Main menu

HighLight News

Powered by Drupal

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား မော်ကျွန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များမှ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ဥပဒေအခန်း(၂၃)ပါ တားမြစ်ချက်များ၊ ဥပဒေအခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊  ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Online Shop  မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ  Online  စနစ်ဖြင့်ရောင်းချသော ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းရှင်များသည် မှတ်ပုံတင်လျှောက်ထားပြီးမှသာ လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ အမိန့်စာပါညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊ Online Shop  မှတ်ပုံတင်လျှောက်ထားခြင်းအား အသေးစိတ်သိလိုပါက www. eComreg. gov. mm မှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များကိုသိရှိလိုပါက မြို့နယ်စားသုံးသူရေးရာတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www. doca. gov. mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စားအုန်းဆီထုတ်ယူခြင်း၊ ခွဲဝေချထားခြင်းဆိုင်ရာ ကိစ္စများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံ ဒု-ခရိုင်ဦးစီးမှုး ဦးလှထွဋ်ဦးနှင့်ဝန်ထမ်းများသည် (၁၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်   တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ Managing Director ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးများ၊ မြို့နယ်တာဝန်ခံများပူးပေါင်း၍ Zoom Metting ဖြင့်လုပ်ဆောင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့  Online  Virtual  စနစ်ဖြင့်တက်ရောက်ခဲ့ပါသည်။

        အဆိုပါ အစည်းအဝေးတွင် စားသုံးဆီခွဲဝေဖြန့်ဖြူးရေးနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်နှင့်အခြားခရိုင်များသို့ နေ့စဉ်ဆီထုတ်ဖြန့်ဖြူးခြင်း၊ နေ့စဉ်ပို့နိုင်ရန်အတွက် အထူးကုန်စည်အဖြစ်သတ်မှတ်၍   တင်ပို့မည့်ကားများတွင်လည်း  CCTV နှင့် GPS များတပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ပုသိမ် ခရိုင်သို့ စားအုန်းဆီတင်ပို့ရာတွင် တွဲကားဖြင့်လည်းကောင်း၊ မြောင်းမြခရိုင်သို့တင်ပို့ရာတွင် (၆)ဘီးကားဖြင့်လည်းကောင်း၊ ဟင်္သာတခရိုင်သို့တင်ပို့ရာတွင် (၁၂)ဘီးကားဖြင့်လည်းကောင်း ခရိုင်အသီးသီးသို့ အဆင်ပြေချောမွေ့စွာရောက်ရှိနိုင်ရေးအတွက် သွားလာနိုင်သောလမ်းခရီးများကိုလည်းတင်ပြ၍  ဆွေးနွေး ညှိနှိုင်းပြီး ဆီပေပါအမျိုးအစားကိုလည်း ဈေးကွက်အတွင်း စည်းပိတ်၍ရသော ပေပါအဝါ Original တစ်မျိုးတည်းကိုသာအသုံးပြုရန်လိုအပ်ကြောင်း၊ ကုမ္ပဏီဘက်မှလည်း ပေပါ(၂)ဆကို ကျခံပေးမည်ဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဦးစီးမှူးသည် ခရိုင်ဦးစီးမှူးများအား ဆီကားချရန်အတွက် လိုအပ်သော လိပ်စာ၊ ဖုန်းနံပါတ်များကို တိကျမှန်ကန်စွာပေးနိုင်ရေး၊ ခရိုင်မှူးများကလည်း မိမိတို့သက်ဆိုင်ရာမြို့နယ်များသို့ စနစ်တကျဖြန့်ဖြူးခွဲဝေပေးနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးအား နေ့လယ် (၁၂:၀၀)နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ရောင်းချပေးသည့် စားအုန်းဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၁၆-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့၊ မြတ် Myat  Ay  Kam Co,Ltd  မှထုတ်ယူခဲ့သော စားအုန်းဆီ (၂၃)ပေပါရောက်ရှိမှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။

      အဆိုပါစားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာန။ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ် အပါအဝင် ၂% အမြတ်ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)

ငွေစာရင်းဌာနခွဲနှင့် တိုင်းဒေသကြီး/ ပြည်နယ်များနှင့် Zoom Metting ဖြင့်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်မှ ငွေစာရင်းတာဝန်ခံ ဒေါ်ချယ်ရီမြင့် (ဒု-ဦးစီးမှုး)နှင့်  ဒေါ်သင်းလဲ့ကြူ(အငယ်တန်းစာရေး)တို့သည် (၁၃-၉-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငွေစာရင်းဌာနညွှန်ကြားရေးမှူးဦးဆောင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ငွေစာရင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး  Zoom Metting   ဖြင့်ပြုလုပ်သည့် အစည်းအဝေးပွဲသို့ Online   Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

        လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပထမဦးစွာ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး    ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ငွေစာရင်းကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီးနောက် ဧရာဝတီတိုင်းဒေသကြီးမှ ခရိုင်များ၊ ပဲခူးတိုင်းဒေသကြီးဦစီးမှူးရုံး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ခရိုင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ခရိုင်များ၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ခရိုင်များ၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သထုံခရိုင်ဦးစီးမှူးရုံး၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ CTQM ဦးစီးမှူးရုံး၊ နေပြည်တော်ဦးစီးမှူးရုံး စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဆွေးနွေးတင်ပြကြပြီး တက်ရောက်သူများကလည်း သီးခြားတင်ပြပါက တင်ပြနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ငွေစာရင်းဌာနခွဲညွှန်ကြားရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး စာရင်းစစ်ကန့်သတ်ချက်ခံရသော ခရိုင်များကိုနမူနာထား၍ နောင်မဖြစ်သင့်ကြောင်းပြောကြားခဲ့ပြီး  တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် ပြင်ဆင်ဆောင်ရွက်နိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးအား နံနက်(၁၁:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် ၁၅လမ်း ကမ်းနားရှိ စက်သုံးဆီရောင်းချနေသောဆိုင်များအား ရည်ညွှန်းဈေးဖြင့်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၆-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် (၁၅)လမ်း ကမ်းနားရှိ စက်သုံးဆီရောင်းချနေသော ဧရာရွှေဝါကုမ္ပဏီလီမိတက်တွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်    ရောင်းချပေးနေခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  မော်ကျွန်းမြို့နယ်တာဝန်ခံက (၁၅)လမ်း ကမ်းနားရှိ  စက်သုံးဆီများ လက်လီ/လက္ကားရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး စက်သုံးဆီရောင်းချနေသောဆိုင်ပိုင်အား စက်သုံးဆီရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့ဆိုင်များအနေဖြင့် ပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနှုန်းဖြင့်သာရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများကိုတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာရွှေဝါကုမ္ပဏီလီမိတက်မှ ဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

“ဒေးဒရဲမြို့၊ အုန်းပင်ကျေးရွာတွင် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်”

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒေးဒရဲမြို့၊ အုန်းပင်ကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းတိုက်၌ ကျင်းပဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ပြီး ရပ်မိရပ်ဖနှင့် သင်တန်းသူ၊ သင်တန်းသားများ (၄၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

“ဒေးဒရဲမြို့၊ အရှေ့သံဒင်းကျေးရွာရှိ အ.မ.က ကျောင်းတွင် ကျောင်းသား/ သူများ အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း”

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ ၊ အရှေ့သံဒင်းကျေးရွာရှိ အ.မ.က ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါအသိပညာပေးဟောပြောပွဲ၌ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေ၏  အဓိပ္ပါယ်ဖော်ပြချက်များတွင် စားသုံးသူဆိုသည်မှာ ကုန်စည် (သို့) ဝန်ဆောင်မှု ကို ကုန်သွယ်ရောင်းချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ (သို့မဟုတ်) ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်းနှင့် ကျောင်းသား/သူများအား အသင့်စားမုန့်အမျိုးမျိုးကို ဝယ်ယူသုံးစွဲရာတွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကို ဖတ်ရူဝယ်ယူစားသုံးရမည်ဟု အသိပညာပေးဟောပြောခဲ့ပြီး အခမ်းအနားသို့ ဆရာ/မ (၅) ဦး၊ ကျောင်းသား/သူ (၃၀) ဦး၊ စုစုပေါင်း (၃၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်၊ မအူပင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် စားသုံသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍Talk Show ပြုလုပ်ဆောင်ရွက်

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မအူပင်ခရိုင်လူထုအခြေပြုဗဟိုဌာန(Communit Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါအသိပညာပေးဆွေးနွေးပွဲ၌ မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူပြည်သူများ ယခုရေပန်းစားခေတ်စားလာသော online ရောင်းဝယ်မှုတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ online ဝယ်ယူအသုံးပြုသူများ သိသင့်သိထိုက်သောအချက်အလက်များနှင့် မြေပြင်တွင် စားသုံးသူရေးရာဦးစီးဌာန၏ online နှင့်ပတ်သတ်၍ ဆောင်ရွက်သည်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

“ဒေးဒရဲမြို့နယ်တွင် ဆန်ဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး”

    ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ဆန်ဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဒေးဒရဲမြို့နယ်ရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         ထိုသို့စစ်ဆေးဆောင်ရွက်ရာ၌ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က ဆန်သိုလှောင်ထားသော ဂိုဒေါင်ကြီးများနှင့် ဆန်ဆိုင်ကြီးများတွင် ဆန်အမျိုးအစားအလိုက် ရောင်းချနေသောဈေးနှုန်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခင်းရှိ/မရှိစစ်ဆေးခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၇-၉-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်အတွင်းရှိ အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်ရှိ မိုးသောက်ပန်းဆေးဆိုင်၊ ကိုထွန်း-၃ ဆေးဆိုင်၊ တော်ဝင်ဆေးဆိုင်နှင့် ရွှေအိုးဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုရှိ/မရှိစစ်ဆေးခြင်း၊ သက်တမ်းလွန်နေသော ဆေးဝါးများရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်း၊ တိုင်းရင်းဆေးများရောင်းချရာတွင် ကုန်အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပါဝင်မှု၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပါဝင်မှု၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကြိုတင်သတိပေးချက်နှင့် ဘေးထွက်ဆိုးကျိုးများဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခြင်း၊ ဈေးနှုန်းမြှင့်တင်၍ရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဆေးဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။ီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းစစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဆေးဆိုင်ပိုင်ရှင် များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

                                      

Pages

Subscribe to RSS - HighLight News