Main menu

HighLight News

Powered by Drupal

လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် (၅.၁၂.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆန်တန်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး၌ မုန့်မျိုးစုံအရောင်းဆိုင်၊ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက် ခဲ့ကြောင်းသိရသည်။

         ဟောပြောပွဲတွင် စားသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ဈေးကွက်အတွင်းရောင်းချသော ကုန်စည်အမျိုးအစားပေါ်တွင် သက်ဆိုင်ဌာနများ၏ ထောက်ခံချက်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသောကုန်စည်များကိုသာရောင်းချရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေး

             စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် (၄.၁၂.၂၀၂၄)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ဆန်တန်းရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ အောင်ဇေယျသန်းဆန်စက်လုပ်ငန်းရှင် ဦးမျိုးဇင်ကျော်နှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက် စေရေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက်ထုတ်ပြန် ၏ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်  ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများနှင့် အညီ ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်‌ရောင်းချခြင်း၊ အရည်အသွေးမမှန် မကန်ရောင်းချခြင်းများ မပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည့်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ပြည်ကျော်”မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်

             ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် ၊အမှတ်(၆)၊ ရွှေဘုံသာရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးခန်း၌ “ပြည်ကျော်”မုန့်မျိုးစုံလုပ်ငန်းရှင် ဦးမျိုးကိုနှင့်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ဆွေးနွေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊  ထုတ်ပိုးသည့်ကုန်စည်ပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှီရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ် အ.မ.က ဒိုက်အင်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၃.၁၂.၂၀၂၄)နေ့ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် ဇလွန်မြို့၊ ဒိုက်အင်းကျေးရွာရှိ အခြေခံပညာမူလတန်းတွင် ဆရာ၊ဆရာမ နှင့် ကျောင်းသား၊ကျောင်းသူ ၉၅ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့်  စာဖတ်ရှိန်မြှင်တင်ရေး  အသိပညာပေး ဟော ပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက အစားအသောက်များတွင်ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက်ရ မည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့်နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးက လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဟောပြောပွဲကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တရားမဝင်ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခြင်း

          ဟင်္သာတခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့သည် (၃.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်မှစတင်၍ လေးမျက်နှာမြို့ပေါ်ဈေးရှိ ကုန်စုံဆိုင်များတွင် တရားမဝင်ကုန်စည် များရောင်းချခြင်းရှိ/ မရှိကိုလည်းကောင်း၊ လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းရှိ ပန်းတောကြီးဂိတ်တွင် ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များတွင် တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်းရှိ/ မရှိကိုလည်းကောင်း ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ဒေသတွင်းရှိ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများဈေးကွက်တွင် မျှတစွာယှဉ်ပြိုင်ရပ်တည်နိုင်ပြီး၊ စားသုံးသူများအားကာကွယ်ပေးနိုင်ရေး၊ တရားမဝင် ကုန်သွယ်မှုများ၏အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင့် ဒေသအတွင်းထိခိုက်မှုမရှိစေရေးရည်ရွယ်၍ စစ်ဆေးခြင်းဖြစ်ပြီး၊ မော်တော်ဆိုင်ကယ်များ၊ ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များနှင့် ဆီဘောက်ဆာယာဉ်များတွင် ကုန်စည်နှင့် ကုန်ပို့လွှာများ ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခြင်း၊ လေးမျက်နှာမြို့ပေါ် စည်ပင်ဈေးရှိ ကုန်စုံဆိုင်များတွင် အများပြည်သူသုံးစွဲရန်နှင့် အသုံးပြုရန်မသင့်တော်သော ကုန်စည်များ၊ မြန်မာနိုင်ငံ FDA ထောက်ခံချက်မရရှိသောကုန်စည်များ၊ အလှကုန်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေအရ တားမြစ်ထားသော ကုန်စည်များကို ရောင်းချခြင်းရှိ/ မရှိ ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မွန်ပြည်နယ်တွင် လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

               (၅.၁၂.၂၀၂၄) ရက်နေ့ ​နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှ မှတ်ပုံတင်အသစ်လျှောက်ထားလာသော မွန်ပြည်နယ်၊ ​မော်လမြိုင်မြို့ရှိ ကုမ္ပဏီများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ပဏီ(၁)ခုဖြစ်သော ROYAL THITSAR INTERNATIONAL CO.,LTD တို့၏ ကုမ္ပဏီတည်ထောင်ထားမှုနှင့် ပတ်သက်၍ အမှန်တကယ်လုပ်ငန်းဆောင်ရွက်မှုရှိ/ မရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

တောင်ငူမြို့ အထက(၃)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက် ကျော်နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

              ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး၊ မြို့နယ်တာဝန်ခံ ဦးမြင့်သူမှ စားသုံးသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုသင့်ပုံများကို ဟောပြောခဲ့ကြောင်းသိရသည်။

              ဆက်လက်၍ ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော် (ဦးစီးမှူး)က အွန်လိုင်းတွင် ဈေးဝယ်ယူခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ၊ စားသုံးသုံးသူနစ်နာဆုံးရှုံးမှုများအား တိုင်ကြားနိုင်ခြင်းများကို ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၀၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့တွင် စာပေဝါသနာရှင်များအား အွန်လိုင်းတွင်ဈေးဝယ်ယူခြင်းနှင့်ပတ်သက်၍ အသိပညာပေး

 

              စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ဒီဇင်ဘာ လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အုတ်တွင်းမြို့နယ်ရုံး၌ ကျင်းပပြုလုပ်သည့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များအား အွန်လိုင်းတွင် ဈေးဝယ်ယူခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေးပြောကြားခဲ့ကြောင်းသိရသည်။

              စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် အွန်လိုင်းတွင် ဈေးဝယ်ခြင်းနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်များ၊ လိမ်လည်မှုပုံစံများ၊ စိစစ်သင့်သည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာန၏ ဆောင်ရွက်ချက်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

              ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အသိပညာပေးဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းနှင့် စာပေဝါသနာရှင်(၁၀)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် အခြေခံစားကုန်နှင့်သားငါးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် တောင်ငူမြို့နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ နန်းတော်ဦးဈေးအတွင်း အခြေခံစားကုန်များနှင့် သားငါးများ ရောင်းချနေမှုအခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

              ပူးပေါင်းအဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် စည်ပင်သာယာဈေးများနှင့် ရပ်ကွက်ဈေးများတွင် ရောင်းချနေသော ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥနှင့် အခြေခံစားကုန်များ ရောင်းချမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက်ပိုမို၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

            တောင်ငူခရိုင်မြို့နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် တောင်ငူမြို့တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဈေးကိုဖွင့်လှစ်၍ အခြေခံလူတန်းစားများ သက်သာသောနှုန်းထားဖြင့် ဝယ်ယူနိုင်သကဲ့သို့ mobile မော်တော်ယာဉ်များဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို အခြေခံလူတန်းစားများရာ ရပ်ကွက်များတွင် လှည့်လည်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့တွင် အသားငါးနှင့်ကြက်ဥဘဲဥအရောင်းဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

 

               စားသုံးသူရေးရာဦးစီးဌာန အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် အုတ်တွင်း မြို့နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို ဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

             ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့ စည်ပင်သာယာဈေးအတွင်း ရောင်းချနေသော ကြက် သား၊ ဝက်သား၊ အမဲသား၊ ငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံဥနှင့် အခြေခံစားကုန်များ ရောင်းချမှု အခြေအနေများကို ကြည့် ရှုစစ်ဆေးခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ပိုမို၍ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းမပြုရန် မှာကြားခဲ့ပါသည်။

             ပူးပေါင်းအဖွဲ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်နီလာ ဦးဆောင် သော ဝန်ထမ်းများလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်းနှင့် အုတ်တွင်းမြို့နယ်အတွင်း ကုန်ဈေးနှုန်းတည် ငြိမ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ကိုယ်တိုင်စိုက် ပျိုးမွေးမြူထုတ်လုပ်သူများက အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News