Main menu

HighLight News

Powered by Drupal

အခြေခံစားကုန်ဈေးနှုန်းများကွင်းဆင်းမေးမြန်းခြင်း

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့မဈေးအတွင်း/ အပြင်ရှိ ကုန်စုံဆိုင်များကို ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးမှကြီးကြပ်၍ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကိုဈေးကွက်အတွင်းသို့သွားရောက်ပြီး (၁၇.၁.၂၀၂၅)ရက်နေ့တွင်ဆီများရောင်းချနေမှု အခြေအနေများကိုသိရှိရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

          ထိုသို့စစ်ဆေးရာတွင် မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သား၊ ငါး၊ အခြေခံစားကုန်ဈေးနှုန်းများကို ဒေသတွင်းထုတ်လှုပ်နိုင်မှုအပေါ် အခြေခံသော သင့်တင့်သည့်ဈေးနှုန်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်းရှိ/ မရှိနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း မပြုလုပ်စေရန် အပတ်စဉ်ကြာသပတေးနေ့တိုင်း ဈေးနှုန်းကောက်ယူ ကွင်းဆင်းမေးမြန်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်အတွင်းရှိမြို့နယ်များတွင် ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းမြင့်တက် ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းခြင်း

           ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် အပတ်စဉ်တနင်္လာနေ့တိုင်း ဈေးကွက်အတွင်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စီးပွားရေး၊လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌အပတ်စဉ် တနင်္လာနေ့တိုင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများရှိ/ မရှိနှင့် ဆေးများပြတ်လပ်ခြင်းရှိ/ မရှိ၊ ဆေးပစ္စည်းများလက်ကျန် မြေပြင်အခြေအနေများနှင့် ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်ရှိ အ.မ.က ကူကြီးကျောင်းတွင်စားသုံးသူအသိပညာပေး ဟောပြောပွဲဆောင်ရွက်

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ အ.မ.က ကူကြီးကျောင်းတွင် (၁၇.၁.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) မှ (၁၁:၃၀)နာရီအချိန်အထိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် မိတ်ဖတ်ဌာနဆိုင်ရာများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ စားသုံးသူ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

           အဆိုပါ စားသုံးသူအသိပညာပေးဟောပြောပွဲတွင် ကျောင်းသား/ ကျောင်းသူနှင့် ဆရာ/ ဆရာမ စုစုပေါင်း (၃၀)ဦးအား စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဒေါ်ဇင်မာချောစုကြည် (ဒု- ဦးစီးမှူး) မှ ကုန်အညွှန်းအမှတ်အသား(၈)ချက်တွင် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု၊ အညွှန်း၊ သုံးစွဲပုံနည်းလမ်းများအကြောင်းကိုဟောပြောခဲ့သလို ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်အသိပေးချက်အကြောင်းကို ဟောပြော ခဲ့ပါသည်။ ထိုနောက် စားသုံးသူအခွင့်အရေး(၈)ချက် နှင့် လိုက်နာရမည့် တာဝန်(၄)ရပ် အားလည်း ဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်ရှိ ‌ဈေးဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ မြို့မစည်ပင်သာယာဈေးသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ စားသုံးသူရေးရာဦးစီးဌာ၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၇.၁.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် အခြားမိတ်ဖတ်ဌာနဆိုင်ရာများဖြစ်သော မြို့နယ်စည်ပင်သာယာရေးဦးစီးဌာ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စားသုံးဆီများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဈေးများတွင် ကုန်အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ရောင်းချနေသော စားသုံးဆီဘူးအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည်စုံမှန်ကန်မှုရှိ/ မရှိတို့ကိုစစ်ဆေးခြင်း၊ မြန်မာဘာသာဖြင့် ဖော်ပြထားမှသာရောင်းချရန်၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့အတွင်းရှိ ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

            ပဲခူးတိုင်းဒေသကြီး ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် (၁၇.၁.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ရောင်းချရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့နှင့် (၁၇.၁.၂၀၂၅) နေ့လယ်ပိုင်းတွင် တောင်ငူမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့်စိုက်ပျိုးရေးအရောင်းဆိုင်များသို့ သွားရောက်၍ ယူရီးယားဓါတ်မြေဩဇာများ ရောင်းချနေမှုအခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ပါသည်။

              တောင်ငူမြို့တွင် ဓါတ်မြေဩဇာနှင့်စိုက်ပျိုးရေးဆေးအရောင်းဆိုင် ၁၅ ဆိုင်ရှိပြီး အရောင်းဆိုင်များ၌ ယူရီးယား(လုံးကြီး)ဓါတ်မြေဩဇာ၊ Rock Phosphate ၁၅ ပတ်လည် ဓါတ်မြေဩဇာနှင့် Di Ammonium Phosphate ၁၅ ပတ်လည် ဓါတ်မြေဩဇာများကို ရောင်းချနေသည်ကိုတွေ့ရပြီး ကုမ္မဏီမှ ဖြန့်ဖြန့်ဖြူးသည့် ဈေးနှုန်းအပေါ် သယ်ယူခပေါင်း၍ ၅ ရာခိုင်နှုန်းအမြတ်တင်ရောင်းချကြောင်း တွေ့ရပါသည်။

              ခရိုင်ဦးစီးမှူးသည် ဓါတ်မြေဩဇာများသည် တောင်သူလယ်သမားများ မဖြစ်မနေသုံးစွဲရသည်ဖြစ်ရာ ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့်ရောင်းချရေး၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီရောင်းချရေး၊ တရားမဝင်ဓါတ်မြေဩဇာများ ရောင်းချခြင်းမပြုရေးတို့ကို ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သနပ်ပင်မြို့အတွင်းရှိ ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

          ပဲခူးတိုင်းဒေသကြီး ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့ အနေဖြင့် (၁၇.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၂၀)နာရီအချိန်တွင် သနပ်ပင်မြို့အတွင်းရှိ လက်လီ/ လက်  ကားရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်၊ အလေးချိန် ပြည့်ဝမှန်ကန်စွာ ရောင်းချခြင် ပြုလုပ်ကြရန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Anchorအခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ပဲခူးမြို့နယ်တာဝန်ခံတို့သည် (၁၇.၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

            အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံစားကုန်(၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျား ပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ ရောင်းချသောစတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များအားကွင်းဆင်း၍ ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိပါကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးက တောင်ပိုင်းခရိုင်ရှိ ပဲတီစိမ်းစိုက်တောင်သူများနှင့်ကုန်သည်/ ပွဲရုံပိုင်ရှင်များအားတွေ့ဆုံဆွေးနွေး

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်သည် တောင်ပိုင်းခရိုင်ရှိ ပဲတီစိမ်းစိုက်တောင်သူများအား ဇန်နဝါရီလ ၁၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံမှ ဝယ်လိုအားကောင်းပြီး ဈေးကွက်ရှိသော်လည်း ပြည်ပဝယ်လက်များက နိုင်ငံအတွင်း စိုက်ကွင်းထဲထိလာရောက်၍ ဈေးနှိမ်ဝယ်ယူရေးမရှိစေရေး မူဘောင်အတွင်းမှ ထိန်းကြောင်းဆောင်ရွက်ရန် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရပါသည်။ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်တွင် ပဲတီစိမ်း(ရွှေဝါ) အများဆုံးစိုက်ပျိုးပြီး တရုတ်နိုင်ငံ၊ ဥရောပနိုင်ငံများနှင့် အာဆီယံနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ယခုရာသီတွင် ပဲတီစိမ်း(ရွှေဝါ) စိုက်ပျိုးဆဲကာလဖြစ်ပြီး ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလအလည်မှစတင်၍ ပဲထွက်ရှိမည်ဖြစ်ကြောင်း သိရပါသည်။ တွေ့ဆုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊ တောင်ပိုင်ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ တောင်သူ ၆ ဦးနှင့် ကုန်သည်/ ပွဲရုံ ပိုင်ရှင် ၃ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင်စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးက သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောသည့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၇ ရက်နေ့တွင် သန်လျင်မြို့နယ် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်၏ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်းအမှုထမ်းများ၊ ဆရာဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း ၅၂၀ ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားစတင်ချိန်တွင် တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဖြစ်သူ ဒေါ်မြင့်မြင့်စိန်က အဖွင့်စကားပြောကြားခဲ့ပါသည်။ ထို့နောက်စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနမိတ်ဆက်၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံနှင့် စားသုံးသူအခွင့်အရေး ၈ ချက်နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်က စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၊ စားသုံးသူလိုက်နာရမည့်တာဝန်များနှင့် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူတိုင်ကြားရေးနှင့် ဖြေရှင်းရေးကဏ္ဍ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်းဆိုင်ရာ သိရှိသင့်သည့် ဆောင်ရန်ရှောင်ရန်အချက်များအား ပြောကြားခဲပါသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက သိလိုသည်များကိုမေးမြန်းခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News