Main menu

HighLight News

Powered by Drupal

ဈေးကွက်အတွင်း ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

             ၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၀၈:၅၀)နာရီအချိန်၌ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထန်းတပင်မြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)နှင့် (အနောက်ပိုင်း)မြို့နယ်များတွင် ဆန်ရောင်းချခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ထန်းတပင်မြို့နယ် မြို့မဈေး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် အမှတ်(၅)ဈေးနှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ဈေးများရှိ ဈေးတာဝန်ခံများ ပူးပေါင်းပါဝင်လျက် ဈေးအတွင်းရောင်းချနေသော ဆန်ဆိုင်များအားလုံးတို့တွင် ရက်(၉၀)၊ ပေါ်ဆန်း မွှေး(ရွှေဘို/ဧရာဝတီ)၊ ဇီယာ၊ အညာသား၊ ကျားပျံနှင့်ဧည့်မထ စသည့်ဆန်များ ရောင်းချလျက်ရှိပြီး ဆန်အားလုံးကိုလည်း သတ်မှတ်ဈေးများအတိုင်း ရောင်းချလျက်ရှိကြောင်း ဆန်များကို ဈေးနှုန်းအဆမတန်ရောင်းချမှုမရှိစေရေးနှင့် ရောင်းချခြင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ခရမ်းမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်း ကြက်ဥ၊ ဘဲဥများ ရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း”

             ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ကြက်ဥ၊ ဘဲဥများ ဖြန့်ဖြူးရောင်းချလျက်ရှိသော ခရမ်းမြို့နယ် စည်ပင်သာယာဈေးအတွင်း/ အပြင်ရှိ ကြက်ဥ၊ ဘဲဥဆိုင်များသို့ ဒီဇင်ဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးဝယ်စင်တာများနှင့် ဈေးများ၏ နေ့စဉ် ကြက်ဥရောင်းချနေမှုဈေးနှုန်းများ စိစစ်ဆေးခဲ့ရာတွင် ဈေးတင်ရောင်းချမှုများရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စိစစ်တင်ပြလာခြင်းအပေါ် ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကြက်ဥ၊ ဘဲဥအရောင်းဆိုင်များ၌ ကြက်ဥဈေးနှုန်းများ ဈေးမြှင့်တင်ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်း ကြက်ဥဈေးနှုန်းများအား လိုအပ်သည်ထက် ဈေးနှုန်ုးပိုမိုမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ကြရန်နှင့် မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြ၍ လမ်းညွှန်မှုခံယူရမည်ဖြစ်သောကြောင်း ဒေသခံကြက်ဥ၊ ဘဲဥဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များအနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် ကြက်ဥဈေးနှုန်ုးများအား မှန်ကန်စွာဝယ်ယူပြန်လည်ဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကော့မှူးမြို့နယ်၌ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း”

             ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀း၃၀) အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်ဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသက်၊ သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းပါဝင်သောအဖွဲ့ဖြင့် ကော့မှူးမြို့နယ် စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကျီးတန်းရပ်ကွက်ရှိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဖြန့်ဖြူးရောင်းချလျက်ရှိသောဆိုင်များသို့ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဓာတ်မြေဩဇာများအား သတ်မှတ်ရည်ညွှန်းဈေးများအတိုင်းရောင်းချစေရေး ဓာတ်မြေဩဇာများ ဈေးကစားရန် ဈေးနှုန်မြင့်တက်ရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားခြင်းများမရှိစေရေး၊ တရားမဝင်သော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေးတို့အား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ဓာတ်မြေဩဇာ ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိရာ ဆောင်းသီးနှံ သီးထပ်စီမံကိန်း လျာထားချက်ပြည့်မှီအောင် စိုက်ပျိုးမည့်တောင်သူများ လက်ဝယ်ဈေးနှုန်းမှန်ကန်စွာဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“သုံးခွမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်း ကြက်ဥ၊ ဘဲဥများ ရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း”

              ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ကြက်ဥ၊ ဘဲဥများ ဖြန့်ဖြူးရောင်းချလျှက်ရှိသော သုံးခွမြို့နယ် စည်ပင်သာယာဈေးအတွင်း/ အပြင်ရှိ ကြက်ဥ၊ ဘဲဥဆိုင်များသို့ ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရောတွင် သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကြက်ဥ၊ ဘဲဥများ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကြက်ဥ၊ ဘဲဥ ဝယ်ယူရရှိမှုအခြေအနေ ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများအား မေးမြန်းစုံစမ်းခဲ့ရာတွင် မြို့နယ်အတွင်း ကျေးရွာများရှိ ကြက်မွေးမြူးရေးခြံနှင့် ဘဲမွေးမြူရေးခြံများမှလည်းကောင်း နီးစပ်ရာမြို့နယ်များမှ ကြက်ဥ၊ ဘဲဥဒိုင်များမှလည်းကောင်း ဝယ်ယူရရှိခဲ့ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားပေးခဲ့ပြီး လက်ရှိဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ကြက်ဥ၊ ဘဲဥ အကြီး၊ အလတ်၊ အသေး ဈေးနှုန်းတို့အား စာရင်းကောက်ယူခဲ့ပြီး ဈေးကွက်အတွင်း ကြက်ဥ၊ ဘဲဥရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

https://2020election.uec.gov.mm/

 

 

 

 

 

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် City Mart သို့ ကြက်ဥဈေးနှုန်းကွင်းဆင်းစစ်ဆေးခြင်း

             ၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် City Mart ၌ ကြက်ဥဈေးနှုန်းနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောတာကလူထူးပါ (၂)ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဦးစီးမှူးတို့ပူးပေါင်း၍ City Mart အတွင်းရောင်းချနေသော ကြက်ဥဈေးနှုန်းအား  ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ဖြစ်သင့် ဖြစ်ထိုက်သောဈေးနှုန်းဖြင့် ရောင်းချမှုပြုစေရန်အတွက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်မျိုးစုံဆိုင်များ၌ စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာရှိ/ မရှိ စစ်ဆေးခြင်း

            ၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်ခွဲရုံးမှဝန်ထမ်းများသည် မှော်ဘီမြို့မဈေးစည်ပင်သာယာရေးကော်မတီနှင့်ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           အဆိုပါ စားသုံးဆီအမျိုးမျိုးအားစစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိသောစားသုံးဆီများ ရောင်းချခြင်းရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့် ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရောင်းချနေသော အမေထွား (မြေပဲဆီ)၊ Sunar (နေကြာဆီ)၊ ရန်ကုန်(ပဲဆီသန့်)၊ Cook(ပဲပိစပ်ဆီ)အမှတ်တံဆိပ်ဖြင့် စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်၌ အသင့်သောက်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် မှော်ဘီမြို့မဈေး အတွင်းရှိ ကုန်မျိုးစုံဆိုင်များ၌ အသင့်သောက်ကော်ဖီ၊ လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့မဈေးအတွင်း ရောင်းချနေသော အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကော်ဖီနှင့်လက်ဖက်ရည်ထုပ်ရောင်းချမှုရှိ/ မရှိတို့အားစစ်ဆေးရာ ကုန်အညွှန်းအမှတ်အသား များကို ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             တိုက်ကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံသည် ၉.၁၂.၂၀၂၄ ရက်နေ့ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ပါဝင်သောအဖွဲ့ဖြင့် ပူးပေါင်းပါဝင်၍ တိုက်ကြီးမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးရောင်းချသောဆိုင်များသို့ ကွင်းဆင်း၍ ဓါတ်မြေဩဇာများ သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ သွင်းအားစုများသိုလှောင်ပြီး ဈေးကစားမှုမရှိစေရေး၊ တရားမဝင်ဓါတ်မြေဩဇာများ၊ ပိုးသတ်ဆေးများရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးရဲလင်းထက် (ဒုတိယညွှန်ကြားရေးမှူး)၊ ဦးဆောင်သည့် စစ်ဆေးရေးအရာရှိများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပါဝင်သောအဖွဲ့တို့သည် ၄-၁၂-၂၀၂၄ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မန္တလေးမြို့ပေါ်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဆိုင်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၌ မန္တလေးတိုင်းဒေသကြီးအတွင်း ဦးစားပေးကုန်စည်အဖြစ် သတ်မှတ်ထားသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ   ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါ ကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည့် အခြေအနေများအား အသိပေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - HighLight News