Main menu

HighLight News

Powered by Drupal

မှော်ဘီမြို့နယ်၊ အ.လ.က (လေထီး)ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး

   စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၂၄-၉-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ အ.လ.က(လေထီး)ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောခဲ့ပါသည်။

      အဆိုပါအသိပညာပေးပွဲတွင် ကုန်စည်၊ ဝန်ဆောင်မှုများအကြောင်း၊ စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ဘေးအန္တရာယ်ရှိသော ဓာတုဆိုးဆေးများအကြောင်း၊ ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူစားသောက်ကြရန် ဥပမာပေးခြင်း၊ ဘေးအန္တရာယ်ရှိသော အီလက်ထရောနစ်အငွေ့ရူစက်များအကြောင်းကိုလည်း အသိပညာပေးရှင်းလင်းခဲ့ပြီး ယင်းဟောပြောပွဲသို့ ဆရာ/ဆရာမ(၂၀)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာအဆင့်မြင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်ပို့ချ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကွန်ပျူတာအဆင့်မြင့်သင်တန်းအား (၂၃-၉-၂၀၂၄)ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပြီး အခမ်းအနားစတင်ချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မိမိတို့ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများ ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုတတ်မြောက်စေရန်အတွက်ဖြစ်သည်။ ကွန်ပျူတာသင်တန်းကို သင်တန်းသူ/ သင်တန်းသား ၁၀ဦးနှင့်တကွ စိတ်ပါဝင်စားသူများလည်းပါဝင်တက်ရောက်ခဲ့ကြပြီး သင်ကြားပို့ချမည့် ဘာသာရပ်များအနေဖြင့် Advance Excel , Photoshop နှင့် PC Maintenance တို့ဖြစ်ပါသည်။

DOCA(ရန်ကုန်)

ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ၂၄-၉-၂၀၂၄ ရက်နေ့တွင် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်ကြီးများအား  ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ကျိုက်မရောမြို့နယ်ရှိ ဆန်ဆိုင်ကြီးများနှင့် ဆန်ဂိုဒေါင်များတွင် ရည်ညွှန်းဈေးအပေါ်  ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိ၊ ဆန်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုအတွက် သိုလှောင်ခြင်း၊ ဖြန်းဖြူးရောင်းချခြင်းများမရှိသည်ကို  စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်တွင် အာဟာရဖြည့်စွက်စာများနှင့် အာဟာရဓာတ်စာများအား ပူပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည်  ၂၃-၉-၂၀၂၄ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မုဒုံမြို့၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အာဟာရဖြည့်စွက်စာများနှင့် အာဟာရဓာတ်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရွှေဟင်္သာဈေး၌ ရောင်းချနေသော အာဟာရဖြည့်စွက်စာနှင့် ဓာတ်စာများတွင် ဖော်ပြထားသော ကုန်ညွှန်းအမှတ်အသားများမှာ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်တွင် လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်တာဝန်ခံသည်   ၂၄-၉-၂၀၂၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

   ထိုသို့ အသိပညာပေးခြင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မ‌ရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်၊ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်၊ အခွင့်အာဏာအပ်နှင်းသည့်အမိန့်များနှင့် သတိပြုရမည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းစဉ်(၄)ရပ်အား ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည့်အကြောင်းအရာများကိုမေးမြန်းခဲ့ပြီး မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

ကျိုက်ထိုမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များအား အသိပညာပေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည်  ၂၃-၉-၂၀၂၄ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

   ထိုသို့ အသိပညာပေးခြင်းဆောင်ရွက်ရာတွင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်၊ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်၊ အခွင့်အာဏာအပ်နှင်းသည့်အမိန့်များနှင့် သတိပြုရမည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ စားသုံးသူဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်(၄)ရပ်အား ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည့်အကြောင်းအရာများကိုမေးမြန်းခဲ့သည်။ ယင်းသို့ မေးမြန်းချက်များအား စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံ ဦးဇော်ဦးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့တွင် အာဟာရဖြည့်စွက်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည်  (၂၃-၉-၂၀၂၄)ရက်နေ့၌ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကျိုက်ထိုမြို့ပေါ်ရှိ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော အာဟာရဖြည့်စွက်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ အသေးစိတ်ဖော်ပြရမည့်အချက်များနှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခဲ့ရာ အာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ကိုက်ညီမှုရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ဆိပ်ဖြူမြို့နယ်၌ အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချသည့် စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် (၂၃-၉-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဈေးကွက်အတွင်းရှိ (၁၀)ဂရမ်အထက်ရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံပြီး ဘေးန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချသည့် စတိုးဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

       (၁၀)ဂရမ်အထက်ရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာတွေ့ရှိရပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားသည့် ကုန်စည်များကိုသာရောင်းချကြရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ကျောင်းမုန့်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

        ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့၊ နံနက်(၀၉ꓽ၃၀)နာရီအချိန်၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ အမှတ်(၃) အခြေခံအထက်တန်းကျောင်းအတွင်းရှိ မုန့်အရောင်းဆိုင်များသို့သွားရောက်၍ ၎င်းတို့ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ ကျောင်းမုန့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးရောင်းချသူများအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မိမိတို့ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်စည်နှင့် သန့်ရှင်းလတ်ဆတ်သည့်ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ တောင်ကြီးမြို့၌ သတင်း/ဆောင်းပါးရေးသားနည်းသင်တန်းဖွင့်လှစ်

       စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရှမ်းပြည်နယ်) တို့ပူးပေါင်း၍ သတင်းဆောင်းပါးရေးသားနည်းသင်တန်းဖွင့်ပွဲကို (၁၉-၉-၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ နည်းပြများ၊ သင်တန်းသူ/ သားများဖြစ်သည့် အရာထမ်း/အမှုထမ်း (၂၈) ဦးတက်ရောက်ခဲ့ပြီး သင်တန်းအား (၁၉-၉-၂၀၂၄) ရက်နေ့မှ (၂၀-၉-၂၀၂၄) ရက်နေ့ထိ နှစ်ရက်ကြာဖွင့်လှစ်ပို့ချခဲ့ပါသည်။

      အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးရွှေဖြူ(ဒု-ညွှန်မှူး)က အဖွင့်အမှာစကားပြောကြားရာ၌ “ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်စေနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သတင်းဆောင်းပါးရေးသားနည်းသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် နည်းပြများက သင်ကြားရာတွင် စနစ်တကျလေ့လာသင်ယူသွားရန် ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးလှဌေး(ဒု-ညွှန်မှူး)၊ ရှမ်းပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဦးသီဟလွင်(ဦးစီးအရာရှိ)နှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ ကိုစိုး(ခ) စိုးမော်ဦး(အတွင်းရေးမှူး)တို့က သတင်းဆောင်းပါးရေးသားနည်းဘာသာရပ်ကို ဝန်ထမ်းများသိရှိနားလည်စေရန် အသီးသီး အသေးစိတ်ရှင်းလင်းဆွေးနွေးပို့ချခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - HighLight News