Main menu

HighLight News

Powered by Drupal

မကွေးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ စားသုံးသူကာကွယ်ရေးအသိပညာဆွေးနွေးပွဲကျင်းပ

        မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၀-၉-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် အခြေခံပညာမူလတန်းကျောင်း(နံကပ်ကျွန်း) နှင့် နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် အခြေခံပညာမူလတန်းလွန်ကျောင်း (မြို့ဟောင်း) တို့တွင် စားသုံးသူကာကွယ်ရေးအသိပညာများရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

        မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်‌ရေးဥပဒေ ၂၀၁၉ ပါ အခြေခံကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ၊ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်နှင့် ကုန်စည်များကိုရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရေး၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်အကြောင်းအရာများနှင့် တိုင်ကြားနိုင်သည့်နေရာများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့၌ ဓာတ်မြေဩဇာရောင်းချသည့် ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ (၁၉-၉-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြို့နယ်ယူရီးယားမြေဩဇာဝယ်ဖြန့်ဖြူး‌ရောင်းချ‌ရေးဦးဆောင်ကော်မတီနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဓာတ်မြေဩဇာ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချ သည့်ဆိုင်များအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ချောက်မြို့နယ်တာဝန်ခံက စိုက်ပျိုးရေးသုံးပစ္စည်းများကို စားသုံးသူကာကွယ်‌ရေးဥပဒေပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီရောင်းချနိုင်ရေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့မဈေး၌ ပလတ်စတစ်လျှော့ချရေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မဈေး၌  (၁၈-၉-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:ဝဝ)နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍  မြို့မဈေးအတွင်းနှင့် အပြင်တွင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်း၊ ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းနှင့်  လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

       ဆက်လက်၍ ချောက်မြို့နယ်တာဝန်ခံက မိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး မြို့မဈေးအတွင်းရှိ  ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော ကုန်စည်များရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်နေသောစားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များပြည့်စုံမှန်ကန်စွာပါဝင်ခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အွန်လိုင်းရောင်းချသူ လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ ဦးအောင်လွင်၊ မြို့နယ်ဦးစီးမှူးသည် (၁၉-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့ အွန်လိုင်းရောင်းချသူ လုပ်ငန်းရှင်(၁၀)ဦးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးအစည်းအဝေးခန်မသို့ဖိတ်ကြား၍ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးဟောပြောခြင်းပြုလုပ်ခဲ့သည်။

      ထိုသို့ဆွေးနွေးရာဟောပြောရာ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်တွင် ဦးစီးဌာန ၄ခုရှိကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်အကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကိုလည်းကောင်း၊ အွန်လိုင်းဖြင့် ကုန်စည်ဝယ်ယူမှုနှင့် စားသုံးသူထိခိုက်နစ်နာမှုကိစ္စရပ်များဖြစ်ပေါ်နေ၍ ဥပဒေအနေဖြင့် ကာကွယ်ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းပလက်ဖောင်းတွင် ဖြစ်ပေါ်နေမှုများကို ထိန်းကြောင်းသည့်အနေဖြင့် အွန်လိုင်းမှတ်ပုံတင်ပြီးမှသာ ကုန်စည်နှင့် ဝန်ဆောင်မှုများရောင်းချရမည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

      အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဓိပ္ပါယ်၊ လုပ်ငန်းဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအကြောင်းကိုလည်းကောင်း၊ ပြစ်မှု၊ ပြစ်ဒဏ်အကြောင်းကိုလည်းကောင်း၊ ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်းတားမြစ်ခြင်း၊ စပါးဆန်နှင့် ပဲမျိုးစုံကြိတ်ခွဲစက်များတည်ဆောက်ခြင်း၊ မှတ်ပုံတင်ခြင်း၊ ပြောင်းရွှေ့ဖျက်သိမ်းခြင်းဆိုင်ရာအမိန့်အကြောင်း၊ ကုန်စည်များအပေါ် တားမြစ်ထုတ်ပြန်ခြင်းကိုလည်းကောင်း၊ ဝါဂွမ်းတို့အပေါ် တားမြစ်ထုတ်ပြန်ခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၊ အရေးကြီးကုန်စည်၊ ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက  အနည်းဆုံး ထောင်ဒဏ် ၆လမှ ၃နှစ်အထိချမှတ်နိုင်သည့်အပြင် ကျပ်၅သိန်းထက်မပိုသော ငွေဒဏ်ချမှတ်တိုင်ကြားနိုင်ကြောင်း၊ ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာ အခြားစီမံခန့်ခွဲနည်းဖြင့် ချမှတ်နိုင်သည့်အကြောင်း၊ အရေးယူပိုင်ခွင့်အကြောင်းကိုရှင်းလင်းခဲ့ပြီး မေးမြန်းမှုကိုလည်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

အ.ထ.က ၃ မအူပင်ကျောင်းတွင် စားသုံးသူကာကွယ်ပေး‌ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့်အတူ မအူပင်မြို့နယ်၊ ၅ရပ်ကွက်ရှိ (အ.ထ.က-၃)ကျောင်းတွင် ကျောင်းသား/ သူ၊ ဆရာ/ ဆရာမ (၁၃၀)ဦးအား (၂၀-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်၌  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုပြုလုပ်ခဲ့ကြသည်။

      အဆိုပါဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်ဇော်ဦး၊ ဦးစီးအရာရှိက အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ် အခြေအနေတို့ကိုလည်းကောင်း၊  စားသုံးသူအဓိပ္ပါယ်နှင့် ထိခိုက်လွယ်သော စားသုံးသူအကြောင်းကိုလည်းကောင်း၊  ရေရှည်တည်တံ့သော စားသုံးမှုနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကုန်အညွှန်းအမှတ်အသားစစ်ဆေးဆောင်ရွက်ရာတွင် လိုအပ်သောအချက်အလက်များအကြောင်းကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားကို စားသုံးသူဘက်မှ လိုအပ်ချက်နှင့်အညီရွေးချယ်တတ်စေရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေး အာမခံချက်နှင့်ညီသောထုတ်ကုန်ကို ရွေးချယ်အသုံးပြုလာကြပြီး စားသုံးသူအခွင့်အရေးထိခိုက်နစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်သူ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အ.ထ.က ၁ ဓနုဖြူကျောင်းတွင် စားသုံးသူကာကွယ်ပေး‌ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့်အတူ ဓနုဖြုမြို့နယ်၊ ၉ရပ်ကွက်ရှိ (အ.ထ.က-၁)ကျောင်းတွင် ကျောင်းသား/သူ၊ ဆရာ/ ဆရာမ(၂၈၀)ဦးအား (၁၉-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင်  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုပြုလုပ်ခဲ့ကြပါသည်။

          အဆိုပါ ဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးဝင်းမင်းစိုး၊ ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းစဉ်များအ‌ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အမိန့်ထုတ်ပြန်ချက်အကြောင်းကိုလည်းကောင်း၊ အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများသုံးစွဲရာတွင် သတိပြုလိုက်နာသင့်သည့်အချက်များကိုလည်းကောင်း၊ Online Shopping သုံးစွဲသူများအနေဖြင့် သတိထားဝယ်ယူအသုံးပြုရန်အချက်များကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုရှိလာပါက Call Center (1535) သို့ သတင်းပေး၊ မေးမြန်း၊ တိုင်ကြားနိုင်ကြောင်းနှင့် ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်သူ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် (၂၀-၉-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်ရှိ စောမြဖောဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မိုးစပါးစိုက်ပျိုးထွက်ရှိမှုအခြေအနေနှင့် ရေကြီးနှစ်မြုပ်မှုအခြေအနေ၊ စပါးလက်ကျန်သိုလှောင်မှု၊ စပါးဝယ်ယူကြိတ်ခွဲမှု အခြေအနေများကို စက်ပိုင်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆန်စက်လုပ်ငန်းရှင်က စပါးဈေးနှုန်းကို ပေါက်ဈေးဖြင့် ဝယ်ယူချင်တွယ်ရရှိပြီး ပြန်လည်ရောင်းချသောအခါ MRF မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သတ်မှတ်ထုတ်ပြန်သောဈေးနှုန်းဖြင့် ရောင်းချပေးရန်ကိုလည်းကောင်း၊   ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားပါဝင်မှသာ ဈေးကွက်အတွင်း ရောင်းချနိုင်မှုရှိစေရေးနှင့် ဆန်စပါးထွက်ရှိမှု၊ ကြိတ်ခွဲနိုင်မှုနှင့် ဆန်စပါးဈေးကွက်အခြေအနေများကို အပြန်အလှန်ဆွေးနွေးပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကို အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့ရှိ ဆေးဆိုင်များ ဆေးနှင့်ဆေးဝါးများကို FDA ၏ထောက်ခံချက်ဖြင့် ရောင်းချမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

        ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးသိန်းမောင်သည် FDA အဖွဲ့သားများ၊ ဌာနဆိုင်ရာများနှင့်အတူ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် ဒေးဒရဲမြို့ပေါ်ရှိ ဆေးဆိုင်များသို့သွားရောက်၍ ဆေးနှင့် ဆေးဝါးများကို သက်ဆိုင်ရာထောက်ခံချက်ဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

        ထိုသို့စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် FDA အဖွဲ့သားများ၊ ဌာနဆိုင်ရာဝန်ထမ်းအားလုံးသည် ဆေးဆိုင်အတွင်း ဆေးများကို နည်းစနစ်မှန်ကန်စွာထားသိုသိမ်းဆည်းမှု ရှိ/မရှိစစ်ဆေးခြင်း၊ သက်ဆိုင်ရာထောက်ခံချက်ပါဝင်မှုရှိ/မရှိစစ်ဆေးခြင်း၊ ဈေးနှုန်းထားများမေးမြန်းခြင်း၊ ဆေးနှင့် ဆေးဝါးရောင်းချရန် တရားဝင်မှတ်ပုံတင်ထားရှိခြင်းများကိုစစ်ဆေးခဲ့ပြီးနောက် မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ဆေးအရောင်းဆိုင်များအား သက်တမ်းလွန်ဆေးများကိုမရောင်းချမိရန်နှင့် ရည်ညွန်းဈေးအတိုင်း ရောင်းချကြရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရုံးချုပ်မှကျင်းပပြုလုပ်သည့် စားသုံးဌာနခွဲလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်

       စားသုံးသူရေးရာဦးစီးဌာနရှိ ဌာနခွဲများအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲမရှိဘဲ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဌာနခွဲများအလိုက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို virtual ဖြင့် ကျင်းပပြုလုပ်လျက်ရှိရာ စက်တင်ဘာလ ၂၁ရက်နေ့၊ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနမှ ဌာနခွဲတာဝန်ခံနှင့် အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်၊၊

     အဆိုပါအစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများကို ကျွမ်းကျင်စွာသိရှိထားရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးထိုက်က စားသုံးသူအသိပညာပေးလုပ်ငန်းများကို လျာထားချက်နှင့်အညီ ပြည့်မီအောင်ဆောင်ရွက်ရန်နှင့် စားသုံးသူကော်မတီအစည်းအဝေးကို (၃)လတစ်ကြိမ်ဆောင်ရွက်ရန်ပြောကြားခဲ့ပါသည်၊၊

        ထို့နောက် တက်ရောက်လာသော တိုင်းဒေသကြီးပြည်နယ်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲမှ တာဝန်ရှိသူများကလည်း စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်နေမှု၊ Talk Show ဆောင်ရွက်နေမှုနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများကိုတင်ပြခဲ့ပြီး အစည်းအဝေးကို နေ့လယ် ၁၆:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်၊၊

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် စားသုံးဆီ(ဘူးဆီ) အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးဆီ (ဘူးဆီ) အရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ရန်ကုန်ပဲဆီသန့်၊ ရွှေအုံ၊ Duck၊ နန်းထိုက်အောင် အစရှိသော ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားများကိုက်ညီမှုရှိ/မရှိ၊ FDA ထောက်ခံချက်နှင့် အသားတင်အလေးချိန်၊ မြန်မာယူနစ်ဖြင့် ဖော်ပြထားခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်းတွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ဘူးဆီများ၊ ရောင်းချခြင်းမပြုကြရန် အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News