Main menu

HighLight News

Powered by Drupal

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စက်မှုလုပ်ငန်းသုံးဆီ လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်း အောင်နှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၈.၁.၂၀၂၄)ရက်နေ့ နေ့လယ်(၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် စက်မှုလုပ်ငန်းသုံးဆီခွဲတမ်းရရှိမှုနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်များအားခေါ်ယူတွေ့ဆုံ၍ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ စက်မှုလုပ်ငန်းသုံးများအတွက် လိုအပ်သည့်စားအုန်းဆီထုတ်ယူရရှိရေး ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအရ စားအုန်းဆီခွဲတမ်း ရရှိမှုအပေါ် လုပ်ငန်းရှင်များအနေဖြင့် တဆင့်ပြန်လည်ရောင်းချခြင်းမပြုလုပ်ကြရန်၊ မိမိလုပ်ငန်းတွင်သာအသုံးပြုကြရန်၊ ဌာနမှလည်း အမှန်တကယ်အသုံးပြုခြင်းရှိမရှိ စီစစ်စစ်ဆေးသွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး     စက်မှုလုပ်ငန်းသုံးဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့်မေးမြန်းချက်များအား ခရိုင်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၄၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)                                                                                                                                                                                                                                                                                 

 

    

    

 

 

 

 

 

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေးရှိ အိမ်သုံးဆေးဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးတို့နှင့်ပူးပေါင်း၍ (၈.၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီက  ဝါးခယ်မမြို့နယ် မြို့မဈေးရှိအိမ်သုံးဆေးဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဆေးဝါးပြတ်လပ်မှုရှိ/ မရှိ  ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန်၊ ကာလကြာရှည်သုံးစွဲနေရသည့်ဆေးဝါးများ၊ သွေးကျဲဆေးများ၊ အကိုက်အခဲပျောက်ဆေး၊ ဆီးချိုဆေး၊ လေဆေး၊ အာရုံကြောဆေး၊ ဒါဏ်ကြေ လိမ်းဆေးအပါအဝင် ပုံမှန်သောက်သုံးနေသည့် ဆေးနှင့်ဆေးပစ္စည်းများ  ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေး ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အဓိကထားဆောင်ရွက်ရန် မေးမြန်းချက်များအရ အိမ်သုံးဆေးများအား ရန်ကုန်ကုမ္ပဏီများနှင့် ချိတ်ဆက်ဝယ်ယူရောင်းချနေရပြီး၊ ဝယ်ယူရာတွင် အခက်အခဲမရှိဝယ်ယူနိုင်ကြောင်း သိရှိ ရပါသည်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များသို့ အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်း  ရောင်းချခြင်းမပြုရန်   သက်ဆိုင်ရာဌာနများ၏ အမိန့်ညွှန်ကြားချက်၊   ဥပဒေများအားလိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

                                                                                                                                                            

 

                                                                                                             

                               

 

 

 

ဖျာပုံမြို့နယ်အတွင်းဘိလပ်မြေရောင်းချမှုပြတ်လပ်ခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး

         ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းမျာသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဖျာပုံမြို့တွင်းရှိဘိလပ်မြေ အရောင်းဆိုင်များသို့ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် မြေပြင်လက်ကျန်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်ဘိလပ်မြေလက်လီ၊ လက်ကားအရောင်းဆိုင်များအား ရောင်းချသည့်အမျိုးအစား၊ အမျိုးအစားအလိုက် ယခင်လရောင်းဈေးနှင့် ယခုလ‌ရောင်းဈေး၊ ဆိုင်တွင်းလက်ကျန်အရေအတွက်၊ ဘိလပ်မြေပြတ်လပ်မှုရှိ/ မရှိတို့ကိုကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့ ၊ အ.မ.က(၁၂) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအားစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည်ကျောင်းကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့ အ.မ.က(၁၂)ကျောင်းရှိ ဆရာ/ ဆရာမ၊ ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ဖျာပုံမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေများထဲမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ တွဲဖက်မစားသင့်သော အစားအစာများနှင့် ဓာတုဆိုးဆေးပါဝင်သော အစားအစာများဝယ်ယူသုံးစွဲ ခြင်းမပြုကြရန်နှင့်  ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များအကြောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများနစ်နာမှုရှိလာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများဖွင့်လှစ်ထားရှိကြောင်းပြီး Call Centre 1535သို့လည်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း၊ ဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များပါ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းစနစ်ဖြင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူများစိစစ်သင့်သည့်အချက်အလက်များနှင့် အကျိုးရလဒ်များအကြောင်းTALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးသည် (၈.၁.၂၀၂၅)ရက် နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းစနစ်ဖြင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့်အချက်အလက်များနှင့် အကျိုးရလဒ်များအကြောင်းTalk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          အဆိုပါ အစီအစဉ်တွင် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက အွန်လိုင်းမှတစ်ဆင့်ဝယ်ယူရာတွင် စားသုံးသူများစိစစ်သင့်သည့်အချက်များဖြစ်သည့်  မိမိဝယ်ယူသုံးစွဲမည့် အွန်လိုင်းမှရောင်းချသည့် ကုန်စည် (သို့)ဝန်ဆောင်မှုသည် စားသုံးများအကြား နာမည်ဂုဏ်သတင်းကောင်းမွန်ခြင်းရှိ/ မရှိ၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိ၊ မိမိနှင့် သင့်လျော်မှုရှိ/ မရှိ၊ စာချုပ်ပါအချက်အလက်များ(သို့)အာမခံချက်ပါအချက်အလက်များ မိမိနှင့်ကိုက်ညီမှုရှိ/ မရှိ၊ ကြော်ငြာနှင့်အရောင်းမြှင့်တင်ရေး တို့တွင်ပါဝင်သော ဖော်ပြချက်များ ကိုက်ညီမှု ရှိ/မရှိနှင့် မိမိဝယ်ယူသုံးစွဲမည့် ကုန်စည်သည် သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်ရှိ/မရှိ စသည်တို့ကို ပထမဦးစွာ စိစစ်သင့်သည့်အကြောင်း၊ မှတ်ပုံတင် ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာသောအကျိုးရလဒ်များအနေဖြင့် မရိုးဖြောင့်သော၊ တရားမဝင်သောအွန်လိုင်းဆိုင်များ၏ လိမ်လည်မှုမှ ရှောင်ရှားနိုင်ခြင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့်အာမခံချက်ကို ရောင်းချသည့်လုပ်ငန်းရှင်ထံ ဆက်သွယ်တောင်းဆိုနိုင်ခြင်း၊ အွန်လိုင်းမှ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံတွေ့ပါက ရောင်းချသည့် လုပ်ငန်းကို ဖြေရှင်းပေးရန်ဆက်သွယ်နိုင် ခြင်း၊ သက်ဆိုင်ရာအစိုးရဌာနသို့ တိုင်ကြားရာတွင် လည်းရောင်းချ သည့်လုပ်ငန်းနှင့်စပ်လျဉ်း၍ ခိုင်လုံစွာ တိုင်ကြားနိုင်ခြင်း၊  သက်ဆိုင်ရာဌာနအနေဖြင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုအား ဖြေရှင်းရာတွင် လွယ်ကူစေခြင်းတို့ကိုရှင်းလင်းခဲ့ပြီး၊ တိုင်ကြားမှုဖြေရှင်းသည့် နည်းလမ်းများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများက လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်၍ စေ့စပ်ညှိနှိုင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း စသည့်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)  

ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် (၇.၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့၊ အနော်ရထာလမ်း၊ လမ်းမတော်(မ)ရပ်ကွက်ရှိ မြို့မဈေး၊ဈေးတာဝန်ခံရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအားစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကိုမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ စားအုန်းဆီ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည်( ၇.၁.၂၀၂၅ )ရက်နေ့ ၊ နံနက် (၁၀:၃၀)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ စားအုန်းဆီ ရောင်းချနေသောဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဟင်္သာတမြို့ရှိ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ ခွဲတမ်းရရှိသောဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ ထိုသို့ရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်းသိရှိရပြီး ဟင်္သာတမြို့ ပေါ်ရှိ စားအုန်းဆီရောင်းချနေသော စားအုန်းဆီအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၈.၁.၂၀၂၅)ရက်နေ့ နံနက် (၀၈:၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ ကြာနီကန်လမ်းမကြီးပေါ်ရှိ ဘိလပ်မြေရောင်းချဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ထိုသို့စစ်ဆေးရာတွင် ဇန်နဝါရီလ ပထမပတ်အတွင်း  Alpha တစ်အိတ်လျှင် (၂၁၀၀၀/-) ကျပ်နှင့် Double Rhino တစ်အိတ်လျှင် (၁၉၅၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်လတွင် Alpha တစ်အိတ်လျှင် (၁၉၅၀၀/-)ကျပ်ခန့်သာရှိပြီး၊ ယခုလဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့် လျှင် Alpha တစ်အိတ်လျှင် (၁၅၀၀/-)ကျပ်မြင့်တက်လာခဲ့ကြောင်း၊ ယခုအချိန်တွင် ဝယ်ယူသူများပြားလာသဖြင့် ပစ္စည်းများအရောင်းသွက်လျက်ရှိပါသည်။ ဘိလပ်မြေလက်ကျန်ပစ္စည်းများ လျော့နည်းလာပြီး ပြန်လည်ဝယ်ယူရာတွင်လည်း ပစ္စည်းပြတ်လပ်မှုများ ရှိနေပါသဖြင့် အလှည့်ကျစနစ်ဖြင့် ဝယ်ယူပြီးပြန်လည်ရောင်းချနေရကြောင်း   ဘိလပ်မြေ‌အရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

အ.မ.က သဲဖြူ(မြို့မ)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ

           စားသုံးသူရေးရာဦးစီးဌာန ၊မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍ (၈.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ ရွှေဘုံသာ တာကြီးတန်းလမ်း၊ အမှတ်(၆)ရပ်ကွက်ရှိ အခြေခံပညာမူလတန်း သဲဖြူ(မြို့မ)ကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၁၆၃ ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

           ဟောပြောပွဲအပြီးတွင် မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့် အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်အတွင်း ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းအခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

           (၈.၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချန်တွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်တွင် ရောင်းချနေသော ဘိလပ်မြေအိတ် လက်ကျန်အခြေအနေနှင့် ရောင်းချမှု ဈေးနှုန်းအခြေအနေများကို မြေပြင်ကွင်းဆင်းစစ် ဆေးဆောင် ရွက်ခဲ့ကြောင်းသိရသည်။

           ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ် ဈေးကွက်အတွင်း ဘိလပ်မြေ လက်လီ/လက်ကား အရောင်းဆိုင်(၄)ဆိုင်ဖြစ်သော အောင်ကိုနိုင်၊ အောင်ပွင့်သစ်ဆန်း၊အောင်သပြေ၊ မင်းဆွေဦး ဘိလပ်မြေ ရောင်းချမှုအခြေအနေ ဆိုင်ရှိ ဘိလပ်မြေလက်ကျန်စာရင်း ဘိလပ်မြေ ဝယ်ယူရရှိမှု နှင့် ရောင်းချမှု ဈေးနှုန်းအခြေအနေကို ဆိုင်ရှင်များအား မေးမြန်းစစ်ဆေးခဲ့သည်။ ဘိလပ်မြေအရောင်းဆိုင်များတွင် ဘိလပ်မြေ လက်ကျန်များရှိပြီး ကြံနီ နှင့် ALPHA နှစ်မျိုးသာရောင်းချပြီး ကြံနီဈေးနှုန်း ငွေကျပ် ၁၆၅၀၀/-နှင့် Alpha ဈေးနှုန်း ငွေကျပ် ၁၈၀၀၀/- ဖြင့် ရောင်းချကြောင်း၊ ယခင်ဈေးနှင့် နှိုင်းယှဥ်ပါက အနည်းငယ်ဝေးဆက်နေပြီး ရန်ကုန်မှ မှာယူရောင်းချပြီး ပစ္စည်းမှာယူမှု ခက်ခဲနေပြီး ဒေသတွင် သီးနှံပေါ်ချိန်ဖြစ်၍ တောင်သူများ အဆင်ပြေ သည့်အတွက် ဆောက်လုပ်ရေးကာလ ဝယ်ယူသူများပြားလာပြီး အကန့်အသတ်ဖြင့်သာ ဝယ်ယူရရှိသဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လာခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News