Main menu

HighLight News

Powered by Drupal

မုဒုံမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

 

   ၁၉.၆.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် မုဒုံမြို့နယ်ရှိဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဆန်ဈေးနူန်းများမြှင့်တက်လျှက်ရှိသည့်အတွက် ဆန်များအားဈေးနူန်းမြှင့်တင် ရောင်းချခြင်းအလို့ငှာသိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ အား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဈေးနူန်းမြှင့်တင်ရောင်းချရန်အတွက် သိုလှောင်ခြင်း၊ ဖြန်းဖြူးရောင်းချခြင်းများ မရှိပါကြောင်း တွေ့ရှိရပါသည်။

မုဒုံမြို့နယ် ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်စား ခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး

   ၂၀.၆.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသည့် ဦးစားပေးကုန်စည်ဖြစ်သော အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိခြင်းရှိ/ မရှိ၊ သက်တမ်းလွန် ကုန်စည်များ ရောင်းချခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဦးစားပေးကုန်စည်ဖြစ်သည့် အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ပါရှိပြီး၊ သက်တမ်းလွန်ကုန်စည်များအား ရောင်းချနေခြင်း မရှိပါကြောင်းသိရှိရသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်ရှိ အမှတ် (၂) မြို့မဈေးတွင် စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း

   ၁၉.၆.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ် အမှတ်(၂) မြို့မစျေးအတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ရှိ/ မရှိနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/ မရှိ  စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားနှင့် ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြပါရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်တွင် မိုးစပါးမျိုးစေ့ချကိရိယာ (seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြ စိုက်ပျိုးပွဲကျင်းပ

    မွန်ပြည်နယ်ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ မိုးစပါးအထွက်နှုန်းတိုးပွားလာရေး မျိုးစေ့ချကိရိယာ(seeder)စနစ်ဖြင့် စိုက်ပျိုးကြရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန မှ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ဒေါင်းရပ်အရှေ့ကျေးရွာ ကွင်းအမှတ် (၆၄၆) ရှိ တောင်သူဦးစိုးဝင်း၏ မိုးစပါးစိုက်ဧက (၆) ဧကတွင် ဂျပန်ကျွန်းရွှေဝါ မျိုးစပါးအား မိုးစပါးမျိုးစေ့ချကိရိယာ (seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြ စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

   မျိုးစေ့ချကိရိယာ(seeder)စနစ်ဖြင့် စိုက်ပျိုးခြင်းကြောင့် မျိုးစေ့ကုန်ကျမှုလျော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာကာ အမြစ်ကြီးထွားမှုစောစီးစွာရရှိခြင်း၊ မြေဩဇာအသုံးပြုရာတွင် အကျိုးသက်ရောက်မှုမြင့်မားခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိခြင်းများကြောင့် တောင်သူများအထွက်နှုန်း သိသာစွာတိုးပွားလာမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း မျိုးစေ့ချကိရိယာဖြင့် (၃၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဆက်လက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ် ကုလားဘီကျေးရွာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

   ၁၉.၆.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ ကုလားဘီကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါဟောပြောပွဲတွင် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက စားသုံးသူများ၏အခွင့်အရေးများ၊ တာဝန်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားမှုလက်ခံဆောင်ရွက်ပေးနေမှု အခြေအနေများ၊ စားသုံးဆီ စားသုံးမှုနှင့် ကျန်းမာရေးဆိုင်ရာဗဟုသုတများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသား/ သူ စုစုပေါင်း (၂၀) ဦး တက်ရောက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဆန်ဆိုင်ကြီးများနှင့် ဆန်ဂို‌ဒေါင်များအားကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၄ ခုနှစ်၊ ဇွန်လ၊၂၁ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ကုန်စျေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ထားဝယ်မြို့ပေါ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်အရောင်းဆိုင်ကြီးများ အားစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများရှိ/ မရှိ၊ အလေး ချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများရှိ/ မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများရှိ/ မရှိ  စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

လုံခြုံစိတ်ချရမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်စေရေး သွားရောက်တွေ့ဆုံအသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၇-၆-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဒေသတွင်းစားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကိတ်နှင့်ဆီကြော်မုန့်၊ အီဆိမ့်ကွင်း၊ ငါးလေးနှမ်းကပ်ကြော်လုပ်ငန်းရှင်များထံသို့  သွားရောက်အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒုတိယခရိုင်ဦးစီးမှူး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များ၊ လုပ်ငန်းရှင်များကလည်း မိမိတို့ထုတ်လုပ်သောကုန်စည်အမျိုးအစားအလိုက် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များအတွက် စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်းဆွေးနွေးခဲ့ပါသည်။

       စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက မိမိတို့ဌာနမှ ဝန်ထမ်းများသည်  စားသုံးသူများအား ဟောပြောဆွေးနွေးရာတွင် စားသုံးးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ဟောပြောမှုကြောင့်  ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် တောင်းဆိုနိုင်သည့်အခွင့်အရေးများသိရှိ၍ ရိုးရှင်းမှန်ကန်စွာ သတင်းအချက်အလက်ပေးစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ အချက်အလက်များအား ပြည့်စုံစွာထည့်သွင်းဖော်ပြစေလိုကြောင်း၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေမည့်ကုန်စည်များအား တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ရောင်းချခြင်းမပြုရန်၊  စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်များပိုမိုရရှိလာနိုင်ပြီး စားသုံးသူများကလည်း လုံခြုံစိတ်ချရသော ကုန်စည်များအား ရွေးချယ်ဝယ်ယူသုံးစွဲလာနိုင်၍ နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူးများရရှိစေလိုကြောင်း၊ အခက်အခဲများကိုလည်း ရင်းနှီးပွင့်လင်းစွာပြောပြစေလိုကြောင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ “ ပန်းကံ့ကော် ” ပေါင်မုန့်/ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဈေးနှုန်း၊ ဈေးကွက်များမေးမြန်းဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည်  ပြည်တွင်း MSMEs ကဏ္ဍလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ (၁၇-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ “ပန်းကံ့ကော်” ပေါင်မုန့်/ကိတ်မုန့်၊ ဆီကြော်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ပေါင်မုန့်/ကိတ်မုန့်၊ ဆီကြော်မုန့်လုပ်ငန်းရှင်သည် ယခုလုပ်ငန်းမှာ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်ကြောင်း၊ ယခင်အချိန်ထက် ရောင်းအားနည်းကြောင်း၊ ပခုက္ကူမြို့ မဈေးနှင့် ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များသို့ရောင်းချကြောင်း၊ ဆီကြော်မုန့်တစ်ဘူးလျှင် ကျပ် (၁၈၀၀)၊ ပေါင်မုန့်တစ်ဘူးလျှင် ကျပ်(၁၃၅၀)၊ ကိတ်မုန့်တစ်ဘူးလျှင် ကျပ်(၁၅၀၀)ရောင်းကြောင်း၊ ရှမ်းပြည်နယ်သို့လည်း အမှာရှိလျှင် တင်ပို့ရောင်းချကြောင်း၊ တစ်လလျှင် မုန့်ဘူး(၇၀)ပါ ပုံး(၃၀) ရောင်းချရကြောင်း၊ အလုပ်သမား(၃)ယောက်လောက်သာငှားရမ်းပြီး မိသားစုများ ဝိုင်းဝန်းလုပ်ကိုင်ကြကြောင်း၊ လုပ်အားခမှာ တစ်နေ့လျှင် ကျပ်(၅၀၀၀)ပေးရကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်လဝင်ငွေ ကျပ်(၅၀၀၀၀၀-၆၀၀၀၀၀)ကြားရှိကြောင်း၊ လျှပ်စစ်မီးမလာသည့်အချိန်တွင် မီးစက်ဖြင့်လုပ်ကိုင်ရသောကြောင့် အကျိုးအမြတ်နည်းကြောင်း၊ ကုန်ဈေးနှုန်းမှာ အစစအရာရာ ဈေးတက်နေသည့်အချိန်ဖြစ်၍ မိသားစုစားဝတ်နေ‌ရေးနှင့် မုန့်ဖောက်သည်များ စဉ်ဆက်မပြတ်ရရှိရေးအတွက် လုပ်ကိုင်နေကြောင်း၊ ယခင်အချိန်တွင် နယ်ပေါင်းစုံသို့တင်ပို့ရသည့်အတွက် ရောင်းအားကောင်းကြောင်း၊ ယခုလက်ရှိအချိန်၌လည်း နားရက်မရှိ လုပ်ငန်းလုပ်ကိုင်နေကြောင်း၊“ပန်းကံ့ကော်” အမှတ်တံဆိပ်ကိုလည်း ကုန်အညွှန်းအမှတ်အသားများပြည့်စုံအောင်ပြင်ဆင်ပြီး စိစစ်ခွင့်ပြုချက်ရရှိရန်အလို့ငှာ စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်လျှောက်ထားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့ ဈေးကွက်အတွင်းရှိ ရောနှောဆီနှင့် စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေဿကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ရုံးမှ ဦးကျော်ရွှေ၊ ဒုတိယကြီးကြပ်ရေးမှူးနှင့် ကံမမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် (၁၉-၆-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့မစည်ပင်ဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးအတွက် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးရောင်းချသော ဈေးဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အားလည်းကောင်း၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့၏ အမိန့်အမှတ်(၂/၂၀၂၄) ညွှန်ကြားချက်အားလည်းကောင်း၊ စားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အားလည်းကောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ရောနှောဆီအပါအဝင် စားသုံးဆီဘူးအမျိုးမျိုးတွင်ပါဝင်ရမည့် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော စားသုံးဆီများကိုသာရောင်းချစေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်ရွှေနှင့် ကံမမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် (၁၇-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆေးနှင့်ဆေးပစ္စည်းအရောင်းများသို့သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းနှင့် မိတ်ဖက်ဌာနဆိုင်ရာများသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကံမမြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များမှာ ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးနှုန်းမြှင့်ဖြန့်ဖြူးမှုမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းများမရှိစေရေး၊ မှတ်ပုံတင်ထား ခြင်းမရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများကို ရောင်းချခြင်းမပြုရန်နှင့် ဆီးချိုရောဂါနှင့်သက်ဆိုင်သည့် Mixtard-Insulin ဆေးဝါးများကို ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ဆေးရောင်းချသည့်လုပ်ငန်းရှင်များအား ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အုပ်စု(၈)အုပ်စုအနက် ကုန်စည် အုပ်စု(င)တွင်ပါရှိသည့် ဆေးဝါးနှင့်ဖြည့်စွက်စာများတွင်ပြည့်စုံစွာပါဝင်ရမည့်အချက်များ၊ ၎င်းနောက် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြထားသည့် ဆေးဝါးများကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - HighLight News