Main menu

HighLight News

Powered by Drupal

“ ဒလမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဌမှ ဦးဆောင်၍မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းအခမ်းအနားကို ဇန်နဝါရီလ (၆)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးအခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

            အဆိုပါအသိပညာပေးဟောပြောပွဲတွင် တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမားရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြင်းထန်ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားရခြင်း၏အကြောင်းအရာများ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါလက္ခဏာများဖြစ်သည့် အရည်ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ ခန္ဓကိုယ် အတွင်းရေနှင့်ဓာတ်ဆားများလျင်မြန်စွာဆုံးရှုံး၍ အင်အားကုန်ခမ်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကူးစက်နိုင်သည့်နည်းလမ်းများ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျောရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ လိုက်နာရှောင်ကြဉ်ရမည့်အချက်များ၊ မိမိ၏ပတ်ဝန်းကျင်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါလက္ခဏာသံသယရှိသူများ တွေ့ရှိပါက မြို့နယ်ကျန်းမာရေးဦးစီးဌာနအား သတင်းပို့ပူးပေါင်းဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ဒလမြို့နယ် ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များသို့ တွံတေးခရိုင် မိခင်နှင့်စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းအဖွဲ့သည် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် သန့်ရှင်းသပ်ရပ်စွာ ရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း ”

             ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဝမ်းပျက်ဝမ်းလျောမရှိစေရန် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ (၃)ရက်နေ့၊ နေ့လယ်(၁၁:၃၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးအခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

              အဆိုပါအသိပညာပေးဟောပြောပွဲတွင် တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဌ ဒေါ်ဇာဇာယမင်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမားရေးဦးစီးဌာနမှကျန်းမာရေးမှူး ဒေါ်သင်းသင်းအေးက ပြင်းထန်ဝမ်းပျက်ဝမ်းလျော ရောဂါလက္ခဏာများဖြစ်သည့် အရည်ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ ခန္ဓကိုယ်အတွင်းရေနှင့် ဓာတ်ဆားများလျင်မြန်စွာဆုံးရှုံး၍ အင်အားကုန်ခမ်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းနှင့် ပြင်းထန် ဝမ်းပျက်ဝမ်းလျောရောဂါ ကူးစက်နိုင်သည့်နည်းလမ်းများ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ လိုက်နာရှောင်ကြဉ်ရမည့်အချက်များကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

            ထိုနောက်တွံတေးခရိုင် မိခင်နှင့်စောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်မျိုးမျိုးထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဒေါ်သင်းသင်းအေးနှင့် ဆရာ/ ဆရာမများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံဦးအေးသွင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် စားသောက်ဆိုင်များ သန့်ရှင်းသပ်ရပ်စွာရောင်းချနေမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့် ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

             အကြီးအကဲ၏လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဈေးပွဲရုံဝင်းအတွင်းရှိ အမှတ် ည/၅ အာသောကလမ်းရှိ ဦးသဲဇော်ဆန်ပွဲရုံ၊ ဇ/၇၃ (B) အာသောကလမ်းရှိ  စန်းဝေနိုင် ဆန်ပွဲရုံနှင့် ဇ/၇၂ (A) အာသောကလမ်းရှိ  ဦးအောင်ကိုကိုမိုး ဆန်ပွဲရုံတို့အား ဘုရင့်နောင်ဈေး စည်ပင်မှ ဦးနန္ဒအောင်နှင့် အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ဦးကျော်လင်းနိုင်နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးအသိပညာပေးမှုများအား ၆.၁.၂၀၂၅ ရက်နေ့ တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့  ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်လုပ်ငန်းညှိနှိုင်းအစည်း(၁/၂၀၂၅)သို့ တနင်္သာရီတိုင်းဒေသကြီးစားသုံးသူကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်

            ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသူံးသူ‌ရေးရာဦးစီးဌာန၊ နေပြည်တော်တွင် စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ မူဝါဒများနှင့် အစီအမံများ ချမှတ်နိုင်ရေးတို့အတွက် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံစား သုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်း(၁/၂၀၂၅)သို့ တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး၊ ကော်မတီဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များမှ Online Virtual စနစ် ဖြင့်တက်ရောက်ခဲ့ကြပြီး ညှိနှိုင်းအစည်းအဝေးအား ၁၆း၂၀ နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တာမွေ(ကျောက်မြောင်းစတိုး) ရှိ ကော်ဖီမစ်အမျိုးမျိုးအားကုန်အညွှန်းအမှတ်အသားများ စစ်ဆေးခြင်း

           ၃.1.202၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)၊ ဒေါ်ယုယုလွင်(အငယ်တန်းစာရေး) နှင့် ဝန်ထမ်းများသည် တာမွေ(ကျောက်မြောင်းစတိုး) ရှိ ကော်ဖီမစ်အမျိုးမျိုးအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကော်ဖီမစ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြ ချက်များဖြစ်သော ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း ၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်များ ပါဝင်မှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းတွင် BEST PLATINUM HAPPY PREMIER Lovita အစရှိသည့် ကော်ဖီမစ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တာမွေ (United Living Mall) အတွင်းရှိငရုပ်ဆီအမျိုးမျိုးအားကုန်အညွှန်းအမှတ်အသားများ စစ်ဆေးခြင်း

              ၃.1.202၅ ရက်နေ့၊ နံနက် (၁၁:၁၅) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး)၊ ဒေါ်ယုယုလွင်(အငယ်တန်းစာရေး) နှင့် ဝန်ထမ်းများသည် တာမွေ (United Living Mall) အတွင်းရှိ ငရုတ်ဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ငရုတ်ဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များဖြစ်သော ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ ပါဝင်မှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းတွင်  ငရုတ်ဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တာမွေ(Orange ) အတွင်းရှိ အလှကုန်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ စစ်ဆေးခြင်း

          ၃.1.202၅ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး)၊ ဒေါ်ယုယုလွင်(အငယ်တန်းစာရေး) နှင့် ဝန်ထမ်းများသည် တာမွေ(Orange) အတွင်းရှိ အလှကုန်အမျိုးမျိုးအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော အလှကုန်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြ ချက်များဖြစ်သော ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များပါဝင်မှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းတွင် Bella Doaru Now How ၊  OLAY NOURISHING NIGHT OIL(NNO) အစရှိသည့်  အလှကုန်အမျိုးမျိုးတို့တွင် အမျိုးအမည်၊ အသားတင်အလေးချိန်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း   သိရှိရပါသည်။

DOCA(ရန်ကုန်)

Super One (ကျိုက္ကဆံ) အတွင်းရှိ ဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ စစ်ဆေးခြင်း

          ၃.၁.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇင်မင်းထွန်း( လ/ထ ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် Super One (ကျိုက္ကဆံ)  အတွင်းရှိ ဆီအမျိုးမျိုးအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များဖြစ်သော ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့)ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသောအချက်အလက်များပါဝင်မှု ရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းတွင် ငွေသဇင်မင်း၊ ရန်ကုန်ပဲဆီသန့်၊ အမေထွား၊ ဧရာဝတီ အစရှိသည့် စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့နယ်၌ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် နံနက် ၀၉:၅၀ တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည့် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ “မြို့မဈေး”ရှိ ဆန်လက်လီ၊ လက်ကားရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်တန်ချိန်(၂၅)တန်နှင့်အထက် သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ကိုပိုင်ဆိုင်သူသည် MyRO တွင်ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခဲ့ပြီး၊ ဒေသထွက်စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့်ရောင်းချရန်၊ ထို့နောက်တာဝန်ရှိသူ များသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေတို့အား စစ်ဆေးခဲ့ကြပြီး စားသုံးသူကာ ကွယ်ရေးဥပဒေ၊ အခန်း(၁၀) စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း နှင့်ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ “မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

           စားသုံးသူများနေ့စဉ် ဝယ်ယူစားသုံးလျက်ရှိသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ကိုဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်းရောင်း ချနေသည့် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီမြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိ၊ (၁/၂၀၂၁)နှင့်အညီ ပိဿာ/ကျပ်သားတို့ကို ဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသော စားသုံးဆီများ၊ တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး  စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News