Main menu

HighLight News

Powered by Drupal

“စဉ့်ကိုင်မြို့နယ်အတွင်းရှိ Petro Net စက်သုံးဆီအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး”

         ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများသည် သြဂုတ်လ(၁၈) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဘေး၊ ဘယ်လင်းကျေးရွာရှိ Petro Net စက်သုံးဆီအရောင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင် များအနေဖြင့် နိုင်ငံတော်မှ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းမြင့်တက်မှုမရှိစေရေး ၊ စက်သုံးဆီစျေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ စက်သုံးဆီရောင်းချသည့် ကုမ္ပဏီများမှလည်း သုံးစွဲသူပြည်သူများအား စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသည့် ရည်ညွှန်းစျေးနှုန်းများထက် ပိုမိုကျော်လွန်၍ ရောင်းချခြင်းမရှိရန်လိုကြောင်း၊ အချင်အတွယ် မှန်ကန်စွာရောင်းချရန်နှင့်အရည်အသွေးကောင်းမွန် သောစက်သုံးဆီများကိုသာ ဝယ်ယူရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“စဉ့်ကိုင်မြို့နယ်ရှိ Asia သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး”

           ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စဉ့်ကိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ သြဂုတ်လ (၁၈) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ မြောက်ကိုင်ရပ်ရှိ Asia သောက်ရေသန့် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်း အားကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိက ပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်မှ ပြန်ရောက်လာသောဗူးခွံများကို အတွင်းအပြင်ကို နေ့စဉ်ဆေးကြောသန့်စင်ရန်လိုအပ်ကြောင်း၊  ရေသန့်များထုတ်လုပ်ရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး လိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးကောက်မရှင်မှထုတ်ပြန်ထားသော(၂/၂၀၂၉)ပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့်ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှထုတ်ပြန်ထားသည့် လုပ်ငန်းလိုင်စင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ထုတ်ပြန်ထားသည့် လက်မှတ်များလိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“အနောက်သာဂရ အထကကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

           ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၁၄)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ အနောက်သာဂရကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ကျောက်ဆည်မြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးစိုးမင်းထွန်းက စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆို နိုင်သည့်အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်အိအိဖြိုးက ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ သိကောင်းစရာများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။  အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူများအား စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား  စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများရောင်းချသည့်လုပ်ငန်းရှင်အား အသိပညာပေးခြင်း

          (၁၈.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဦးစီးမှူးပါ(၃)ဦးတို့သည် Nautural Power Organic Fertillizer အွန်လိုင်းအမည်ဖြင့် ရောင်းချသည့်လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အမှတ်(၉၄)၊ ကာယ(၅)လမ်း၊ မင်္ဂလာဒုံမြို့နယ်သို့ သွားရောက်၍ ဒေါ်နီလာဝင်း၊ ဦးစီးမှူးက စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းအွန်လိုင်းဖြင့် ရောင်းချသည့်လုပ်ငန်းရှင်များအား ကုန်သွယ်ရေးဦးစီး ဌာနက eComreg System အသုံးပြုပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင် လက်မှတ်အား အသိပညာပေးကာလတစ်ခုအနေဖြင့် မြေပြင်စစ်ဆေးမှုမပြုဘဲ ထုတ်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အမိန့်ကြော်ငြာစာ အမှတ်(၅၁/၂၀၂၃)နှင့်အညီ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးမှသာ ကုန်သွယ်ရေးဦးစီးဌာနမှ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်းနှင့် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ရွှေဟန်းမိတ်နှင့်လက်ဆောင်ပစ္စည်းလုပ်ငန်းရှင်အား အသိပညာပေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဦးစီးမှူးပါ(၃)ဦးတို့သည် (၁၈.၈.၂၀၂၅)ရက်နေ့ နံနက်(၀၉:၄၅) နာရီအချိန်တွင် အမှတ်(၁၃၅)၊ သီရိသုခလမ်း၊ သင်္ဃန်းကျွန်းကြီး၊ မင်္ဂလာဒုံမြို့နယ်သို့ သွားရောက်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းရှင်များအား အသိပညာ ပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့အသိပညာပေးခြင်းဆောင်ရွက်ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက Shwe Handmade & Resin Online အမည်ဖြင့် ဖန်စီပစ္စည်းများရောင်းချနေသည့် (၃)ဦးအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)နှင့် အညီ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်စစ်ဆေးခြင်းများဆောင်ရွက်ပြီးမှသာ ကုန်သွယ်ရေးဦးစီးဌာနမှ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍လည်း အသိ ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

အင်းစိန်မြို့နယ်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၈.၈.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အခြေခံစားကုန်များ၊ ဆေးဝါးများဈေးနှုန်းတည်ငြိမ်ရေး ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုမရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ အိမ်သုံးဆေးဝါးများ ဈေးကွက်အတွင်းပြတ်လပ်မှုရှိ/ မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာန၏ ထောက်ခံချက်မရှိသော ဆေးဝါးများ၊ အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများကို ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ရွှေဟန်းမိတ်နှင့်လက်ဆောင်ပစ္စည်းလုပ်ငန်းအား အွန်လိုင်းမြေပြင်ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် (၁၈.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အမှတ်၊ (၁၃၅)၊ သီရိသုခလမ်း၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေဟန်းမိတ်နှင့် လက်ဆောင်ပစ္စည်းလုပ်ငန်းအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများနှင့် ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

မင်္ဂလာဒုံမြို့နယ်တွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

            ၁၈.၈.၂၀၂၅ ရက်နေ့ နံနက်(၁၀:၄၀) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဦး၊ အမှတ်(၉၄)၊ ကာယ(၅)လမ်း၊ မင်္ဂလာဒုံမြို့နယ်ရှိ Nautural Power Organic Fertillizer သို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များသို့ မှတ်ပုံ တင် လက်မှတ်လျှောက်ထားသူနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ်တည်ရှိခြင်း ရှိ/မရှိ၊ မှတ်ပုံတင်လက် မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှုအမျိုးအစား၊ စာရင်းအတိုင်းမြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့်ကုန်အညွှန်းအမှတ်အသားဖော်ပြ မှုတို့ကို ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

“ ကော့မှူးမြို့နယ်တွင်၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးစိုက်တောင်သူများအားဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးစိုက် တောင်သူများအား ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ဩဂုတ်လ(၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကော့မှူးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးမျိုးမင်းက ကော့မှူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ မိုးစပါးစိုက်တောင်သူများအား မြို့နယ်အဆင့် ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ရာ ကော်မတီအနေဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် ဓာတ်မြေဩဇာလိုအပ်ချက်စာရင်းနှင့် မြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာအရောင်းဆိုင် စာရင်းကောက်ယူမှုအခြေအနေများ ရန်ကုန်ဆိပ်ကမ်းမှ မြို့နယ်အရောက်သယ်ယူပို့ဆောင်ရေးတွင် ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ ရောက်ရှိလာသော ဓာတ်မြေဩဇာအိတ်များအား လေလွင့်ပျက်စီးဆုံးရှုံးမှုများမရှိအောင် သိုလှောင်ထိန်းသိမ်းနိုင်ရေး လိုအပ်သည့်ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ တောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ကြောင်း အသိပေးကြော်ငြာခြင်း၊ အမှန်တကယ်အသုံးပြုမည့် တောင်သူများသို့ ဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချရာတွင် အလွဲသုံးစားမှုများမရှိစေရေး၊ မြို့နယ်အရောင်းဆိုင်များ၏ ဓာတ်မြေဩဇာရောင်းချနေမှု စာရင်းအားစစ်ဆေး၍ စာရင်းပြုစုတင်ပြခြင်းများ ဆောင်ရွက်နိုင်ရေးစသည့် မြို့နယ်ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီလုပ်ငန်းတာဝန်များအား အသေးစိတ်ဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ သိရှိလိုသည့် အချက်များအား ပြန်လည်ဖြေရှင်း ပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အနောက်ခြမ်းရှိ မှော်တောကျေးရွာအုပ်စု ဓမ္မာရုံတွင် ဩဂုတ်လ(၁၈)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူပြည်သူများအား ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

        အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မှော်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ အကျိုးတရားများအကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းက စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၉)အရ အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း ၎င်းဥပဒေတွင်ပါရှိသော စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံးသူကာကွယ် ပေးခြင်း ဆိုင်ရာအချက်များမှ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင် တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်များအကြောင်း ကော်မရှင်ဖွဲ့စည်းခြင်းနှင့် ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ ၎င်းဥပဒေ၏ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များမှ ကုန်ပစ္စည်းများအပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေ ရေးသားဖော်ပြရမည့်အချက်များအား အကျယ်တဝင့် ရှင်းလင်းဟောပြောပေးခဲ့ပြီး ကျေးရွာ၏ စားသုံးသူပြည်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များအား ပြန်လည်ဖြေရှင်းပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News