Main menu

HighLight News

Powered by Drupal

သဲကုန်းမြို့အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများအားကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၆.၉.၂၀၂၄)ရက် နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သဲကုန်းမြို့အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/ လက်ကားရောင်းချနေသောဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်စာလုံးအရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်၊ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချ ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့တွင်အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ အုတ်တွင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၆.၉.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အုတ်တွင်းမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

       အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ အခြေခံစားကုန် (၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ် ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုး ရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များအား ကွင်းဆင်းကာ ပစ္စည်းများပြတ်လပ်မှု ရှိ/ မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိပါကြောင်းနှင့် ပုံမှန်အတိုင်းအ‌ရောင်းအဝယ်ဖြစ်နေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကဝမြို့ပေါ်ရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပဲခူးမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၂၆.၉.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ကဝမြို့ပေါ်ရှိစားအုန်းဆီ လက်လီ/ လက်ကား ရောင်းချနေသောကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချိန်အတွယ်မှန်ကန်စွာရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး မြေပဲဝေဖာလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်မေသက်ထွန်း ( ဦးစီးအရာရှိ )နှင့် ဦးမျိုးထွန်း ( ဦးစီးအရာရှိ )ဦးဆောင်၍ စစ်ဆေးရေးအရာရှိတို့သည် ၁၈-၉-၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ကဲကဲအမှတ်တံဆိပ်မြေပဲဝေဖာလုပ်ငန်းသို့ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ ဦးမျိုးထွန်း (ဦးစီးအရာရှိ)မှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရရှိပါသည်။

DOCA(မန္တလေး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sale)လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ “Talk Show” ပြုလုပ်ခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနမှ တာဝန်ခံဦးစီးအရာရှိ ဦးမျိုးထွန်းနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတွင်(၂၀-၉-၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီအချိန်ထိ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sale) လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ “Talk Show” ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ပြုလုပ်ရာတွင် Online မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ဘယ်လိုအွန်လိုင်းစနစ်တွေက မှတ်ပုံတင်ရမလဲဆိုတာ ဆွေးနွေးခြင်း၊ Online မှတ်ပုံတင်စနစ်ဖြင့် ရောင်းချသည့်အခါ ကုန်စည်နှင့်ဝန်ဆောင်မှုအုပ်စုသတ်မှတ်ချက်များ ဆွေးနွေးခြင်း၊ ဘယ်လိုလုပ်ငန်း၊ အဖွဲ့အစည်းတွေက ဒီစနစ်ကိုလျှောက်ထားရမည်ဆိုတာ ပြောပြပေးခြင်း၊ မှတ်ပုံတင်လျှောက်ထားရာမှ မဖြစ်မနေပူးတွဲတင်ပြရမည့် အထောက်အထားများကို ဆွေးနွေးပေးခြင်း၊ ယခုစနစ်ကိုဆောင်ရွက်ပါက အသုံးပြုရမည့် Link ကို ပြောပြပေးခြင်း၊ မှတ်ပုံတင်ခြင်းအတွက် မှတ်ပုံတင်ကြေးပေးသွင်းရမည့် နှုန်းထားတွေကိုရှင်းပြပေးခြင်း၊ မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ငြင်းပယ်နိုင်တဲ့အကြောင်းအရာတွေကို ဆွေးနွေးပေးခြင်း၊ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသူများကို ဆွေးနွေးခြင်းနှင့် အထွေထွေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့နယ် ခွေးတောက်ပင်ကျေးရွာတွင် အသိပညာပေးဟောပြောပွဲကျင်းပ

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ခွေးတောက်ပင်ကျေးရွာ၌ (၂၀.၉. ၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့်စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)ပါအချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်းဒေသကြီး၊ ပြည်နည်နှင့်ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးများတွင် တိုင်ကြားနိုင်သလို၊ Online မှလည်း တိုင်ကြားနိုင်ခြင်း၊ Consumer  Call Center နံပါတ် ၁၅၃၅ သို့လည်းရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ပါကြောင်း၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ Website မှလည်း တိုင်ကြားနိုင်ပါကြောင်းနှင့်ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ကုန်သွယ်မှုသတင်းများ၊ ကွင်းဆင်းဆောင်ရွက်ချက်များကိုလည်း ဝင်ရောက်ကြည့်ရှု့ လေ့လာနိုင်ပါကြောင်း၊ ဆိုးဆေးနှင့်ဆိုးဆေးအန္တရာယ်အကြောင်း စသည်ဖြင့်အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ရပ်/ ကျေးဥက္ကဌနှင့်ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ စုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စားအုန်းဆီထုတ်ယူသူများအား အသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တိုက်ကြီးမြို့နယ်တာဝန်ခံသည် (၂၄-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ မြသီတာ (၆) လမ်း၌ စားအုန်းဆီထုတ်ယူသူများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

       အဆိုပါ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံ ဒေါ်တင်တင်ဌေးက စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊  ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လဉ်း၍ ဆုံးရှုံးနစ်နာမှုရှိပါက တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

 

စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ City Mart သို့သွားရောက်၍ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအမျိုးမျိုးတို့အပေါ်၌ ကုန်အညွှန်းအမှတ်အသားအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ၊ ရောနှောဆီများရောင်းချခြင်းရှိ/မရှိနှင့် ဘေးအန္တရာယ်ရှိသောစားသုံးဆီများ ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားပြီး စားသုံးသူများအား ဘေးအန္တရာယ်ကင်းသော စားသုံးဆီများရောင်းချနေသည်ကိုသာတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်အတွင်း ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

        တိုက်ကြီးမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာအရောင်းဆိုင်သို့ (၂၅-၉-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင်  စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာအရောင်းဆိုင်များ၌ ရောင်းချခွင့်လိုင်စင်ရှိ/မရှိနှင့် လိုင်စင်သက်တမ်းကုန်ဆုံးခြင်းရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဓာတ်မြေဩဇာနှင့် မျိုးစေ့ စသည့် တစ်မျိုးချင်းအလိုက် ရောင်းချခွင့်လိုင်စင်များပြုလုပ်ရမည်ဖြစ်ကြောင်း၊  ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဒေါ်တင်တင်ဌေးကလည်း လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်ဓာတ်မြေဩဇာနှင့် သက်တမ်းလွန်မျိုးစေ့များကို  ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

တိုက်ကြီးမြို့နယ်ရှိ စက်သုံးဆီဆိုင်(၅)ဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်မှု

       တိုက်ကြီးမြို့နယ်အတွင်းရှိ  တာဂွကျေးရွာအုပ်စုမှ မင်းမဟာ၊ ငွေရောင်အထွဋ်အထိပ်၊ ရတနာတိုက်ကြီး၊ ဂျိုးဖြူကျေးရွာအုပ်စု မြတ်မင်္ဂလာဆီဆိုင်နှင့် ရင်းတိုက်ကွင်းကျေးရွာအုပ်စု Terminal 204 ဆိုင်တို့အား (၂၄-၉-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်မှ နံနက်(၁၀:၃၀)နာရီအချိန်ထိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌအပါ (၃)ဦး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိအပါ (၂)ဦး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့တို့သည် စက်သုံးဆီဆိုင်များမှ သတ်မှတ်ဈေးဖြင့် မှန်ကန်စွာရောင်းချနေမှု၊ ဆီရောင်းချလီတာပြည့်ဝစေရေးနှင့် ဆီလက်ကျန်များ၊ ဆီကားဝင်မှုအခြေအနေများ၊ ရောင်းချသော စက်သုံးဆီအမျိုးအစားများ၊ နေ့စဉ် ပြတ်လပ်မှုများကို ဆိုင်တာဝန်ခံအား အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး သတ်မှတ်ဈေးနှုန်းဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News