Main menu

HighLight News

Powered by Drupal

ရွှေပြည်သာမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၃-၉-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ ထက်ဧကရီနှင့် Moon Sun စက်သုံးဆီဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် ရွှေပြည်သာမြို့နယ်ရှိ  ထက်ဧကရီနှင့် Moon Sun စက်သုံးဆီဆိုင်များသို့ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံပြီး ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချကြရန်၊ အချင်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချရန်၊ LED ဘုတ်တွင် ကြေညာထားသည့် ဈေးနှုန်းများအတိုင်းရောင်းချကြရန်၊ ဆီသိုလှောင်ကန်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ စက်သုံးဆီဆိုင်တွင် တပ်ဆင်ထားသော CCTV များမှ Control စနစ်ကောင်းမွန်ခြင်းရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

လှိုင်သာယာမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ ဆန်ရောင်းချနေသောဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပိတောက်မြိုင်ဈေးအတွင်းရှိ ဈေးတာဝန်ခံနှင့်ပူးပေါင်း၍ ဆန်ဆိုင်များဖြစ်သော အောင်သုခ၊ အောင်ချမ်းမြေ့နှင့် ရွှေပြည့်လျှံဆန်ဆိုင်များတွင် စက်တင်ဘာလအတွင်း ထွက်ရှိသော MRF မှ သတ်မှတ်ရည်ညွှန်းဈေးအပေါ် ၅% မှ ၈% အတွင်း အမြတ်ဖြင့်သာရောင်းချကြောင်း၊ ဆန်များကိုလည်း သိုလှောင်ထားခြင်းမရှိကြောင်း၊ ရောနှော၍လည်း မရောင်းချကြောင်း၊ ပြည့်ဝစွာချင်တွယ်ပေးကြောင်း၊ ဌာနအနေဖြင့်လည်း သတ်မှတ်ထားသော ဈေးနှုန်းများထက် ကျော်လွန်၍ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့မှုကိုသိရှိရပါသည်။         

DOCA(ရန်ကုန်)

အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေးကြီးအတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် တညင်းကုန်းဈေးကြီးအတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တညင်းကုန်းလက်ကားဈေးကြီးအတွင်း ရောင်းချနေသော စားအုန်းဆီ လက်လီ/လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချင်အတွယ်မှန်ကန်စွာရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသော စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ရှိ စားအုန်းဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ စားအုန်းဆီဆိုင်များ၏ စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား စက်တင်ဘာလ(၂၀)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားအုန်းဆီနှင့် စားအုန်းဆီအမျိုးမျိုးတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်ခြောက်ဆိုင်များသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြိုမဈေးအတွင်း/အပြင်ရှိ တို့ချဲ့အမှတ်(၅)မှ ဒေါ်သန်းသန်းခိုင်၊ ရုံ(F)အမှတ်(၁/၂) ဒေါ်ချိုချိုမြင့်၊ ရုံ(ဈ) အမှတ်(၁၄/၁၅/၁၆) ဒေါ်ချောစုလှိုင်၊ အရှေ့ဘက်ဆိုင်အမှတ်(၂၁/၂၂) ဒေါ်ရီရီဝင်းစားအုန်းဆီနှင့် စားသုံးဆီအမျိုးမျိုးတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်ခြောက်ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကော့မှူးမြို့နယ်၊ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာ စားအုန်းဆီများကို အခက်အခဲမရှိဘဲ ဝယ်ယူစားသုံးနိုင်ရေးအတွက် အခြေခံလက်ကားရည်ညွှန်းဈေးအား အပတ်စဉ် တနင်္လာနေ့တိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ထုတ်ပြန်လျက်ရှိရာ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်ချက်များမပြုလုပ်ကြရန်နှင့် မိမိတို့စီးပွားရေးလုပ်ငန်းရှင်များ၏ မသမာသည့်လုပ်ဆောင်မှုများပြုလုပ်နေခြင်းများကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးရှိ ဆန်ဆိုင်များသို့ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆန်ဆိုင်များသို့ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား စက်တင်ဘာလ (၂၁)ရက် နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

       ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်း များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာ မြို့မဈေး ရုံ(ဈ) အမှတ်(၁၉/၂၀)ရှိ မိဘရိတ်ဆန်ဆိုင်၊ ကုန်ပဒေသာဆိုင်အမှတ်(၁)ရှိ ဦးမြင့်ထူးဆန်ဆိုင်၊ ရုံ(C) အမှတ်(၃/၄) ဒေါ်မူဆန်ဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်အမျိုးအစားအလိုက် သတ်မှတ် ရည်ညွှန်းဈေးများအား လအလိုက် ထုတ်ပြန်ပေးလျက်ရှိရာ ဆန်ဈေးနှုန်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်းများမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး ဆန်အမျိုးအစားအလိုက် အနိမ့်စ၊ အလတ်စ၊ အမြင့်စ ဈေးနှုန်းများအား‌မေးမြန်းစုံစမ်းခဲ့ရာတွင် ကော့မှူးမြို့နယ်ဈေးကွက်အတွင်း၌ ဆန်ဈေးနှုန်းများ ထူးခြားစွာဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိဘဲ ပုံမှန်ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးမှုအရသိရှိရပါသည်။

DOCA(ရန်ကုန်)

ဆိပ်ဖြူမြို့ပေါ်ရှိ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် (၂၀-၉-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ရောင်းချမှုနှင့်လက်ကျန်အခြေအနေကိုသိရှိရန် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

       ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်ပေးသည့် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့်အညီရောင်းချရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုစေရေး၊ ကြေညာထားသော ဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊ အချင်အတွယ်မှန်ကန်စေရေးနှင့် စက်သုံးဆီများ မပြတ်လပ်စေရေးနှင့် စားသုံးသူစိတ်ကျေနပ်မှုရှိစေရန်  ဝန်ဆောင်မှုပေးနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း) တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

        မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေးရည်ရွယ်၍ (၁၉-၉-၂၀၂၄)ရက်နေ့၊ နံနက်(ဝ၉:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း) ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

         အဆိုပါဟောပြောပွဲတွင် ဒုတိယဦးစီးမှုးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက တိုင်ကြားခွင့်၊ ကုစားခွင့်ရရှိနိုင်သည့်အကြောင်းအရာများနှင့် တိုင်ကြားနိုင်သည့်နေရာများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေ အသိပညာပေးဟောပြောဆွေးနွေး

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ အစားအစာ ရွေးချယ်သုံးစွဲတတ်စေရေးအတွက်ရည်ရွယ်၍ (၁၉-၉-၂၀၂၄)ရက်နေ့၊ နံနက်(ဝ၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ သံဇလုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

   အဆိုပါဟောပြောပွဲတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံက  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ တာဝန်(၄)ရပ်နှင့် ကုန်အညွှန်းအမှတ်အသား(၈)ချက်အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက မျောက်ကျောက်ရောဂါကာကွယ်ရေးအကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူများ ဘေးအန္တရာယ်ကင်းဝေးရေး Mobile Lab Van ဖြင့် ကွင်းဆင်းစစ်ဆေး

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းသည် (၂၀-၉-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် မကွေးမြို့၊ ဆည်မြောင်းစျေး၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်းပြီး စျေးကွက်အတွင်းရှိ စားသောက်ကုန်များအား နမူနာဝယ်ယူ၍ Mobile Lab Van စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ချက်ချင်းစစ်ဆေးခဲ့သော လက်ဖက်၊ မုန့်ဖက်၊ သရက်ချဉ်၊ ဇီးဖြူသီးထောင်း၊ ကြက်သွန်ချဉ်နှင့် မျှစ်အဝါတို့၌ ခွင့်မပြုတာရှည်ခံဆေးနှင့် ချွတ်ဆေးများသုံးစွဲထားခြင်းမရှိကြောင်းကိုစစ်ဆေးတွေ့ရှိရပြီး ကျန်ရှိသော ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ ပဲခွက်၊ ငါးပိထောင်း၊ ဝက်အူချောင်းနှင့် ပဲသွေးတို့အား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနပိုင် ဓာတ်ခွဲခန်းသို့ ယူဆောင်စစ်ဆေးပြီး ခွင့်မပြုတာရှည်ခံဆေးနှင့် ခွင့်မပြုချွတ်ဆေးများသုံးစွဲထားကြောင်းကိုတွေ့ရှိပါက ကုန်စည်ပိုင်ရှင်များအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign နှင့် အလှကုန်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မင်္ဂလာဈေး၌ (၁၆-၉-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဈေးကော်မတီများပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign နှင့် အလှကုန်ပစ္စည်းရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

          အလှကုန်ပစ္စည်းများ၌ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)ပါ ကုန်အညွန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ သတ်မှတ်ချက်များပြည့်စုံမှန်ကန်စွာဖော်ပြပါဝင်မှုရှိ/မရှိနှင့် သုံးစွဲရန်မသင့်ဟုတားမြစ်ထားသော အလှကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - HighLight News