Main menu

HighLight News

Powered by Drupal

စစ်သူကြီးဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၁၄.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် မြို့မဈေးအတွင်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဆေးအရောင်းဆိုင်များ၌ သုံးစွဲရန်မသင့်သောဆေးဝါးများ၊ ရောင်းချခြင်းရှိ/မရှိနှင့် ဆေးဝါးဖြည့်စွက်စာများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့် ထုတ်ပြန်ခဲ့ကြောင်း ၎င်းညွှန်ကြားချက်တွင် ဆရာဝန်ညွှန်ကြားချက်မရှိသော အိမ်သုံးဆေးဝါး၊ သောက်ဆေးအမျိုးမျိုးနှင့် လိမ်းဆေးအမျိုးမျိုး၊ အဟာရဖြည့်စွက်စာအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာလိုပြည့်စုံစွာ ဖော်ပြထားသော ဆေးဝါးများသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ဆေးဝါးများရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မြို့မဈေးရှိ Ko-1 မထက်ထက်ဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၁၄.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ Ko-1 မထက်ထက် ဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးစည်ပင်မှ ဦးဝေလင်းအောင်မှ ပူးပေါင်းပါဝင်လျက် ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းများ မပြုလုပ်ကြစေရန်၊ ဈေးနှုန်းများကိုလည်း အများပြည်သူများမြင်သာသည့်အရွယ်အစားနှင့် ရေးသားဖော်ပြ၍ ရောင်းချရန်နှင့် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသော ဆန်ဈေးကွက်၊ ဆန်ရည်ညွှန်းဈေးကိုလည်း သိရှိလိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး သတ်မှတ်ချက်များကို လိုက်နာမှုမရှိသော လုပ်ငန်းရှင်များအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

ပြည့်စုံဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၁၄.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် အမှတ်(၆၂)၊ (၄)ရပ်ကွက်ရှိ ပြည့်စုံဆန် ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပိုင်ရှင်ဦးနေလင်းစိုးမှ မိမိဆိုင်တွင် ရောင်းချနေသောဆန်များမှာ ဆင်းသွယ်၊ တောင်ပျံ၊ ဧည့်မထ၊ ဇီယာ၊ ပေါ်ဆန်း၊ ရက်(၉၀)၊ ကျားပျံ၊ ပေါ်ဆန်းမွှေးတို့ကို တစ်လ တစ်ကြိမ်ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပါကြောင်း၊ မိမိတို့ဈေးတွင် လက်လုပ်လပ်စားများသောကြောင့် ဆန်ကို အိတ်ဆွဲအဝယ်နည်းပြီး ပြည်လိုက်ကိုသာ ပိုအရောင်းသွက်ပါကြောင်း၊ MyRo လည်း မှတ်ပုံတင်ထားပါကြောင်း၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပါကြောင်း၊ မိမိတို့ဌာနမှလည်း ဆိုင်ရှင်များအနေဖြင့် ဆန်များဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများရှိခဲ့လျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

မှော်ဘီမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၁၄.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၄၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မြို့မဈေးရှိဆေးဆိုင်တွင် ဆေးရောင်းချနေခြင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးမှ ဈေးတာဝန်ခံ ပူးပေါင်းပါဝင်လျက် ရောင်းချနေသောဆေးဝါးများမှာ အဖျားပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ နှာစီးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အရောင်ချဆေး၊ သွေးကျဲဆေး၊ အစာအိမ်ဆေး၊ အကိုက်အခဲပျောက်ဆေးတို့ကို ရောင်းချပါကြောင်း၊ ဆေးဝါးများလည်းပြတ်လပ်မှုမရှိပါကြောင်း၊ ယခုကာလသည် တုတ်ကွေးရာသီဖြစ်သောကြောင့် နှာစီး၊ ချောင်းဆိုး၊ အဖျားပျောက်ဆေးများ ပိုမိုအရောင်းသွက်ပါကြောင်း ဝယ်ယူရာတွင်လည်း အဆင်ပြေစေရန် ဆောင်ရွက်ထားပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

City Mart (ရွှေပြည်သာ)သို့ သွားရောက်၍ ဆန်ကွင်းဆင်းစစ်ဆေးခြင်း

          (၁၄.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၄၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၄၂/အေ)၊ (၂၅၀/၂၅၁)၊ အမှတ်(၄)လမ်းမကြီး၊ စက်မှုဇုန် (၁)၊ ရွှေပြည်သာမြို့နယ်ရှိ City Mart သို့ သွားရောက်၍ ဆန်များ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် City Mart ဆန်အရောင်းကောင်တာရှိ စားသုံးဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချရေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက လစဉ်ထုတ်ပြန်လျက်ရှိသည့် ဆန်ရည်ညွှန်းဈေးနှုန်းများကို သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

Ocean Super Center သို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၁၄.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုလမ်း၊ စက်မှုဇုန်(၂)၊ လှိုင်သာယာမြို့နယ်ရှိ Ocean Super Center သို့ သွားရောက်၍ ဆန်ရောင်းချနေမှုကွင်းဆင်းအသိ ပညာပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် Ocean Super Center တွင် ရောင်းချနေသော ဆန်အမှတ်တံဆိပ်များ၌ Nursery၊ Goody၊ Meizan၊ မြ၊ Beautiful Myanmar စသည့်ဆန်အမျိုး အစားများကို 1 kg မှ 12 kg သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း၊ ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်ရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း တာဝန်ခံအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

လှိုင်သာယာမြို့နယ်ရှိ ဆန်အရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် (၁၄.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၂/က)၊ (၈)ရပ်ကွက်၊ ကျန်စစ်မင်းအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ City Mart (ကျန်စစ်မင်း)သို့ သွားရောက်၍ ဆန်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ ဆန်အရောင်းကောင်တာတွင် ရောင်းချနေသော ဆန်အမျိုးအစားများသည် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချပေးနေပြီး ဆန်ရောင်းချနေမှုနှင့်ပတ်သက်၍ စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း City Mart မှ တာဝန်ခံအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မှော်ဘီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စီမံကိန်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

          (၁၄.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးပြည့်ဖြိုးမောင်မှ ဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား(၈၀)ဦး တက်ရောက်ခဲ့ပြီး ဥက္ကဌ ဦးပြည့်ဖြိုးမောင်မှ ဆွေးနွေးပြောကြားရာတွင် စီမံကိန်းလုပ်ငန်းများ၌ နိုင်ငံတော်၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်ပန်း တိုင်များပြီးမြောက်အောင်မြင်ရန်အတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန်များအဖြစ် အလေးအနက်ခံယူပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ဟန်ချက်ညီညီ၊ အချိတ်အဆက် မိမိပူးပေါင်းပြီး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးကို (၁၁:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ အစည်းအဝေးကျင်းပ

          (၁၃.၈.၂၀၂၅)ရက်နေ့ ညနေ(၀၃:၀၀) နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့် ပတ်သက်၍ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဦးစီးမှူး တက်ရောက်ခဲ့ပါသည်။

          ထိုသို့ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဘော်မှ မြေပြင်တွင် ကုမ္ပဏီများမှရရှိသော လက်ကားစားအုန်းဆီကိုယ်စားလှယ်များမှ လက်လီကိုယ်စားလှယ်များသို့ စားအုန်းဆီ ရောက်ရှိမှုစာရင်း၊ ခွဲဝေမှုစာရင်း၊ မြေပြင်တွင်ရောင်းချမှု စာရင်းများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ရာ လက်ကား/လက်လီကိုယ်စားလှယ်မှလည်း မိမိတို့ရရှိသောခွဲတမ်းများအား မြေပြင်၌ ခွဲဝေပေးမှုနေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးကို (၀၄:၁၅)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

မှော်ဘီမြို့နယ်ရှိ ဒေါ်အေးအေးမာစားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၁၄.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မြို့မဈေးရှိ စားအုန်းဆီအရောင်းဆိုင်သို့ ဈေးတာဝန်ခံ ပူးပေါင်းပါဝင်လျက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးအတွင်းရှိ ဘီ(၂)၊ အမှတ်(၄၃/၄၄)ရှိ ဒေါ်အေးအေးမာဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရ လိပ္ပုတ်ကျေးရွာရှိ စားသုံးသူပြည်သူများသို့ ရောင်းချပေးပါကြောင်း၊ ဆီပေးချိန်ကိုလည်း နေ့စဉ်နံနက်(၁၀း၀၀)နာရီမှ ညနေ(၁၇း၀၀)နာရီထိ ရောင်းပေးပြီး နေ့စဉ်အရောင်းစာရင်းကိုလည်း လယ်ဂျာဖြင့် ရေးသွင်းထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချခြင်းမရှိလျှင် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Pages

Subscribe to RSS - HighLight News