Main menu

HighLight News

Powered by Drupal

ဆီလုပ်ငန်းရှင်နှင့်တွေ့ဆုံ

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့၊ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် အုတ်ဖိုမြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့ နယ်တာဝန်ခံနှင့် တာဝန်ရှိဝန်ထမ်းများသည် အုတ်ဖိုမြို့နယ်ဆီစက်နှင့် ဆီကုန်သည်အသင်းမှ စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများအားမေးမြန်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

         အသင်းဥက္ကဋ္ဌနှင့် အသင်းသားများက စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ အခက်အခဲများအား ပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး စားသုံးသူများအား အိမ်ထောင်စုဇယားအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြန့်ဖြူးမှုကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ စားအုန်းဆီဝယ်ယူသူများအား ဝယ်ယူခွင့်စာအုပ်များရရှိချိန်မှစ၍ ဝယ်ယူခွင့်ကာလသတ်မှတ်ခြင်း၊ ဝယ်ယူချိန်များ သတ်မှတ်ခြင်းများသတ်မှတ်ဆုံးဖြတ်ခြင်း၊ ရောင်းချသူများအနေဖြင့်လည်း အလေးချိန်မှန်ကန်စွာရောင်းချရန်၊ သတ်မှတ်ဈေးနှုန်းဖြင့်သာရောင်းချကြရန်၊ ရောနှောရောင်းချမှုမျိုးမပြုလုပ်ကြစေရန်၊ စည်းကမ်းသတ်မှတ်ချက်များကိုမလိုက်နာပါက အရေးယူဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် စားသုံးဆီ လက်လီ/ လက်ကားရောင်းချသူများနှင့်တွေ့ဆုံ

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် စက်တင်ဘာလ(၁၁)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ တောင်ငူမြို့ရှိ စားသုံးဆီ လက်လီ/ လက်ကားရောင်းချသူများနှင့်တွေ့ဆုံကာ ရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိသည့် စားသုံးဆီများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

           မြို့နယ်တာဝန်ခံသည် စားသုံးဆီများကို သတ်မှတ်ဈေးနှုန်းများအတိုင်း စားသုံးသူပြည်သူများလက်ဝယ်သို့ရောက်ရှိအောင် ရောင်းချပေးရန်၊ လူစုလူဝေးမဖြစ်စေရန်နှင့် အိမ်ထောင်စုတိုင်း သာတူညီမျှစွာရရှိနိုင်ရန်အတွက် စားသုံးဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချရန်၊ အချင်အတွယ်ပြည့်၍ သန့်ရှင်းသောဆီများဖြစ်စေရန်၊ အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်လာသော တရားမဝင်ဆီများကို ရောင်းချခြင်းမပြုရန်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

             ထို့နောက် ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် စားသုံးဆီများဖြန့်ခွဲရောင်းချမည့် အခြေအနေများကိုဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ စားသုံးဆီ လက်လီ/ လက်ကားရောင်းချသူ (၁၀) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့တွင် စားသုံးဆီ လက်လီ/ လက်ကားရောင်းချသူများနှင့်တွေ့ဆုံဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် အုတ်တွင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အတူ  စက်တင်ဘာလ(၉)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် အုတ်တွင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ အုတ်တွင်းမြို့ပေါ်ရှိ စားသုံးဆီ လက်လီ/ လက္ကားရောင်းချသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

           အဆိုပါတွေ့ဆုံပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးသည် စားသုံးဆီများကို သတ်မှတ်ဈေးနှုန်းများအတိုင်း စားသုံးသူပြည်သူများလက်ဝယ်သို့ရောက်ရှိအောင် ရောင်းချပေးရန်၊ လူစုလူဝေးမဖြစ်စေရန်နှင့် အိမ်ထောင်စုတိုင်း သာတူညီမျှစွာရရှိနိုင်ရန်အတွက် စားသုံးဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချရန်၊ အချင်အတွယ်ပြည့်ဝ၍ သန့်ရှင်းသောဆီများဖြစ်စေရန်၊ ဈေးနှုန်းဖော်ပြထားသည့် ဆိုင်းဘုတ်များကပ်၍ အများမြင်သာအောင်ရောင်းချပေးရန်၊ အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်လာသော တရားမဝင်ဆီများကို ရောင်းချခြင်းမပြုရန်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

           ထို့နောက် စားသုံးသူပြည်သူများ စားသုံးဆီများကို ဈေးနှုန်းမှန်ကန်စွာဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးဆီ လက်လီ/ လက်ကားအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန ပါဝင်သော ပူးပေါင်းအဖွဲ့က ရှောင်တခင်ကွင်းဆင်းစစ်ဆေး၍ သတ်မှတ်နှုန်းထားထက် ကျော်လွန်ရောင်းချသည့် အရောင်းဆိုင်များအား အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲသို့ အုတ်တွင်းမြို့မှ စားသုံးဆီ လက်လီ/ လက်ကားရောင်းချသူ ၁၀ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ်၊ အ.ထ.က သာဂရတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာလ ၁၀ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရေတာရှည်မြို့နယ်၊ သာဂရမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဟောပြောခဲ့ပါသည်။

          ရှေးဦးစွာ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက မိတ်ဆက်စကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်သည် စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက် လာပုံ၊ ဦးစီးဌာန၏ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခြင်းများနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းဟောပြောခဲ့ပါသည်။

          ထို့နောက် ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်က အွန်လိုင်းဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများသတိပြုဆောင်ရွက်သင့်သည့်အချက်များကို ရှင်းလင်းဆွေးနွေးပြီး ကျောင်းသား/ ကျောင်းသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ သာဂရမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၃၄၆) ဦးတက်ရောက်ခဲ့ပြီး နံနက်(၁၁:၃၀)နာရီအချိန်တွင် ဆွေးနွေးဟောပြောပွဲပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၉-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဖြူးမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချင်အတွယ်မှန်ကန်စွာရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းများကို အများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကျောက်ကြီးမြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၉-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျောက်ကြီးမြို့အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ရေးသားဖော်ပြ၍ရောင်းချရန်နှင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးသည် စားသုံးသူကာကွယ်ပေးရေးဥပဒေနှင့်အညီ စားသုံးသူများအခွင့်အရေးများ အပြည့်အဝရရှိစေရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများအနေဖြင့်လည်း ကိုယ်အားဉာဏ်အားလုံ့လထား၍ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ခြင်းကြောင့် ဝန်ထမ်းများအားလုံးကလည်း အလေးထားဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၈-၉-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပဲခူးမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့အသိပညာပေးဟောပြောခြင်းဆောင်ရွက်ရာတွင် ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်းက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူများ၏အခွင့်အ‌ရေးနှင့်တာဝန်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးမိုးက အွန်လိုင်းမှတစ်ဆင့် ဝယ်ယူရောင်းချခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ အွန်လိုင်းမှဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းမှ လိမ်လည်မှုများ၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှဈေးဝယ်ယူရာတွင် စိစစ်သင့်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားပြီး အွန်လိုင်းရောင်းဝယ်မှုပြုလုပ်မည်ဆိုပါက မှတ်ပုံတင်ခြင်းဆိုင်ရာနည်းလမ်းများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။

        အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/ ကျောင်းသူ(၂၀၀)ဦးနှင့် ဆရာ/ ဆရာမ (၅၇)ဦးတက်ရောက်ကာ နံနက် (၁၁:၂၅) နာရီအချိန်တွင် ဆွေးနွေးဟောပြောပွဲပြီးမြောက်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကဝမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပဲခူးမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၉-၉-၂၀၂၄) ရက် နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ကဝမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချင်အတွယ်မှန်ကန်စွာရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းများကို အများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့၍ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဝေါမြို့တွင် အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၉-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဝေါမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ အခြေခံစားသောက်ကုန် (၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသားငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ် ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များသို့ သွားရောက်ကွင်းဆင်းကာ ပစ္စည်းများပြတ်လပ်မှု ရှိ/မရှိစစ်ဆေးရာ၌ ပြတ်လပ်မှုမရှိကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့တွင် အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၄-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပေါင်းတည်မြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းများပြုလုပ်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ အခြေခံစားသောက်ကုန် (၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ကြက်သွန်၊ ငရုတ်၊ အသားငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များသို့ သွားရောက်ကွင်းဆင်းကာ ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News