Main menu

HighLight News

Powered by Drupal

ထားဝယ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

        ၂၀၂၄ ခုနှစ်၊ စက်တင်လဘာလ (၁၈)ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့၊ မြောင်းပုလဲရပ်ရှိ ဆန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးရာတွင် မှတ်ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဆန်အိတ်များ စနစ်တကျသိုလှောင်ထားရှိမှုများဆောင်ရွက်ထားခြင်းနှင့် အရည်အသွေးပြည့်မီခြင်းရှိ/မရှိတို့အား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့‌ပေါ်ရှိ အလှကုန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့၊    နံနက် ၀၉း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ အလှကုန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သုံးစွဲသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာပါရှိသည့်အလှကုန်ပစ္စည်းများရောင်းချနေခြင်း၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသောအလှကုန်ပစ္စည်းများ‌ရောင်းချခြင်းနှင့် တရားမဝင်တင်သွင်းလာ‌သော အလှကုန်ပစ္စည်းများရောင်းချခြင်းများရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်သို့ ရန်ကုန်မြို့ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၁၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ Myat Ay Kan Co.Ltd နှင့် Than Thar Trading Co.Ltd တို့မှထုတ်ယူခဲ့သော    စားအုန်းဆီ (၂၅)ပေပါ (သို့) ပိဿာ (၂၇၅၀) အိမ်မဲမြို့သို့ရောက်ရှိလာခဲ့ပါသည်။

        အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/လက္ကားကိုယ်စားလှယ်များထံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်သို့ ရန်ကုန်မြို့ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၁၇-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ်ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိ Resources group Co.Ltd မှထုတ်ယူခဲ့သော ယာဉ်အမှတ်    5B-8853 မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၈)ပေပါ (သို့) ပိဿာ(၄၁၈၀) မော်ကျွန်းမြို့သို့ ရောက်ရှိလာခဲ့ပါသည်။

         အဆိုပါ စားအုန်းဆီများကို မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝန်ထမ်းများက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြို့နယ်အလိုက် စားအုန်းဆီထုတ်ယူရန်ကိစ္စများနှင့်ပတ်သက်သည့် Software သင်တန်းသို့ ဆီထုတ် ကိုယ်စားလှယ်နှင့် လက်ကားကိုယ်စားလှယ်များတက်ရောက်ခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံ        ဒု-ခရိုင်ဦးစီးမှုး ဦးလှထွဋ်ဦးသည် မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မဆီလုပ်ငန်းရှင်များနှင့် (၁၇-၉-၂၀၂၄)ရက်နေ့၊   နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဦးစီးမှူးနှင့်    ခရိုင်ဦးစီးမှူးများ၊ မြို့နယ်တာဝန်ခံများ၊ ဆီလုပ်ငန်းရှင်များပူးပေါင်း၍ Software Traninig Zoom Metting ဖြင့်ပြုလုပ်သော Software System အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ မြောင်းမြမြို့နယ်တာဝန်ခံနှင့် ဆီထုတ်ကိုယ်စားလှယ်၊ လက်ကားအရောင်းကိုယ်စားလှယ်များစုပေါင်း၍ Online Virtual စနစ်ဖြင့် သင်တန်းတက်ရောက်ခဲ့ကြပါသည်။

       အဆိုပါအစည်းအဝေးတွင် Software နှင့်ပတ်သက်၍ ပြုလုပ်ရမည့်အချက်အလက်များကို Citizen Pay မှ တာဝန်ရှိသူတစ်ဦးက Power Point ဖြင့်ရှင်းလင်းဆွေးနွေးပြီး သိရှိလိုသောအချက်အလက်များအား လက်ကားကိုယ်စားလှယ်များကမေးမြန်းရာတွင်လည်း တာဝန်ရှိသူက အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်  ကုမ္ပဏီဘက်မှ ဆီလက်ကားကိုယ်စားလှယ်များကိုလည်း Sharing လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ဆီထုတ်ယူရန်အတွက်ကုဒ်ကို တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ အသုံးပြုစရာမလိုဘဲ မိမိအစီအစဉ်ဖြင့် ဆီထုတ်ယူလျှင်   ဆီထုတ်ယူရန်ကုဒ်ကို အသုံးပြုရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ လက်ကားကိုယ်စားလှယ်များသို့လည်း ဦးစွာဆီထုတ်ယူရန်အတွက် ကုဒ်ပေးပို့ရန်အလို့ငှာ တော်ဝင်ဧကရာဇ် ကုမ္ပဏီမှ SMS ချပေးမည်ဖြစ်ကြောင်း လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးကို နေ့လယ် (၁၄:၀၀)နာရီခန့်အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ ဆက်လက်၍ ရောက်ရှိလာသော မြို့နယ်ဆီထုတ်ကိုယ်စားလှယ်များနှင့် လက်ကားအရောင်းကိုယ်စားလှယ်များကလည်း ဆီထုတ်ရန်အတွက် လိုအပ်သောအချက်အလက်များကိုညှိနိုင်းဆွေးနွေးပြီး  အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆီလက်လီအရောင်းဆိုင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

        ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်တာဝန်ခံသည် ၁၆-၉-၂၀၂၄ ရက်နေ့၊ နေလယ် (၁၃:၀၀) နာရီအချိန်တွင် ဆီကိုယ်စားလှယ် (၂) ဦး၊ ဆီလက်လီအရောင်းဆိုင်လုပ်ငန်းရှင် (၁၄) ဦးတို့နှင့်တွေ့ဆုံပြီး မြို့ပေါ်လက်လီအရောင်းဆိုင်များမှ ရပ်ကွက် ၁၊ ၂၊ ၃ အိမ်ထောင်စု (၂၀၀၀) အား အိမ်ထောင်စု (၁) စုလျှင် (၁.၅၀) ပိဿာနှုန်းဖြင့် လစဉ်သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ကုမ္ပဏီမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီရောင်းချစေရန်၊ ဆီစာအုပ်များထွက်ရှိလာပါက စာအုပ်စည်းကမ်းချက်များအတိုင်း ရောင်းချပေးရန်အတွက် စာအုပ်ပါစည်းကမ်းချက်များအား ဖတ်ပြရှင်းလင်းခြင်းနှင့် စည်းကမ်းချက်များလိုက်နာမှုမရှိခြင်း၊ ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့၊ ၅ရပ်ကွက်၊ အ.ထ.က (၂) ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့၊ နေ့လည် (၁၅:၀၀) နာရီအချိန်တွင် ၅ရပ်ကွက်၊ အ.ထ.က (၂) ကျောင်းရှိ ကျောင်းသား/သူ  (၁၈၅) ဦး၊ ဆရာ/မ (၃၅) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးခဲ့ပါသည်။

         ထိုအသိပညာပေးပွဲတွင် ကုန်စည်၊ ဝန်ဆောင်မှုများအကြောင်း၊ စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ဘေးအန္တရာယ်ရှိသော ဓာတုဆိုးဆေးများအကြောင်း၊ ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူ စားသောက်ကြရန် ဥပမာပေးခြင်း၊ ဘေးအန္တရာယ်ရှိသော အီလက်ထရောနစ်အငွေ့ရူစက်များအကြောင်းကိုလည်း အသိပညာပေးရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရပ်ကွက်များသို့ စားသုံးဆီထုတ်ယူနိူင်ရေးအတွက် စာအုပ်များပြုလုပ်ဆောင်ရွက်ပေးခြင်း

       ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား တစ်အိမ်ထောင်စုလျှင် တစ်လ (၁)ပိဿာ (၅၀)ကျပ်သားနှုန်းဖြင့် လွယ်ကူချောမွေ့စွာဝယ်ယူရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဆီ လက်လီ/ လက်ကားအရောင်းကိုယ်စားလှယ်များနှင့်ပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျှင် စာအုပ်တစ်အုပ်နှုန်းဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းအကြောင်း သိကောင်းစရာများအား Talk Show ပြုလုပ်ခြင်း

       ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် ၁၆-၉-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအချက်များကို အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ပြောကြားရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ရာ၌ လိုအပ်သည့်အချက်များနှင့် လိုက်နာဆောင်ရွက်ရသည့် အချက်များကိုလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေလုပ်ငန်းအဖြစ် အမိန့်ကြော်ငြာစာ ထွက်ရှိထားပြီးဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၁၃-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ်ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့၊ Preminum Capital Co.,Ltd မှထုတ်ယူခဲ့သော စားအုန်းဆီ (၃၂)ပေပါ မော်ကျွန်းမြို့သို့ ရောက်ရှိလာခဲ့မှုကို သွားရောက်စစ်ဆေးခဲ့ပါသည်။

        အဆိုပါစားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာန။ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - HighLight News