Main menu

HighLight News

Powered by Drupal

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မြို့မဈေးရှိ ဆန်ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဆန်များရောင်းချမှုရှိ /မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင် များအသင်းနှင့်ပူးပေါင်း၍  (၂၇-၉-၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်မြို့မဈေးရှိ ဆန်ဆိုင်များတွင် ရောင်းချပေးနေသောဆန်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံက မြို့မဈေးရှိဆန်ဆိုင်များတွင် ရောင်းချနေသော ဧည့်မထဆန် တစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ ပေါ်ဆန်းဆန်တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊ မနောသုခဆန်တစ်ပြည်လျှင် (၃၃၀၀)ကျပ်ဖြင့် စားသုံးသူပြည်သူများအား ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်များအား ဆန်ရောင်းချမှုအခြေအနေနှင့်ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းကြီးမြင့်နေမှုအရ ဆန်ဆိုင်ပိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ဈေးနှုန်းဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ ညိမ်းချမ်း ကုန်စုံဆိုင်တွင် ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီရောင်းချပေးနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၂၆-၉-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ညိမ်းချမ်း ကုန်စုံဆိုင်တွင် ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီရောင်းချပေးနေမှုအပေါ် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆီဝယ်စာအုပ်များဖြင့် စားအုန်းဆီဝယ်ယူရရှိနေမှုအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးဆောင်၍ စားအုန်းဆီရောင်းချနေသောဆိုင်အား အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရန်၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချစေရန်ပြောကြားပြီးနောက် ၎င်းဆိုင်အနေဖြင့် နေ့လယ်(၁၂:၀၀)နာရီမှ ညနေ(၄:၀၀)နာရီအချိန်ထိရောင်းချပေးနေခြင်း၊ ရောက်ရှိလာသောစားသုံးသူပြည်သူများအနေဖြင့် ားအုန်းဆီများဝယ်ယူရာ၌ စာအုပ်တွင်ဖော်ပြထားသော အမည်ရှိသူနာ ဝယ်ယူမှုရှိ/မရှိ၊ ဆီဝယ်ယူခွင့်ကာလအတွင်း သတ်မှတ်ပမာဏသာဝယ်ယူရန်၊ ဝယ်ယူရရှိသည့်စားအုန်းဆီများကို တစ်ဆင့်ပြန်လည်ရောင်းချခြင်းရှိ/မရှိ၊  ဆီဝယ်ယူခွင့်စာအုပ်အား ဝယ်ယူသည့်ဆိုင်တွင် အပ်နှံထားခြင်းရှိ/မရှိ အသေးစိတ်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေး အကယ်ဒမီဆန်စက်နှင့် ဈေးရပ်ကွက်ရှိ ဆန်ရောင်းချနေသောဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၂၅-၉-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ကျုံမငေးအကယ်ဒမီဆန်စက်တွင် ရောင်းချပေးနေသောဆန်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းကာ နံနက်(၁၀:၀၀)နာရီအချိန်တွင်လည်း ဈေးရပ်ကွက်ရှိ ဆန်ရောင်းချနေသောဆိုင်များတွင် ရောင်းချနေသောဆန်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်    ရောင်းချပေးနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  ဝါးခယ်မမြို့နယ်တာဝန်ခံက ကျုံမငေး အကယ်ဒမီဆန်စက်တွင်ရောင်းချနေသော ဧည့်မထဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်ဖြင့်ရောင်းချပေးနေပြီး ဈေးရပ်ကွက်ရှိ ဦးသန်းဆွေဆန်ဆိုင်နှင့် ဦးမိုးသူဆန်ဆိုင်တို့တွင်ရောင်းချနေသော ပေါ်ဆန်းဆန်တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်ဖြင့်ရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်တို့အတွက် ရှင်းလင်းပြောကြားခဲ့ပြီး  ဆန်စက်နှင့်နှင့်ဆန်ဆိုင်ပိုင်ရှင်များအား ဆန်ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့ဆန်ရောင်းချနေသော ဆန်စက်နှင့်ဆန်ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်စက်နှင့် ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့၊ အ.ထ.က ၁ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသောမုန့်များ ကုန်အညွှန်းအမှတ်အသား ပါဝင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊  အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) ၌ (၂၇-၉-၂၀၂၄)  ရက်‌နေ့၊ နံနက် ၀၈း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ ကျန်းမာရေးထိခိုက်မှုမရှိစေရန်အတွက် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များအား စားသုံးရန်မသင့်သည့် အစားအစာများရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

       ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်တင်ကြည်၊ ဒု-ဦးစီးမှူးက  ကျောင်းမုန့်ဈေးတန်းရှိ ဈေးဆိုင်များတွင် စားသုံးရန်မသင့်သည့် အစားအစာများကိုရောင်းခြင်းမရှိစေရေး၊ ကျောင်းသား/ ကျောင်းသူများအား အရောင်ဆိုးဆေးပါဝင်သော မုန့်များကိုစားားသောက်ခြင်းမရှိစေရေးအတွက် ဈေးဆိုင်ပိုင်ရှင်တို့အား အသိပညာပေးခြင်း၊ ကျောင်းမုန့်ဈေးတန်းများတွင် လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ပင်ရင်းမုန့်ဆိုင်မှ ချိုချဉ်၊ ဂျယ်လီ၊ အချိုရည်ဘူးများအားစစ်ဆေးခြင်း၊ ထိုသို့ဝယ်ယူခဲ့ကြသော အစားအသောက်များအား စားသုံးရန်သင့်/မသင့် သိရှိနိုင်ရန်အတွက် ကုန်အညွှန်အမှတ်အသားဖော်ပြပါဝင်မှုရှိသော မုန့်ကိုသာရောင်းချသွားရန် ဆိုင်ရှင်များအားပြောကြားခဲ့ပြီး မအူပင် အ.ထ.က ၁ ကျောင်းမုန့်ဈေးတန်း၌ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော မုန့်များကိုသာရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့ပေါ်ရှိ တိုင်းရင်းဆေးအမျိုးမျိုးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးအသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ ဝန်ထမ်းများသည် (၂၇-၉-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အနောက်ပိုင်းရပ်ကွက်နှင့် အရှေ့ပိုင်းရပ်ကွက်တွင် ရောင်းချနေသော တိုင်းရင်ဆေးဝါးအမျိုးမျိုးအရောင်းဆိုင်(၆)ဆိုင်အား ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

        ထိုသို့ဆောင်ရွက်ရာ၌ တိုင်းရင်းဆေး ဗမာဆေးဆိုင်အတွင်းရှိ အိမ်သုံးဆေး (မြန်မာဆေးအမျိုးမျိုး) တို့တွင် ကုန်အညွှန်းအမှတ်အသားပြဋ္ဌာန်းခြင်းဆိုင်ရာ ဖော်ပြရမည့်အချက်များပါဝင်ခြင်းရှိ/ မရှိကိုစစ်ဆေးခြင်း၊ ဗမာသွေးဆေးဖော်စပ်အမှုန့်များကို လေလုံအောင် စနစ်တကျသိမ်းဆည်းပြီး လေလုံသောအိတ်ထုပ်များဖြင့်ထုပ်၍ ဆေးအညွှန်းဖြင့်ရောင်းချရန်နှင့် ဆေးဝါးများပြတ်လပ်ခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခြင်း၊ ထို့နောက် စပ်ဆေးများ‌ကိုရောင်းချခြင်းမပြုရန် နိုင်ငံခြားဆေးများုရောင်းချပါက ပိုးသတ်ဆေးများရောင်းချခြင်းမပြုရန် ဆရာဝန်၏ညွှန်ကြားချက်ဖြင့် လာရောက်ဝယ်ယူသော သတ်မှတ်ဆေးများကိုသာ စားသုံးသူပြည်သူများအားရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

        ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ  ဦးတင်ဌေး (ရုံးအုပ်) ဦးဆောင်၍ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် တောင်ကြီးမြို့ပေါ်ရှိ အစားအသောက်နှင့်ကုန်ပစ္စည်းများရောင်းချနေသော Shin Shin Store ဆိုင်နှင့် Medicare Store ဆိုင်များအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေအရ ပြဋ္ဌာန်းချက်နှင့်ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တောင်ကြီးမြို့ပေါ်ရှိ အစားအသောက်နှင့် ကုန်ပစ္စည်းများရောင်းချနေသော ကုန်စုံဆိုင်၊ စတိုးဆိုင်ပိုင်ရှင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချဖြန့်ဖြူးရန်နှင့် ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကိုရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၅-၉-၂၀၂၄)ရက်နေ့တွင် လွိုင်လင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာ၌ ကုန်စုံဆိုင်တွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချခြင်းရှိ/မရှိတို့အားစစ်ဆေးခဲ့ပြီး သတ်မှတ် စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် အသင့်စားမုန့်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး စားအုန်းဆီဈေးနှုန်း အနည်းငယ် ကျဆင်းလျက်ရှိကြောင်းစစ်ဆေးတွေရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်ူးှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းဝယ်မှုပြုကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀) ပါစီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေး‌ရေးမှူးနှင့် ဝန်ထမ်းများသည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်း၍  ကျိုင်းတုံ-တာချီလိတ်၊ ကျိုင်းတုံ-မိုင်းလား လမ်းမပေါ်ရှိ   စက်သုံးဆီအရောင်းဆိုင်(၅)ဆိုင်အား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှုရှိ/မရှိ၊  သတ်မှတ်ရည်ညွှန်းဈေးအတိုင်း  ရောင်းချနေမှု ရှိ/မရှိနှင့်   စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီလက်ကျန်အနေဖြင့် စက်သုံးဆီများလုံလောက်စွာသိုလှောင်ထားရှိပြီး သတ်မှတ် ရည်ညွှန်းဈေးအတွင်းသာရောင်းချကာ အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိသည်ကိုစစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများ အား အချင်အတွယ်မှန်ကန်မှုရှိစေရေးကိုအလေးထားရန်၊ သတ်မှတ်ရည်ညွှန်ဈေးအတွင်းသာရောင်းချရန် မှာကြား၍ စက်သုံးဆီလက်ကျန်အခြေအနေတို့အား စစ်ဆေးခြင်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

တောင်ကြီးမြို့ပေါ်ရှိ လက်လီ/လက်ကားရောင်းချနေသော ဆေးဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

       ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ လက်လီ/လက်ကားရောင်းချနေသောဆေးဆိုင်များ  ဆေးနှင့်ဆေးဝါးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးပစ္စည်းများပြတ်လမ်မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တောင်ကြီးမြို့နယ်ဈေးကွက်တွင် ဆေး၊ ဆေးပစ္စည်းနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမှန်ကန်စေရေး၊ ပြည်သူများ လိုအပ်သည့်ဆေးဝါးများ အလွယ်တကူဝယ်ယူရရှိစေရန် ဆေးဆိုင်များ နေ့စဉ်ဖွင့်လှစ်ရောင်းချပေးရေး၊ သက်ဆိုင်ရာအစိုးရဌာနမှ အသိအမှတ်ခွင့်ပြုသည့်ဆေးများနှင့် သတ်မှတ်အရည်အသွေးနှင့်ပြည့်ဝသည့် ဆေးဝါးများသာရောင်းချ‌စေရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချရေးတို့ကိုဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် အတွက် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - HighLight News