရေး ဒေသတွင်းရောင်းချနေသော ဆေးဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိကြောင်း၊ ရန်ကုန်မှ ဆေးပစ္စည်းများမှာယူရကြောင်း အနည်းငယ်သာ ကျန့်ကြာပြီး ဆေးဈေးနှုန်း ပုံမှန်ဖြစ်လျက်ရှိကြောင်းသိရသည်။ ဆေးရောင်းချသူ လုပ်ငန်းရှင်များကို စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် တာဝန်များအကြောင်းကို  ရှင်းလင်းပြီး စားသုံးသူနစ်နာဆုံးရှုံမှုဖြစ်ပွားစေမည့် ဆေးဝါးများကို ထင်ယောင်ထင်မှား ဖော်ပြ၍ ရောင်းချခြင်းမျိုးအပြုလုပ်ရန်၊ သက်တမ်းလွန်ကုန်စည် ရောင်းချခြင်းမပြုရန် မှာကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်း ဆန်လက်လီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိ/ မရှိကွင်းဆင်းစစ်ဆေး

         ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ .၁၀.၂၀၂ နေ့နံနက်ပိုင်းက သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် လက်လီလက်ကား ဆန်ဆိုင် (၁၀)အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ရောင်းချသူ ဆန်လက်လီ/ လက်ကားလုပ်ငန်းရှင်များကို စားသုံးသူ ပြည်သူများအနေဖြင့် သင့်တင့်မျှတသောစျေးနှုန်းဖြင့် အခြေခံစားသုံးကုန်များ ဝယ်ယူစားသောက်နိုင်ရေးအတွက် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သတ်မှတ်သော သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း အခြေခံစားသုံးကုန် ဆန်များကို စျေးကွက်အတွင်းရှိ လက်လီလက်ကားဆန်ဆိုင်များက လိုက်နာဆောင်ရွက် ရောင်းချပေးကြရန်နှင့်  မြန်မာနိုင်ငံဆန်စပါးအသင်း၏ သတ်မှတ်ဈေးအတိုင်းရောင်းချမှုရှိ/ မရှိကို တာဝန်ရှိ သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့နှင့်အတူ  ဆန်စျေးနှုန်းများ စုံစမ်းစစ်ဆေးကာ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

        ထိုပူးပေါင်းအဖွဲ့က ဆန်ရောင်းချသူများ၏ လုပ်ငန်းလိုင်စင်များ၊ ဆန်သိုလှောင်ထားရှိမှုမရှိစေရေး၊ ဆန်အမျိုးအစားအလိုက် ရောင်းချလျက်ရှိသော စျေးနှုန်းများ၊ ဆန်အမျိုးအစားစစ်မှန်စေရေးနှင့် တစ်နေ့တာ ပျှမ်းမျှရောင်းချမှုပမာဏအခြေအနေများကို စုံစမ်းစစ်ဆေးကြည့်ရှုဆောင်ရွက်ခဲ့ကြပြီး သတ်မှတ်ထားသည့် သင့်တင့်မျှတသော ရည်ညွှန်းစျေးဖြင့် ရောင်းချ​ကြရေးနှင့် စျေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းမပြုရန်တို့ကို သတိပေးမှာကြားခဲ့ပြီး၊ အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း၊ သက်ဆိုင်ရာဌာနတို့၏ ဥပဒေများအတိုင်းလည်း အရေးယူဆောင်ရွက်နိုင်ကြောင်းကို အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော် ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည်လုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောခြင်း

          (.၁၀.၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပန်းတနော် ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည် လုပ်ငန်းရှင်အသင်း ကိုဖိတ်ကြား၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းရှင် လိုက်နာရမည့်တာန်များအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

          မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူက တက်ရောက်လာသော လုပ်ငန်းရှင်များကို အသိပညာပေး ပြောကြားရာတွင် ဆန်စက်နှင့် ဆန်အရောင်းဆိုင်ရှင်များ စည်ပင်သာယာနယ်နမိတ်အတွင်း လုပ်ငန်းရှင်များလုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုချက်လုပ်ငန်းလိုင်စင်များ ကိုင်ဆောင်ထားကြရန်၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးသည့်အခါ လုပ်ငန်းလိုင်စင်ပြသနိုင်ခြင်းမရှိပါက လုပ်ငန်းလိုင်စင် ပယ်ဖျက်သည်အထိ အရေးယူဆောင်ရွက်နိုင်ကြောင်း တက်ရောက်လာသူများ သိရှိလိုသည့်ကိစ္စရပ်များကို မေးမြန်းနိုင်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဆက်လက်၍ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က ဆက်လက်ဟောပြောဆွေးနွေးရာ ရပ်ကွက်များ၊ ဈေးများနှင့် မြို့ရွာများအတွင်း ဖွင့်လှစ်သည့် လက်လီဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးများနှင့် အညီရောင်းချရန် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အလေးချိန်မှန်၊ အရည်အသွေးမှန်၊ အရောင်းအဝယ်မှန်စွာဖြင့် ရောင်းချရန်၊  လက်ကားပွဲရုံများ၊ ဆန်စက်များနှင့် ကုန်စည်ဒိုင်များထံမှ သတ်မှတ်ရည်ညွှန်းဈေးများနှင့် ကုန်စည်ရရှိမှုမရှိခြင်း၊ အရည်အသွေးလျော့နည်းသော ပစ္စည်းများသာဝယ်ယူရရှိပါက စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူအခွင့်အရေး ထိခိုက်နာစ်နာ ဆုံးရှုံးမှု အတွက် စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူအကျိုးစီးပွားကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်း လုပ်ငန်းရှင်၊ အစိုးရဌာန၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဆန်ဆိုင်နှင့် သိုလှောင်ရုံ လုပ်ငန်းရှင်များကလည်း ရောင်းချမှုလုပ်ငန်းလိုင်စင်နှင့် သိုလှောင်ရုံမှတ်ပုံတင်မှုလုပ်ငန်းများကို လုပ်ဆောင် ထားရန်နှင့် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး အဖွဲ့မှလိုက်လံစစ်ဆေးသည့်အခါ လိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်းကို လုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော် ဖိုးလမင်းဆန်စက် ထုတ်ကုန်လုံခြုံကွင်းဆင်းစစ်ဆေးခြင်း

            မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ၃.၁၀.၂၀၂၅ ရက်နေ့ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ် မြို့ကွက်သစ်၊ ၂ရပ်ကွက်ရှိ ဖိုးလမင်းဆန်စက်သို့ ကွင်းဆင်း၍ ဆန်စက်ကြိတ်ခွဲ ထုတ်လုပ်မှုနှင့် စပါးဆန်ရောင်းဝယ်မှု၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းက ဖိုးလမင်းဆန်စက်ပိုင်ရှင် ဦးဇော်ထက်စိုးနှင့် တွေ့ဆုံ၍ ဆန်စက်တွင် စပါးဝယ်ယူမှု၊ စပါးကြိတ်ခွဲ၊ သိုလှောင်မှုနှင် ဆန်/စပါးသိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်မှ သိုလှောင်ရုံမှတ်ပုံတင်ထားရှိပြီးဖြစ်ကြောင်း၊ ဆန်စက်မှ ဆန်များကို ရောင်းဝယ်မှုအခြေအနေနှင့် ဒေသအတွင်းရောင်းချပေးနေမှုအခြေအနေများကို ရှင်းလင်းပြောပြခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ဆန်စက်မှကြိတ်ခွဲရောင်းချနေသော ဆန်များကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စေရန်၊ အလေးချိန်မှန်ကန်စေရန်၊ အရောင်းအဝယ်မှန်စေရန်တို့ကို မှားကြားခဲ့ပြီးလုပ်ငန်းရှင်တို့ဘက်မှ လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရနိုင်မည်ဖြစ်ကြောင်း ပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏(၈/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် အတည်ပြုပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်တိုင်ကြားလာပါကဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းအရေးယူဆောင်ရွက် လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင်(၂၉-၉-၂၀၂၅)ရက်နေ့  နေ့လယ်(၁၃:၀၀)နာရီအချိန်၌ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်စုစုပေါင်း(၉)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

          မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌ ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး စားသုံးသူရေးရာဌာနခွဲတာဝန်ခံအရာရှိ ဒေါ်မေသက်ထွန်းမှစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များကိုအမှာစာ ဖြင့်ရှင်းလင်းတင်ပြခြင်း၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံအရာရှိ ဦးမျိုးထွန်းမှထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကိုအမှာစာဖြင့် ရှင်းလင်းတင်ပြခြင်း၊ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအတွင်းရေးမှူးစားသုံးသူ ရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက စားသုံးသူတိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများကိုအမှာစာဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြသည့် ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင် မြင်းခြံခရိုင်တို့မှ ခရိုင်ဦးစီးမှူးများမှလည်း လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ အဖွဲ့ဝင်များမှ ဝိုင်းဝန်ဆွေးနွေး ခဲ့ကြပြီး ဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား နေ့လယ်(၁၄:၁၅)နာရီအချိန်တွင် ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ရှိ ဦးသိန်း-ဒေါ်တင်ဝိုင်းဆန်ဆိုင်၌ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ဆန်များရောင်းချမှုရှိ/ မရှိကွင်းဆင်းခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ‌မြင်းခြံခရိုင်ရုံးမှဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး (ဦးစီးအရာရှိ)  ဦးဆောင်၍ ၄၅ လမ်းပေါ်ရှိ ဆန်လက်လီလက်ကားရောင်းချသော ဦးသိန်း-ဒေါ်တင်ဝိုင်း ဆန် အရောင်းဆိုင်သို့ ၂၆.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

           ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ ဦးသိန်း+ဒေါ်တင်ဝိုင်း ဆန်လက်လီ/ လက်ကားအရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄) ပြည် တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊ ၇၄၇ဆန် (၂၄) ပြည်တစ်အိတ် လျှင်(၈၀၀၀၀)ကျပ်၊ ရက်(၉၀)ဆန် (၂၄)ပြည်တစ်အိတ်လျှင် (၈၀၀၀၀) ကျပ်နှင့် မနောသုခဆန် (၂၄)ပြည်တစ်အိတ်လျှင်(၇၉၀၀၀) ကျပ် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ‌ ဦးသိန်း+ဒေါ်တင်ဝိုင်း ဆန်ဆိုင်ပိုင်ရှင်အား ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းပြည့်ပါက MyRO တွင်ဆက်လက်မှတ်ပုံ တင်သက်တမ်းတိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - HighLight News