Main menu

HighLight News

Powered by Drupal

တိုက်ကြီးမြို့တွင် ဆေးဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးဝါးပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

             တိုက်ကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံသည် သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့် ပူးပေါင်း၍ တိုက်ကြီးမြို့ပေါ်ရှိ ဆေးဝါးမျိုးစုံရောင်းချသော ဆိုင်များသို့ (၇.၁၂.၂၀၂၄)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းရာ ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်း ပြတ်လပ်မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဈေးနှုန်းကြီးမြင့်ရောင်းချမှုမရှိကြောင်းနှင့် ဆေးဝါးအမှတ်တံဆိပ်အချို့ပြတ်လပ်မှုရှိသော်လည်း အာနိသင်တူဆေးဝါးတံဆိပ်များ ရောင်းချထားသည့်အတွက် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်၊ မြို့မဈေးတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ဆန်ရောင်းချရေး ကွင်းဆင်းဆောင်ရွက်

             တိုက်ကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံသည် တိုက်ကြီးမြို့မဈေးတွင် ဈေးတာဝန်ခံနှင့်တာဝန်ရှိ ဝန်ထမ်းများပူးပေါင်းပါဝင်၍ (၈.၁၂.၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၀၀)အချိန်တွင် ဈေးအတွင်းရှိ ဆန်ရောင်းချသောဆိုင်များသို့ ကွင်းဆင်းကာ ဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချစေရေး၊ ဆန်ဈေးကွက်စီးဆင်းမှုမှန်ကန်စေရေး၊ ရောင်းချသောဆန်အမျိုးအစားအလိုက် ဈေးနှုန်းအားပွင့်လင်းမြင်သာစွာ ချိတ်ဆွဲထားရှိစေရေး ကွင်းဆင်းခဲ့ပါသည်။ တိုက်ကြီးမြို့နယ်တွင် ဒေသထွက်ဆန်များဖြစ်သော မနောသုခ၊ ဆင်းသုခ၊ သုခရှယ်၊ ပခန်း တို့အား ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်တွင် စားအုန်းဆီဖြန်ဖြူးပေးမှုအား ကြီးကြပ်ဆောင်ရွက်

             တိုက်ကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံသည် ၉.၁၂.၂၀၂၄ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် တိုက်ကြီးမြို့မဈေးနှင့်တိုက်ကြီးမြို့နယ်တွင် စားအုန်းဆီ ဖြန့်ဖြူးခွင့်ရ ကိုယ်စားလှယ်များသို့ ကွင်းဆင်းကာ စားအုန်းဆီလက်လီ/ လက်ကားရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချရန်နှင့် မြို့နယ်အတွက်ရရှိသော စားအုန်းဆီခွဲတမ်းအား ပြည်သူများသို့ အပြည့်အဝပြန်လည်ရောင်းချမှုရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းဈေးနှုန်းမှာ ဒီဇင်ဘာလ (၉)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၇၂၅၅)ဈေးနှုန်း ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)        

တိုက်ကြီးမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               တိုက်ကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံသည် ၉.၁၂.၂၀၂၄ ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်လယ်ယာ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့အဖွဲ့ အဖြစ်ပါဝင်သောအဖွဲ့ဖြင့် ပူးပေါင်းပါဝင်သော တိုက်ကြီးမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသောဆိုင်များသို့ကွင်းဆင်း၍ ဓါတ်မြေဩဇာများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ သွင်းအားစုများသိုလှောင်ပြီး ဈေးကစားမှုမရှိစေရေး၊ တရားမဝင်ဓါတ်မြေဩဇာများ၊ ပိုးသတ်ဆေးများရောင်းချမှုမရှိစေရေး ဆောင်ရွက်ခဲ့ပါသည်။ ယူရီးယား ဓါတ်မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ဓါတ်မြေဩဇာ ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောင်းသီးနှံစီမံကိန်းအတွက် ဓါတ်မြေဩဇာများအား ရန်ကုန်အထိုင်ဈေးနှုန်းအဖြစ် ယူရီးယား(အလုံးကြီး) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် (၉၇၀၀၀)ကျပ်၊ Rock Pbosphate (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် (၁၂၄၀၀၀)ကျပ်၊ Di Ammonium Phosphate (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် (၁၃၇၀၀၀)ကျပ်ဖြင့် ရောင်းချရန် သတ်မှတ်ထားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)        

အင်းစိန်ခရိုင်အတွင်း ဆန်ဆိုင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

            ၉.၁၂.၂၀၂၄ ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အင်းစိန်ခရိုင်အတွင်းရှိ ဆန်ဆိုင် (၂) ဆိုင် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူ မြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ရေးသားဖော်ပြ၍ ရောင်းချရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာဒုံခရိုင်အတွင်း ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

            ၉.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်အတွင်း ဈေးများနှင့် ရပ်ကွက်များရှိ ဆန်ဆိုင်များတွင် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မင်္ဂလာဒုံခရိုင်အတွင်းရှိ မင်္ဂလာဒုံဈေး၊ ဝါယာလတ်ဈေးနှင့် ထွန်းသီရိဈေးတို့၌ ဈေးတာဝန်ခံများ ပူးပေါင်းပါဝင်လျက် ဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များတွင် နိုဝင်ဘာလထုတ်သတ်မှတ်ရည်ညွှန်းဈေးအပေါ် ၈%ပေါင်း၍ ရောင်းချခြင်းရှိ/ မရှိကိုစစ်ဆေးခဲ့ရာ ဆန်ဆိုင်အားလုံး၌ သတ်မှတ်ရည်ညွှန်းအပေါ် သယ်ယူစရိတ် ၈%ပေါင်း၍ ရောင်းချပါကြောင်း၊ ရောင်းချသောဈေးနှုန်းနှင့် ဆန်အမျိုးအစားများကိုလည်း စားသုံးသူပြည်သူများ မြင်သာအောင်ဖော်ပြထားပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်းမရှိပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သာယာဝတီမြို့၌အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊  သာယာဝတီခရိုင်၊  သာယာဝတီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center တွင်စားသုံးသူအသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

             စားသုံး/ ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီမှ တက်ရောက်လာသူများအား  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များကို  ဝယ်ယူအသုံးပြုရာတွင် ကုန်စည်၏ အမျိုးအမည်၊ သုံးစွဲပုံနည်းလမ်း၊  အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်များပါရှိရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ရန်နည်းလမ်းများအားပြောကြားကာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့နယ်၌စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ရွှေဥဒေါင်းရပ်ကွက်၌ သာယာဝတီခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့သည် (၆.၁၂.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်သူ(၈၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

         ပထမဦးစွာ ခရိုင်ဦးစီးမှူးဦးသန်းစိုးမှဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များအကြောင်းဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍စားသုံး/ ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ က တက်ရောက်လာသူများအား  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များကိုဝယ်ယူအသုံးပြုရာတွင် ကုန်စည်၏ အမျိုးအမည်၊ သုံးစွဲပုံနည်းလမ်း၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်များပါရှိရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ရန်နည်းလမ်းများ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ ဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ် သပြေကုန်းရွာအခြေခံမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောဆွေးနွေး

            ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့မှ စားသုံးသူရေးရာဦးစီဌာနမှ ဝန်ထမ်းများသည် ပေါင်းတည်မြို့ သဖန်းပင်ဆိပ်အုပ်စု သပြေကုန်းရွာ အခြေခံပညာမူလတန်းကျောင်း၌ (၆-၁၂-၂၀၂၄)ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများကို စားသုံးသူရေးရာနှင့် ပတ်သက်သော အကြောင်းအရာများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

               ထိုသို့သွားရောက် အသိပညာပေးရာတွင် အစားအသောက်များကို ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဝယ်ယူစားသောက်ရာတွင် ရွေးချယ်ဝယ်ယူစားသောက်တတ်စေရန်၊ အရောင်တောက်တောက်နှင့် အထူးအဆန်း သဘာဝဆိုးဆေးမဟုတ်သော အစားအစာများကို ဝယ်ယူမစားသုံးသင့်ဘဲ အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကိုသာ ဝယ်ယူစားသုံးသင့်ကြောင်း၊ ဝယ်ယူစားသောက်ရာတွင်လည်း ပစ္စည်း၏အရည်အသွေးနှင့် ပါဝင်ပစ္စည်း၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ကိုကြည့်ရှု့၍ ဝယ်ယူစားသောက်သင့်ကြောင်း စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) ပုဒ်မ (၄၁)ပါအကြောင်းအရာများကို ကျောင်းသား/ ကျောင်းသူများကို အသိပညာ‌ပေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ် ဘွဲ့ပင်ကန်ရပ်ကွက် အခြေခံပညာမှုလတန်းကျောင်းတွင် အသိပညာပေးဟောပြောဆွေးနွေး

             နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် (၆.၁၂.၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ် ဘွဲ့ပင်ကန်ရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်၍ စားသုံးသူရေးရာဌာနနှင့် ပြန်ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောခြင်း၊ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲအခမ်းအနားများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

           စားသုံးရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးနိုင်ဝင်းသိန်းက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉) ပုဒ်မ(၁၉)ပါ စားသုံးသူအခွင့်အရေးနှင့်စားသုံးသူ၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အေးစုစံမှ လူကုန်ကူးမှု နံရံကပ်စာစောင်များနှင့် လူကုန်ကူးမှုအန္တရာယ် ဓာတ်ပုံပြပွဲအကြောင်း၊ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများအကြောင်း ဟောပြောဆွေးနွေးခဲ့ရာ ဆရာ/ ဆရာမဦးရေ(၁၅)ဦးနှင့် ကျောင်းသား/ ကျောင်းသူဦး ရေ(၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News