Main menu

HighLight News

Powered by Drupal

ဆိပ်ဖြူမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အသိပညာတိုးပွားစေရေး ဟောပြောဆွေးနွေး

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် စားသုံးသူများ စားသုံးသူအခွင့်အရေးများသိရှိပြီး ရယူတတ်စေရေးနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ အစားအစာရွေးချယ်သုံးစွဲတတ်စေရန်ရည်ရွယ်၍ (၁၈-၉-၂၀၂၄) ရက်နေ့၊ နံနက်(ဝ၉:၀၀)နာရီအချိန်၌ ဆိပ်ဖြူမြို့၊ တောင်ငယ်လုံးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

       အဆိုပါဟောပြောဆွေးနွေးပွဲတွင်  ဆိပ်ဖြူမြို့နယ်တာဝန်ခံက ဌာနဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ တာဝန်(၄)ရပ်၊ ကုန်အညွှန်းအမှတ်အသား(၈)ချက်နှင့် စားသုံးသူများ နေ့စဉ်အသုံးပြုသည့် ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက ပြောရေး၊ ဆိုခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်ရရှိနိုင်သည့်အကြောင်းအရာများနှင့် တိုင်ကြားနိုင်သည့်နေရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ကုန်စုံဆိုင်များရှိ မုန့်မျိုးစုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ  ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၇-၉-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ထင်းတန်းလမ်းပေါ်ရှိ မုန့်မျိုးစုံရောင်းချသည့်ကုန်စုံဆိုင်များသို  ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး ဘေးန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍  စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့စစ်ဆေးရာတွင် ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ မုန့်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ခရမ်းမြို့နယ်၊ အ.မ.က(၉) စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (၉) ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား စက်တင်ဘာလ (၁၂) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများဘေးအန္တရယ်ကင်းရှင်းစေရေးတို့အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များမှ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး Online မှတစ်ဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူ များအနေဖြင့် စိစစ်သင့်သည့်အချက်အလက်များအကြောင်း၊ ထို့နောက် တရားဝင်မှတ်ပုံတင်ထားသည့်  Online ရောင်းချမှုလုပ်ငန်းများမှ ပစ္စည်းအမျိုးမျိုးဝယ်ယူခြင်းကြောင့် ရရှိလာမည့်အကျိုးရလဒ်များ၊ အားသာချက်များအကြောင်း၊  တိုင်ကြားမှုနည်းလမ်းနှင့် ဖြေရှင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများအကြောင်းအရာများအား အသေးစိတ်ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကျောက်တန်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ စားသောက်ကုန်ဆိုင်၊ ဆေးဆိုင်၊ အလှကုန်ဆိုင်များသို့ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်တောင်ပိုင်းခရိုင်)မှ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခြင်းအား စက်တင်ဘာလ (၁၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ် လိုက်ပါဆောင်ရွက်ပူးပေါင်းကွင်းဆင်းခဲ့ကြောင်းသိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးမင်းကိုလတ်၊ ဦးစီးအရာရှိ(ဆေးဝါး) နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူကျန်းမားရေးဦးစီးဌာနမှ ဒေါက်တာမို့မို့ခိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုရတနာလှဌေး၊ မြို့မဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသောက်ကုန်ပစ္စည်းများဖြစ်သော ပဲပြား၊ ပဲပင်ပေါက်ချဉ်၊ မျှစ်ချဉ်၊ ငရုတ်သီးခွဲကြမ်းနှင့် အကျက်မှုန့်၊ အရောင်တင်မှုန့်၊ လက်ဖက်(အကြမ်းနှင်အနု)၊ မု့န်ဖတ်၊ နန်းကြီး၊ ညှပ်ဖတ်များတွင် ခွင့်မပြုဆိုးဆေးများပါဝင်မှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်းသိရသည်။

          အဆိုပါ စားသောက်ကုန်များအနက် မုန့်ဖတ်၊ ငရုတ်သီးအကျက်မှုန့်၊ ပဲပြားနှင့် မျှစ်ချဉ်တို့အား FDA မှ စမ်းသပ်စစ်ဆေးရန် နမူနာဝယ်ယူသွားကြောင်း၊ ဆေးဝါးနှင့်အလှကုန်ပစ္စည်းများမှာ သက်တမ်းကျော်လွန်နေခြင်းရှိ/မရှိနှင့် FDA ၏ထောက်ခံချက်ပါရှိမှုရှိ/မရှိ၊ ဆေးဆိုင်မှတ်ပုံတင်ပြုလုပ်ထားခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

အင်းစိန်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများစာရင်းကောက်ယူနေမှု

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ လက်ရှိရာသီဥတုအခြေအနေများကြောင့် မြောက်ပိုင်းခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးတို့အတွက် အင်းစိန်ဈေးအတွင်းရှိကုန်စည်များ၏ နေ့စဉ်ဖြစ်ပေါ်နေသည့်ကုန်ဈေးနှုန်းအခြေအနေများကို စာရင်းကောက်ယူလျက်ရှိပါသည်။

        အဆိုပါစာရင်းကောက်ယူရာတွင် (၂၀-၉-၂၀၂၄)ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသည့် အင်းစိန်ဈေးကြီးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ကြက်ဥ၊ ဘဲဥ၊ အသားငါးနှင့် ငါးပိ စသည့် မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိူးဈေးနှုန်းစာရင်းကောက်ယူခဲ့ခြင်းကို ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးဆီအမျိုးမျိုးရောင်းချနေသော အရောင်းဆိုင်ရှင်များအား တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၂၀-၉-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ မြို့မဈေးရှိ စားသုံးဆီအမျိုးမျိုးရောင်းချနေသော ကုန်မျိုးစုံဆိုင်ရှင်များအား စည်ပင်သာယာခန်းမ၌ အသိပညာပေးတွေ့ဆုံဟောပြောခဲ့ပါသည်။

          ထိုသို့ဟောပြောရာတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်းရောင်းချနေသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများကို (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိကိုကြည့်ရှုပြီး ဝယ်ယူရောင်းချရန်၊ မိမိတို့ရောင်းချသည့်ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့်ကုန်စည်များ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ စသည်တို့ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရေကျော် City Mark အတွင်းရှိ ရေသန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မွန်မွန်အောင် (လက်ထောက်ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် ပုဇွန်တောင်မြို့နယ်၊ ရေကျော် City Mark မှ တာဝန်ခံနှင့်တွေ့ဆုံ၍ ၂၀-၉-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် City Mark အတွင်းရှိ ရေသန့်အမျိုးမျိုးအားစစ်ဆေးရာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ရေသန့်အမျိုးအစား ALPINE, WAVE တို့ကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ လုပ်ငန်းများအတွက် MSME ချေးငွေပံပိုးပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

       ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ MSME အေဂျင်စီများအနေဖြင့် နိုင်ငံတော်မှ မတည်ရင်းနှီးထားသည့် ငွေကြေးအရင်းအနှီးကို Quality Loan အဖြစ် အမှန်တကယ်လိုအပ် သည့် MSME လုပ်ငန်းရှင်များထံသို့ အပြည့်အဝရရှိစေရေးနှင့် အကျိုးထိရောက်စွာအသုံးပြုနိုင်ရေး စီမံကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊  ဒဂုံမြို့သစ်‌မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် နှင့်ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်များမှလျှောက်ထားသည့် စုစုပေါင်းလုပ်ငန်းရှင် (၉) ဦးတို့အား ၁၉-၉-၂၀၂၄ ရက်နေ့တွင် ချေးငွေပံ့ပိုးပေးနိုင်ရေး ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာဌာနများပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှုးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိတို့၏ အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။

       ထိုသို့တင်ပြမှုများကို ဆောင်ရွက်လျက်ရှိရာ (၂၀-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဒဂုံမြို့သစ်ခရိုင်အတွင်း တာဝန်ကျဝန်ထမ်းများက တောင်ဒဂုံမြို့နယ်ရှိ PT Power (မြယမုံ) စက်သုံးဆီဆိုင်၊ PT Power (ရွာသာကြီး) စက်သုံးဆီဆိုင်များသို့သွားရောက်ကွင်းဆင်း၍ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံပြီး PPRD မှထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်သည့်အချိန်၊ ဆီဈေးနှုန်းတင်ထားသည့် LED Board များကိုပါစစ်ဆေးခဲ့ပြီး၊ တရားမဝင်စက်သုံးဆီများကိုရောင်းချခြင်းမပြုရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

စားအုန်းဆီရောင်းချရာတွင် အရည်အသွေးမှန်ကန်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရောနှောဆီများအပါအဝင် စားသုံးဆီအမျိုးမျိုးကို စာသုံသူကာကွယ်ရေးဥပ‌‌‌ဒေအရ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် သက်ဆိုင်ရာဌာများ၏ ဥပဒေအရ ထုတ်ပြန်ချက်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ သင်္ဃန်ကျွန်းမြို့နယ်များရှိ စားအုန်းဆီအရောင်းဆိုင်များအား (၂၀-၉-၂၀၂၄) ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

        ထိုသို့စစ်ဆေးခဲ့ကြရာ၌ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/မရှိတို့ကို အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News