Main menu

HighLight News

Powered by Drupal

Orange (ရွှေပြည်သာ)နှင့် Terminal-M ရှိ Ocean Center များရှိ ဆန်ဈေးနှုန်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်သွားရန် ညွှန်ကြား ချက်အရ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဈေးကွက်အတွင်း (၁၃-၉-၂၀၂၄) ရက်နေ့တွင် ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ Orange နှင့် မင်္ဂလာဒုံမြို့နယ်ရှိ Ocean Super Center များအတွင်း ရောင်းချနေသော ဧရာဝတီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း၊ ရက်(၉၀)ဆန်တို့၏ ဆန်အမျိုးအစား၊ အမှတ်တံဆိပ်တို့၏ (KG)ဆန်ဈေးနှုန်းများကိုစိစစ်ခဲ့ကြပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စားအုန်းဆီအစည်းအဝေးတက်ရောက်ခြင်း

       (၁၂-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် စားအုန်းဆီခွဲတမ်းထပ်တိုးရရှိမှု အတွက် အစည်းအဝေးပြုလုပ်ကျင်းပခဲ့ပါသည်။

          ထိုသို့ကျင်းပခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းဇော်၊ အဖွဲ့ (၂) ဦးကျော်သူဝင်း၊ အဖွဲ့ဝင်(၃) ဦးအောင်ကျော်စိုး၊ မြို့နယ်စည်ပင်ဒု-အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်သီတာအောင်နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်နီလာဦးတို့နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး (၁၈ဦးတို့တက်ရောက်ခဲ့ပါသည်။ ပထမဉီးစွာ ဥက္ကဋ္ဌက စားအုန်းဆီရပ်ကွက်အလိုက် ခွဲတမ်းရရှိမှုများအား ရှင်းလင်းတင်ပြပြီး စားအုန်းဆီခွဲတမ်းပေးရန် အသစ်ရောက်ရှိလာသော နန္ဒစည်သူကုမ္ပဏီမှ လိုအပ်ချက်ရှိသော ရပ်ကွက်အသီးသီးအား အလုံးအရေအတွက်မျှတစွာခွဲဝေပေးမည်ဖြစ်ပြီး နောက်အပတ်မှစ၍ မိမိတို့နန္ဒစည်သူကုမ္ပဏီအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အိမ်ထောင်စုစာအုပ် (၁) အုပ်လျှင် (၅၀)ကျပ်သားနှုန်းဖြင့် ကိုယ်တိုင်လာရောက်ရောင်းချပေးမည်ဖြစ်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း အိမ်ထောင်စုစာရင်းများအား အမြန်ဆုံးလုပ်ဆောင်ပေးရန် ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၂:၃၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

လက်လီ/ လက်ကားအရောင်းစင်တာ (Makro) အတွင်းရှိ ရေသန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မွန်မွန်အောင် (လက်ထောက်ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် Makro မှ တာဝန်ကျတာဝန်ခံနှင့်တွေ့ဆုံ၍ ၁၃-၉-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အမှတ်(၃၂၂)၊ အထက်ပုဇွန်တောင်လမ်း၊  မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ လက်လီ/ လက်ကားအရောင်းစင်တာ (Makro) အတွင်းရှိ ရေသန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ရာတွင် (Makro) အတွင်းရှိ ရေသန့်အမျိုးမျိုးအားစစ်ဆေးရာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ရေသန့်အမျိုးအစားပေါင်း (၅)မျိုးကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်စုံဆိုင်ကြီးများတွင် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဒု-ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် ဈေးစည်ပင်သာယာနှင့်ပူးပေါင်း၍ ၁၃-၉-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၈၈) ဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၈၈) ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီများတွင် မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ပြီး စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံမှန်ကန်​စွာဖော်ပြထားသည်ကိုတွေ့ရှိခဲ့ကြောင်းသိရှိရပါသည်။ 

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအားစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် ဈေးစည်ပင်သာယာနှင့်ပူးပေါင်း၍ ၁၂-၉-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးရှိ မြန်မာဆေးနှင့် နိုင်ငံခြားဆေးမျိုးစုံရောင်းချသည့် ဆေးအရောင်းဆိုင်(၄)ဆိုင်သို့သွားရောက်၍ အိမ်သုံးဆေးဝါးရောင်းချမှု အခြေအနေများနှင့် ဆေးဝါးပြတ်လပ်မှုအခြေအနေများအား ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

         ထိုသို့ကွင်းဆင်းရာတွင် ဆေးစျေးနှုန်းအခြေအနေများမေးမြန်းခဲ့ပြီး ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး၊ စပ်ဆေးများရောင်းချခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ဒဂုံမြို့နယ်၊ အမှတ်(၂) ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဒု- ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် ဈေးစည်ပင်သာယာနှင့်ပူးပေါင်း၍ ၁၃-၉-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ တောင်ဒဂုံမြို့နယ်၊ အမှတ်(၂) ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်စုံဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအတွက် ဘေးအန္တာရယ်ကင်းရှင်းသော စားသောက်ကုန်များကိုသာဖြန့်ဖြူးရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” နှင့်ပတ်သက်၍ ပုဒ်မ (၄၃)အရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အ ညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်စည်များကို သာ ရွေးချယ်ဝယ်ယူရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုသိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

သာကေတမြို့နယ်ရှိ May San Co., Ltd အား ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး ဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည့်ဌာနများပူးပေါင်း၍ ၁၂-၉-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင်  အမှတ်(၅၅၄)၊ ရှုခင်းသာမြို့ပတ်လမ်း၊ ရှုခင်းသာရပ်ကွက်၊ သာကေတမြို့နယ်ရှိ May San Co., Ltd မှ  မန်နေဂျင်းဒါရိုက်တာ ဒေါ်မေသက်ဦးနှင့်တွေ့ဆုံ၍ ကုမ္ပဏီအတွင်းရှိ ဆေးဝါးများအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

        ထိုသို့စစ်ဆေးမေးမြန်းရာတွင် ကုမ္ပဏီမှ သွေးကျဆေး၊ အနာကျက်ဆေး၊ ဆီးချိုဆေး၊ Parodigm Pharma, Thailand co., Ltd စသည့် ဆေးကုမ္ပဏီများမှ ဝယ်ယူရောင်းချပြီး ဝယ်ယူသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး ဆေးဝါးများသိုလှောင်ထားခြင်းမပြုကြရန် ပြောကြားခဲ့ကြောင်းသိရှိရရှိပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ် ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော သောက်ရေသန့်များ ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော သောက်ရေသန့်များရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမည့် ဦးစားပေးကုန်စည်တစ်ခုဖြစ်သော သောက်ရေသန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်နှင့် ရပ်ကွက်များရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင်ရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအား မိမိတို့၏ဆိုင်များတွင် စံချိန်၊စံညွှန်းနှင့်ကိုက်ညီသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော သောက်ရေသန့်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန်နှင့် သက်တမ်းကုန်ဆုံးသော၊ စံချိန်၊ စံညွှန်းနှင့်ကိုက်ညီမှုမရှိသော၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းအမျိုးမျိုးနှင့် သောက်ရေသန့်အမျိုးမျိုးတို့အား မိမိတို့၏ဈေးဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်း၏ တာဝန်နှင့်ဝတ္တရားများကို ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ “အမေ့သားဂုဏ်ရောင်” ဆန်စက်သို့ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခြင်း

        ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ “အမေ့သားဂုဏ်ရောင်” ဆန်စက်သို့ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စက်အတွင်း ခေတ်မီစက်ယူနစ်များ တပ်ဆင်အသုံးပြုမှုအခြေအနေ၊ လက်ရှိဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေနှင့် ဆန်စပါးသိုလှောင်ထားရှိမှုအခြေအနေတို့ကိုစစ်ဆေးခဲ့ကြပါသည်။ ထို့ပြင် မြို့နယ်တာဝန်ခံက MSMEs လုပ်ငန်းနှင့်ပတ်သက်၍ အရည်အသွေးပြည့်ဝကောင်းမွန်သော ထုတ်ကုန်များထုတ်လုပ်နိုင်ခြင်းရှိ/ မရှိ၊ ပုဂ္ဂလိကကဏ္ဍနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးအရည်အသွေးထုတ်လုပ်မှုပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့်ပတ်သက်၍ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မှသာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံခြင်းနှင့် ပြည်ပဈေးကွက်သို့လည်း ထုတ်ကုန်များတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့၊ လေးကုန်း အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ( ၁၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ ၊ လေးကုန်း အ.မ.က ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များအကြောင်း၊ ကျောင်းသား/သူများအား အသင့်စားမုန့်အမျိုးမျိုးကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို အဓိကဖတ်ရှု၍ ဝယ်ယူသုံးစွဲကြရန် နှင့် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကိုပြောကြားခဲ့ပြီး ဆရာ/ မ (၄) ဦးနှင့် ကျောင်းသား/ သူ (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News